ဥယျာဉ်ခြံမြေသတ္တဝါများ၏ ထူးဆန်းသော မှော်အတတ်ပညာ (၂)

in #myanmar6 years ago

image
ဒီအပတ်ကတော့ ပျားအကြောင်းပဲ ဖြစ်ပါသည်။

ပျားပါ။ အများအားဖြင့်လူတွေကတော့ ပျားရည်ထုတ်ပေးတဲ့ သတ္တဝါလို့ သိကြပါတယ်။ သူ့ကတော့ ကျွန်တော်တို့ ဥယျာဉ်တွေမှာ အတွေ့များတဲ့ သတ္တဝါပါပဲ။ ပျားသည် ကျနော်တို့ လူသားတွေနှင့်ရင်းနှီး ကျွမ်းဝင်မှု အရှိဆုံး ထူးခြားသည့် သင်္ကေတ အမှတ်အသားအဖြစ်ဆုံး သတ္တဝါတစ်မျိုးလဲဖြစ်ပါတယ်။ ကျောက်ခေတ်နှောင်းပိုင်း ခေတ်ကာလမှာ မိခင်နတ်ဘုရားမကို မိန်းမတစ်ပိုင်း ပျားတစ်ပိုင်းပါဝင်နေသော ပုံစံတစ်ခုဖြင့် ကျောက်ခေတ် သမိုင်းမှတ်တမ်း များတွင် တွေ့ရှိရပါတယ်။ ပျား၏ စွမ်းရည်သည် ပျားရည်ထုတ်လုပ်ရန်ဖြစ်ပြီး ထိုပျားရည်ရရှိရန်အတွက် ပျားဘုရင်မကြီး၏ တန်ခိုးနှင့်အသုံးပြုမှရရှိမည်ဖြစ်ပါတယ်။ ပျားဘုရင်မကြီး၏တန်ခိုးသည် ထို ရရှိလာသောပျားရည်သာမက ထိုပျားအုံကြီးအတွက်ကြီးအကဲသော်လည်းကောင်း ထိုပျားအုံကြီးအတွက်မွေးဖွားသန့်စင်ပေးသူဖြစ်ခြင်းကြောင့်လည်းကောင်း ဆက်နွယ်မှုရှိပါတယ်။ ဆိုလိုသည်မှာ ပျားတစ်ကောင်ဖြစ်လာရန်အတွက် ထိုပျားဘုရင်မကြီး ၏ သန္ဓေမှသာလျှင် ပျားအုပ်ကြီး၏အသက်ဖြစ်တယ်။ ထို့ကြောင့် ယခင့်ယခင် ကျောက်ခတ်နှောင်းကာလတွေမှာ မိခင်နတ်ဘုရားမကြီးကို ပျားနှင့် မိန်းမတစ်ပိုင်းထားရှိထားခြင်းမှာလည်း ထိုသဘောအတိုင်းပင်ဖြစ်ပါတယ်။ လူသားသန္ဓေရရှိရန် ပထမဦးဆုံးလိုအပ်သည်မှာမိခင်တစ်ယောက်၏ အားအင်ပင်ဖြစ်တယ်။ ထို့အတူပဲပျားအုံတစ်ခုမှာရှိနေသော ပျားများအားလုံး၏ မူလအရင်အမြစ်သည် ပျားဘုရင်မကြီး၏ ထုတ်လုပ်မှုနှင့် ပျားဘုရင်မကြီး၏ မွေးမြူသန့်စင်ပေါ်တွင် မူတည်နေပါတယ်။

