ဥယျာဉ်ခြံမြေသတ္တဝါများ၏ ထူးဆန်းသော မှော်အတတ်ပညာ (၅)

in #myanmar6 years ago (edited)

image

ပိုးစုန်းကြူးဆိုတာ အင်းဆက် သတ္တဝါဖြစ်ပါတယ်။ ပိုးတောင့်မာ (beetle) အမျိုးအစားဖြစ်ပြီး Lampyridae မျိုးနွယ်စုတွင် ပါဝင်ပါတယ်။ ပိုးစုန်းကြူးအများစုက ပျံနိုင်ပြီး အများစုကတော့ glowworm လို့ သိကြပါတယ်။

image

ပိုးစုန်းကြူးမျိုးနွယ်စိတ်ပေါင်း ၂၀၀၀ ကျော်ရှိပြီး ပူနွေးတဲ့ နေရာမျိုးစုံမှာ ရှင်သန်နေထိုင်ကြပါတယ်။ နွေရာသီရဲ့ ညနေခင်းတွေမှာ ပျံသန်းပျော်မြူးကြတာကို တွေ့မြင်ကြရပါတယ်။ ပိုးစုန်းကြူးတွေဟာ စိုထိုင်းမှုကို နှစ်သက်ပြီး အာရှနှင့် အမေရိကတွေရဲ့ ပူနွေးတဲ့ ဒေသတွေမှာ နေထိုင်တတ်ကြပါတယ်။ ခြောက်သွေ့တဲ့ ဒေသတွေမှာဆိုရင် စိုစွတ်နေတဲ့ နေရာတွေမှာ ပိုးစုန်းကြူးတွေကို တွေ့ရပါတယ်။

image

လူတွေက ပိုးစုန်းကြူး ဆိုတဲ့ နာမည်ကို ကောင်းကောင်းသိကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပေါ်က အလင်းရောင် ဘာကြောင့်ထွက်ရသလဲဆိုတာကိုတော့ မသိကြပါဘူး။ ပိုးစုန်းကြူးတွေရဲ့ ဝမ်းဗိုက်အောက်မှာ အလင်းထွက်တဲ့ အောင်ဂင်များ ရှိပါတယ်။ ပိုးစုန်းကြူးတွေဟာ အောက်စီဂျင်ကို စုပ်ယူပြီး စပါယ်ရှင် ဆဲလ်တွေထဲမှာ ဓာတုဓာတ်ပြုမှုတွေဖြစ်ပြီး luciferin လို့ ခေါ်တဲ့ ဓာတုပစ္စည်းထွက်လာပါတယ်။ ဒီ luciferin က အလင်းထုတ်လွှတ်နိုင်ပေမယ့် အပူတော့ မထွက်ပါဘူး။

image

ပိုးစုန်းကြူးတွေဟာ မျိုးနွယ်စု အလိုက် အလင်းထုတ်လွှတ်ပုံ မတူကြပါဘူး။ မှိတ်တုတ် မှိတ်တုတ် လုပ်နေတာဟာ မိတ်လိုက်ဖို့ အဖော်ရှာနေကြတာပါ။ ပိုးစုန်းကြူးတွေရဲ့ အလင်းကို လင်းလိုက် မှိတ်လိုက်ဖြစ်အောင် ဘယ်လိုလုပ်သလဲဆိုတာကို သိပ္ပံပညာရှင်တွေကတော့ နားမလည်နိုင်သေးပါဘူး။ ပိုးစုန်းကြူးတွေဟာ အလင်းရောင် မှိတ်တုတ် မှိတ်တုတ် ဖြစ်အောင်လုပ်ပြီး အခြားသတ္တဝါတွေကို ခြောက်လှန့်တဲ့ ခုခံကာကွယ်ရေးနည်းအဖြစ်လည်း သုံးပါသေးတယ်။ အမတွေဟာ ဥတွေကို မြေကြီးပေါ်မှာ ဥတတ်ပြီး ဥမှ ပေါက်လာတဲ့ သားလောင်းတွေကို အရွယ်ရောက်ပြီး ပိုးစုန်းကြူးတွေက ပန်းဝတ်မှုန်ဝတ်ရည်တွေကို အကုန်မစားပဲ သားလောင်းတွေကို ကျွေးပါတယ် တဲ့။