image

ဒါကြောင့်မို့ ပျားအုံတစ်ခု၏ အမိန်အာဏာအားလုံးတို့သည် ပျားဘုရင်ကြီးပေါ်တွင် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ပျားရည်သည် ရှေးဟောင်း ကမ္ဘာလောကမှာ စကြဝဠာ ဆိုင်ရာ အချိုမြိန်ဆုံး အရာတစ်ခုဖြစ်ပြီး မပုပ်မသုံးနိုင်သောအရာတစ်ခုဖြစ်တယ်။ တကယ်တော့ အီဂျစ်နိုင်ငံမှာ ပျားရည်ကို အလောင်းများမပုပ်မသိုးအောင်စီရင်ရာတွင်အသုံးပြုပါတယ်။ ပျားရည်ကို အလောင်းများမပုပ်မသိုးအောင် စီရင်ထားရှိသော်လည်း ထိုအလောင်းများတွင် ပျားရည်ထည့်သွင့်းခြင်းမှာလည်း နောင်ဘဝတွင် ချိုမြိန်သောဘဝနှင့် ပြန်လန်းဆန်းသောဘဝများရရှိရန်အတွက် သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။

image

ပျားရည်ဟာ မှော်ပညာအတွက်မှာလည်း အရာနှစ်ခုကို အတူတကွရှိနေစေဖို့အတွက် အသုံးပြုပါတယ်။ အချို့ မှော်ပညာဆိုင်ရာတွေမှာ အတွဲနှစ်တွဲအား တမ်းတမ်းစွဲဖြစ်နေကြစေရန် အသုံးပြုပါတယ်။ ရှေးဟောင်းရိုးရာပညာရပ်များဖြစ်သည့် ဟူးဒူးပညာရပ် နှင့် ရှာမန်ပညာများတွင် ပျားရည်ကို မိမိချစ်မြတ်နိုးသည့်သူက မိမိအပေါ် အမြဲတမ်း စိတ်ခံစားချက်ရောက်စေသည့်နေရာတွင် ပျားရည်ကို အသုံးပြုပါတယ်။ ပျားရည်က အပြင်မှာ ချိုသလိုပဲ ဘဝချိုချို ဖြတ်သန်းဖို့အတွက် အဆင်ပြေစေဖို့ အစီအရင်များတွင်လည်း ပျားရည်ကို အသုံးချတာများပါတယ်။ သချိုင်းရှိ အုတ်ဂူများပေါ်တွင်လည်း ပျားရည်ပုလင်းအား ချန်ထားခဲ့သည့် အစဉ်အလာလည်းရှိပါတယ်။ အချို့သော ရိုးရာအစဉ်အလာတွေမှာ နွားနို့ နှင့် ပျားရည်ကို နတ်ဘုရားများအား ပူဇော်ပသဖို့နေရာမှာ အသုံးပြုပါတယ်။

image

အဓိကအားဖြင့် ပျားရည်က အာဖရိုဒိုက် လို့ခေါ်သည့် အလှအပ နှင့် အချစ်နတ်ဘုရားမကို ပူဇော်တာဖြစ်ပါသည်။

image

ဟိန္ဒူဘာသာဝင်တို့၏ နဝ်​ရာသ်​ရီး ပွဲ​တော်​အတွင်း ဒုတိယနေ့မှာ ဒူရ်ဂါးမယ်တော်ကြီး ရဲ့ ကိုယ်ပွားမယ်တော်ဖြစ်သည့် ဒုတိယ​နေ့ ဗြဟ္မကျာရိဏီ မယ်​​တော်​အား ရှိခိုးပူ​ဇော်​သည့်​အခါ သကြားခဲ.သကြား. ပန်​ကျာမရိသ်​( နွားနို့.ဒိန်​.​ထောပတ်​.ပျားရည်​.သကြား ငါးမျိုး​ရောစပ်​ထားသည်)​အား ဆွမ်း​တော်​အဖြစ်​ တင်​လှူရပါမယ်။။ ဤကဲ့သို့ တင်​လှူပါက အသက်​ရှည်​ကျန်းမာခြင်း၏ အကျိုး​ကျေးဇူးကို ခံစားရရှိ​စေပါသည်​။ ​ခြောက်​ရက်​​မြောက်​​နေ့ ကာသ်​ယာယနီး မယ်​​တော်​အား ရှိခိုးပူ​ဇော်​သည့်​အခါ ပျားရည်​ အား ဆွမ်း​တော်​အဖြစ်​ တင်​လှူရပါမယ်။ ဤကဲ့သို့ တင်​လှူပါက ဓနဥစ္စာများ တိုးပွားရရှိ​စေနိုင်​သည့်​ အရည်​အချင်းရရှိ​စေသည့်​အပြင်​ ၎င်း၏ အကျိုး​ကျေးဇူး​ကြောင့်​ ပူ​ဇော်​သူ၏ ရုပ်​သွင်​သည်​လည်း မင်္ဂလာ ကျက်​သ​ရေအ​ပေါင်းတိုးတက်​​ကောင်းမွန်​ပြီး ရုပ်​ရည်​​ချော​မော​စေပါတယ်တဲ့ဗျာ။

ယဉ်ကျေးမှုတွေ ဒဏ္ဍာရီများစွာဖြတ်သန်းပြီးသောအခါ ပျားသတ္တဝါသည် အလျံပယ် ပေါများခြင်း လူမှုရေးရယဆက်ဆံမှုရှိခြင်း မျိုးပွားခြင်းဆိုင်ရာ သင်္ကေတအဖြစ်သတ်မှတ်ထားခဲ့ကြသည်။ မိခင်နတ်ဘုရားမ၏ တဖန်ပြန်လည်ရှင်သန်ခြင်းတန်ခိုးတော်နှင့် ချိတ်ဆက် ဆက်နွယ်မှုရှိသည့်အတွက် ပျားသတ္တဝါသည် ဘဝတသ်ခုလျင်လျင်မြန်မြန်ကြီးထွားခြင်းအတွက် ကိုယ်စားပြုပါသည်။ နတ်ဘုရားမဖြစ်သော Artemis (အာတီမိတ်) ၊ ဒီမေတာ တို့၏ ကျောင်းတော်များကိုထိန်းသိမ်းစောင့်ရှောက်ရသည့် ဂိုဏ်းချုပ်များ(နန်းထိန်းများ) ကို Melissae (မယ်လီစပ်) ဟုခေါ်ဆိုသည် မယ်လီစပ်၏ အဓိပ္ပာယ်သည် ပျားဟုအဓိပ္ပါယ်ရပါသည်။

image

Artemis နတ်ဘုရားမသည် နေနတ်ဘုရား Apollo ၏ အမြွှာညီအစ်မဖြစ်ပြီး လကမ္ဘာ၏တစ်ခြမ်းကို ပိုင် ဆိုင် သော နတ်ဘုရားမ ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီ၏ အသက် အငယ်ဆုံးသော အတက်ကြွဆုံးသော နတ်ဘုရားမလည်းဖြစ်ပါတယ်။ သူများနှင့်မတူထူးခြားစွာ ဗြဟ္မစာရီ အပျိုစင် အကျင့် ကျင့်သူဖြစ်ပြီး ကလေးမီးဖွားသော ကိုယ်ဝန်သည် များကို စောင့်ရှောက်တတ်သည့် သဘာဝ ရှိပါတယ်။ တစ်ဖန် အချစ်ရေးတွင် ပြင်းပြ သော ရမက် နှင့် မေတ္တာ တို့ကို ပေါင်းစပ်၍တပ်မက် ယစ်မူးသော ခံစားမှုကို လူသားများအတွက် ဖန်တီးပေးတတ်သော သဘောရှိပါတယ်။ အကယ်၍ သင် မတွေ့ရှိသေးသော သင့်ဖူးစာ ရှင် နှငိ့ အိမ်မက် ထဲတွင် တွေ့ဆုံလိုပါက အဆိုပါ နတ် ဘုရားမ ကို အကူအညီတောင်းခံနိုင်ပါတယ်။ Witchcraft တွင် Outdoor love spell ဟု ခေါ်သည့် အပြင် ဘက် လရောင် ခံယူနိုင် သောနေရာတွငိပြုလုပ်သည့် ပီယအစီအရင် များတွင် ဖိတ်ခေါ်အကူအညီတောင်းခံရမည့် နတ်ဘုရားမဖြစ်ပါတယ်။