image

ထူးခြားခြင်းများစွာဖြင့်ဥယျာဉ် ခြံမြေထဲမှာ အတောင်ပံပါသော သတ္တဝါတသ်မျိုးရှိပါသေးတယ် အဲ့သတ္တဝါကား ပိုးစုန်းကြူးဖြစ်ပါတယ်။ သူ့ကိုအလင်းရောင်ထွက်သောပိုးကောင်ငယ်ဟု သိကြပါတယ်။ သူ၏ မှိတ်တုပ်မှိတ်တုပ် အလင်းတန်းများသည် မှော်ပညာ ရပ်ဝန်းများစွာတွင် အလင်းထွင်းရန်နှင့် အလင်းဆောင်ဖို့အတွက် မှော်မီးများဖန်ဆင်းဖို့အတွက် များစွာ အသုံးဝင်လှပါတယ်။ မာယာလူမျိုးစုတွေရဲ့ ဒဏ္ဍာရီမှာကျတော့ ပိုးစုန်းကြူးတွေဟာကြယ်ကြွေခြင်းမှ ဖြစ်ပေါ်လာသောသတ္တဝါများဟု မှတ်ယူထားကြပါတယ်။ Aztec ဒဏ္ဍာရီ များတွင် မီးလုံးများကိုဖန်ဆင်းသော မီးတောက် စုန်းများ၏ သေခြင်းမှ ဖြစ်ပေါ်လာသည်ဟု ဆိုထားပါတယ်။ အပါချီတို့၏ ရိုးရာမှာ ကမ္ဘာကြီးရဲ့ မီးများ၏ ဗဟိုချက် သည် ပိုးစုန်းကြူးများ၏ မီးတောက် များမှ စတင်သည်ဟုယုံကြည်ကြပါတယ်။ ထိုသည်မှာ ကမ္ဘာဦးမီးများသည်ပိုးစုန်းကြူးများမှ စတင်သည်ဟုဆိုခြင်းဖြစ်ပါတယ်။ ပိုးစုန်းကြူးဟာ ပုံရိပ်ယောင်လောကထဲမှာ လမ်းပြောက်နေခြင်းများစွာကိုလည်း လမ်းမှန်ရောက်ရှိအောင်ပြုလုပ် ပေးနိုင်စွမ်းလဲရှိသလို မှားယွင်းနေသော အယူ အဆများ ရှိနေ ပါကလည်း ထိုမှားယွင်းနေသော အယူအဆမှ မှန်ကန်သောအယူအဆ ဖြစ်နေဖို့လည်း ကူညီဖာထေးပေးနိုင်ပါတယ်။ မျှော်လင့်ချက်များကို အတည်ပြုချက်များ ထားရှိ ပြီးတော့ သူတို့ဟာ ဂိုက်လိုင်းတစ်ခုအနေနဲ့ လမ်းညွှန်သူ တစ်ခုအနေနဲ့ သူတို့ကို မှတ်ယူလို့ရပါတယ်။

image

အချို့သော မန္တာန်များစွာတွင် ပိုးစုန်းကြူးများဖြင့်မကောင်းသော ကံတရားများကို ဖယ်ထုတ်ဖို့ရန်နှင့်သက်ရောက်မှု ပြင်းထန်သော အမှောင်စွမ်းအင် အားဖယ်ရှားဏန် ပိုးစုန်းကြူးကိုအသုံးကြပါတယ်။ ကျွန်ုပ့်၏ ခန္ဓာကိုယ်မှာတည်ရှိသော အချို့စွမ်းအင်များကို ထိန်းချုပ်ဖို့ရန်အတွက် လည်း ကူညီပေးတတ်ပါတယ်။ လူတိုင်းမှာ မတူညီသောစွမ်းအားများဖြင့် မွေးဖွားလာခြင်းကြောင့် ထိုစွမ်းအင်များကို ထိန်းသိမ်းဖို့ရန်အတွက် အချို့လူတွေမှာ နည်းလမ်းမသိမှုတွေများစွာရှိတတ်ပါတယ်။ မိမိတို့၏ စွမ်းအင်ကို ဘယ်လိုအသုံးချမယ် မိမိစွမ်းအင်ကို ဘလိုပုံဖော်ရမယ် မိမိတို့စွမ်းကိုက ဘလိုမျိုးပြင်းထန်အောင်လုပ်ရမယ်ဆိုတာနဲ့ပတ်သတ်ပြီး ကျနော်တို့ဟာပိုးစုန်းကြူးများကို ဆင့်ခေါ်ခြင်း၊ ပိုးစုန်းကြူးများရှိသောနေရာများတွင် ပြုလုပ်ခြင်းဖြင့်ထိုအရာများအားအောင်မြင်အောင်ပြုလုပ်နိုင်ပါတယ်။ ထပ်တိုးအနေနဲ့ပြောချင်တာကတော့ ပိုးစုန်းကြူးတွေဟာ ကျနော်တို့၏ တီထွင် ဖန်ဆင်းနိုင်စွမ်းထက် ကြီးမားသောအရာများကို ကျွန်ုပ်တို့ထံသို့ပေးနိုင်စွမ်းရှိပါတယ်။

Photo From :

(1) www.wikipedia.com
(2) https://tinyurl.com/yamv3rv7
(3) Pinterest
(4) https://tinyurl.com/y8jp4qhw
(5) https://tinyurl.com/ycypbumu

MSC - 226
@လင်းညို့တာရာ
@linnhyotaryar

Sort:  

ပိုးစုန်းကြူးတဲ့ နာမည်မှာကိုက '' စုန်း''ပါနေတယ် 😁

ပိုးစုန်းကြူးလေးတွေကိုချစ်သလားကွယ်

ကျနော်ရောကဲ

ဗဟုသုတရတယ်ဗျာ..

ကျေးဇူးပါဗျ

လမသာတဲ့ ညအခါမှာ ပိုးစုန်းကြူးလေးတွေ အုပ်စုဖွဲ့ ပျံသန်းနေကျတာ အရမ်း ရိုမက်တစ် ဖြစ်တယ်

ဟုတ်ပဗျာ

very nice

ကျေးဇူး

စိတ်ဝင်စားစရာ

ဟုတ်ကဲ့ဗျာ

ဟုတ်ကဲ့ဗျာ

wow , ခုမှသိသွားတော့သည်

ပိုးစုန်ကြူးလေး

အဲ့လိုလေးပြောတော့ ငါးကလေးတရုတ်သိုင်းကားထဲက ပိုးစုန်းကြူးနဲ့မေးခွန်းဖြေတာလေးသတိရမိတယ်

ငယ်​ငယ်​က ပိုးစုန်းကြူး ​လေး​တွေဖမ်းပြီး​ဆော့ဖူးတယ်

သီချင်းတွေထဲလည်း သူပါတာပဲ ကဗျာဆန်တယ် လို့ပြောရမယ်

အဲ့အကောင်လေးတွေ သဘောကျတယ်...

ထူးဆန်းတာတွေလေ့လာခွင့်ရတာကျေးဇူးတင်ပါတယ်ဗျာ