image

Demeter သည် ဇုနတ်မင်းကြီး၏ နှမတော်ဖြစ်၍ ဂရိနတ်တို့တွင် တန်ခိုးအကြီးဆုံး နတ်ဘုရားမတစ်ပါး
ဖြစ်ပါတယ်။ သူမသည် ကမ္ဘာလောကဓာတ်ကြီး သာယာဝပြောစေရန် ကောက်ပဲသီးနှံနှင့် သစ်ပင်ပန်းပင်တို့ကို ဖန်တီးစောင့်ရှောက်ပေးပါတယ်။ ထို့ကြောင့် ထိုနတ်ဘုရားမကို လယ်တောနတ်ဘုရားမဟူ၍လည်းကောင်း၊ မြေဆီသြဇာနတ်ဘုရားမဟူ၍လည်းကောင်း ခေါ်ဝေါ်ကြပါတယ်။ ငြိမ်းချမ်းရေးမှာ စည်ပင်သာယာဝပြောရေးအပေါ်၌ တည်ပေရာ ဒီမီတာနတ်ဘုရားမအား ဥစ္စာစီးပွားနှင့် ငြိမ်းချမ်းရေးကို ပေးသူဟူ၍ ယူဆကြပါတယ်။ ဒီမီတာတွင် ပါဆက်ဖိုနီအမည်ရှိ သမီးတော်ကလေး တစ်ပါးရှိပါတယ်။ လောကဓာတ်တစ်ခုလုံး စည်ပင်သာယာရေးကို ဆောင်ရွက်ရသဖြင့် ဒီမီတာမှာ အလွန်အလုပ်များလှပေရာ သမီးတော်ကလေးအား ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်ထိန်းသိမ်းခြင်း မပြုနိုင်ရှာဘဲ အပျိုဖော်တစ်သင်းနှင့် သမီးတော်အားနေစေပါတယ်။ တစ်နေ့သော် ပန်းခူးထွက်ခဲ့
သည့် ပါဆက်ဖိုနီအား အပျိုဖော်များအလစ်တွင် ယမမင်း ပလူတိုက ရထားနှင့်တင်၍ ငရဲပြည်သို့ခိုးပြေးလေရာ ဒီမီတာလည်း သမီးတော်အတွက် ရတက်ကြွယ်ကာ လောက ဓာတ်ကြီးကို သာယာအောင် မပြုစုနိုင်တော့ချေ။ ထို့ကြောင့် လောကအားလုံးမှာ အဖူးအပွင့်၊ အသီးတို့ကင်းကာ ဆိတ်သုဉ်းခြောက်သွေ့နေခဲ့ပါတယ်။ ထို့နောက် သမီးတော်ကလေးအား စကြာဝဠာတစ်ခုလုံး အထပ်ထပ်လိုက်ရှာသော်လည်း ငရဲပြည် ယမမင်းကြီး၏မိဖုရားဖြစ်နေကြောင်းကို တွေ့ရလေလေတယ်။ ဤတွင် သမီးတော်အား နတ်ပြည်သို့ ပြန်ခေါ်နိုင်ရန် ကြိုးစားပါတော့တယ်။ သို့သော် တစ်နှစ်လျှင် ၆ လမျှသာ နတ်ပြည်သို့ပြန်ရန် ယမမင်းကခွင့်ပြုပါတယ်။ တကယ်တော့ မြေကမ္ဘာကြီးက ခြောက်သွေ့ပြီး ထိခိုက်မှုရှိတာကြောင့် ဒီလိုစီစဉ်ခြင်းပါ။ ထို့ကြောင့် ဒီမီတာသည် သမီးတော်ကလေး နတ်ပြည်သို့ပြန်လာသည့် ၆ လတွင်သာ လောကကြီးကို စိမ်းလန်းသာယာအောင်ပြု၍ သမီးတော်နှင့် ကင်းကွာ နေရသည့် ၆ လမှာ ထိုင်းမှိုင်းမှုန်ပြာဝေနေခြင်းဖြစ်သည်ဟု ဂရိတို့က အယူရှိကြပါတယ်။

ဒဏ္ဍာရီ စာတမ်းများအရ ကျနော်တို့၏ ဝိဉာဉ်များသည် ပျားအသွင်ရှိနေသည်ဟုဆိုပါသည် ထိုဂိုဏ်းချုပ်များသည် ထိုပျားများကို သူတို့၏ နတ်ဘုရားမ ထံတွင် ဆုတောင်းပေးခြင်းဖြင့်နောင်ဘဝတွင် လူသားခန္ဓာကိုယ်နှင့် ပြန်လည်မွေးဖွားသည်ဟု အဆိုရှိပါသည်။ ဂမ္ဘီရ နှင့် မှော်ပညာကဏ္ဍအသီးသီးတွင်ပျားသတ္တဝါသည်ကျနော့်တို့အပေါ်တွင် ပြင်းထန်သောတန်ခိုးများ သိဒ္ဓိများနှင့် အကာကွယ်ကိစ္စများအတွက် ကြီးမားသောအားများအား ကျနော့်တို့အပေါ်တွင် ရှိနိုင်သည်ဟု သတ်မှတ်ထားကြသည်။
ပျားသတ္တဝါ၏ ဝိညာဉ် ပိုင်းဆိုင်ရာ အခြေအနေအရပ်ရပ်အားလုံးတို့သည် ပြင်းထန်သော နတ်ဘုရားများ၏ စွမ်းအင်များနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်။ ကျနော်တို့ကိုနတ်ဘုရားများနှင့်နီးစပ်နိုင်အောင် လုပ်ဆောင်ပေးနိုင်သော သတ္တဝါတစ်မျိုးလဲ ဖြစ်ပေသည်။ နတ်ဘုရားများနှင့် နတ်များအား ပိုမိုနီးစပ်နိုင်ရန်အတွက် ရှေးဟောင်းအယူအဆများအမျိုးမျိုးရှိကြသော်လည်း ယနေ့ခေတ်တွင် နတ်ဘုရားများနတ်များကို ပူဇော်ပသရာတွင်လည်း ပျားရည်ကိုကပ်လှူခြင်းသော်လည်းကောင်း ပျားရည်ဖြင့်ပြုလုပ်သော မုန့်များကပ်လှူခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်ကြသည်။ ကပ်လှူကြသည်။ မန္တာန်အစီအရင်များတွင်လည်းပျားတစ်ကောင်၏ တန်ဖိုး ပျားတကောင်၏ စွမ်းရည်သည် ကျနော်တို့ကို ဝင်ငွေများပစ္စည်းဥစ္စာများပိုမိုရရှိလာဖို့အတွက်လည်း အကူအညီအထောက်အကူပြုနိုင်သည် ထို့အတူ ပစ္စဥစ္စများအလျံပယ်ပေါများမှုအတွက်လည်း အထေညက်အကူပြုပေးနိုင်သည်။ မိသားစုများစည်းလုံးညီညွတ်မှုအတွက်လည်းအထောက်အကူပြုပေးနိုင်သည် ချစ်သူများမိသားစုများညီကိုမောင်နှမများအတွက် သံယောဇဉ်ပိုမိုဖြစ်စေရန်အတွက်လည်း အထောက်အကူပြုပေးနိုင်သည်။ ဉာဏ်ရည်တိုးတက် ကြီးပွားဖို့ရန်အတွက် ပျားအရုပ်များ ပျားအဆောင်များကိုလည်း အဆောင်ပြုလုပ်နိုင်ပါသည်။ ပျားသည် ကျွန်တော်တို့ ပြုလုပ်သည့် အစီအရင်များ ၊ ရည်ရွယ်ချက်တစ်ခုကြောင့် ပြုလုပ်ရသည့် လမ်းစဉ်များ သိဒ္ဓိစခန်းများအတွက် ကျနော်တို့အပေါ်ပြင်းထန်သောအင်အားတည်ရှိမှုများ ပေးနိုင်ပါတယ်။ ထိုအရာများဖြစ်လာဖို့အတွက်လည်း ပျားသတ္တဝါသည် အင်အားတိုးမြင့်မှုများ ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ နောက်ဆုံးအနေဖြင့် ပျားသည် နောင်ဘဝနှင့် ဝိညာဉ်များ၏ သင်္ကေဖြစ်သည်နှင့် ဆက်နှယ်မှုရှိနေခြင်းကြောင့် ပျားနှင့်ပတ်သတ်သော အစီအရင်များကို hollowing ည အချိန်တွင် ကမ္ဘာမှ ထွက်ခွာသွားသော မိမိ၏ ချစ်စွာသော ပုဂ္ဂိုလ်တဦးဦးနှင့် ဆက်သွယ်ရန်အတွက်အသုံးပြုပါတယ်။

Photo : Pinterest
MSC - 226
@လင်းညို့တာရာ
@linnhyotaryar

Sort:  

အိုး..ဆန်းကြယ်လိုက်တာ။ခုမှတွေ့ဖူးတယ်။မိုက်ချက်။

အွင်း နောက်ကျန်သေးတယ်

ဝိုး .. စုံလှပါလား အစ်​ကို​ရေ .. ဖတ်​ရင်းဖတ်​ရင်း ​ရှေး​ဟောင်း နတ်​ဘုရား​တွေကို မျက်​စိထဲ မြင်​​ယောင်​လာမိပါတယ်​ဗျာ .. ပျားရည်​ကို အမျိုးမျိုးအသုံးပြု ပုံကိုလည်း ဗဟုသုတ ရ​စေပါတယ်​ဗျာ ..

ဟုတိကံ့ဗျာ

Good tal

ပျားဘုရင်မကြီး စားသုံးတဲ့ royal jelly ကကျန်းမာရေးအတွက်တော်တော် အထောက်အကူပြုတယ်နော်။

ဟုတ်တယ် Royal Jelly က ဒီပိုစ်နြဲ့မဆိုင်လို့ မထည့်ဘဲနေလိုက်တာ

ထူးဆန်းတဲ့ ပညာ​တွေပါလား

ဟုတ်တယ်ဗျ ထူးဆန်းတဲ့ပညာအချို့တွေပဲ

ဖတ်​ရတာစိတ်​ဝင်းစားစရာ​​​ကောင်း​အောင်း​ရေးသားထာတယ်​။
ဗဟုသုတလဲရပါတယ်​။nice post bro

ကျေးဇူး

wow ! လန်းတယ်

ဟုတိကဲ့ဗျာ အဟီး

ကောင်းချက်​ဗျာ

ဟုတ်

ဆန်းကြယ်တဲ့ ပညာတွေပါဘဲ

ဟုတ်တယ် ဆန်းကြယ်တဲ့ပညာတွေပဲဗျ

မှော်ပျားရည်လေး လုပ်ပေးပါ... :D

စားမလို့လား ဟင်း ဟငိး

ဖတ်လို့ ကောင်းတယ် မှတ်လို့ လဲကောင်းတယ်ဗျ

ဟုတ်ကဲ့ဗျာ ကျေးဇူး

ထူးဆန်းတယ်နော် မျှဝေပေးတာကျေးဇူးတင်ပါတယိဗျာ