ကျွန်​​တော်​နှင့်​ Social Media

in #myanmar7 years ago

Social media ဆိုတာကျွန်​​တော်​တို့အတွက်​ အခုဆိုမရှိမဖြ​စ်​လိုဖြစ်​လာပါပြီ။မရှိမဖြစ်​လို့​တောင်​​ပြောလို့ရနိုင်​​ပါပြီ။ကျွန်​​တော်​တို့နိုင်​ငံကိုက ဖွံ့ဖြိုးဆဲဆို​တော့ ​​နောက်​ကျမှ​ခေတ်​စားလာတာပဲရှိတယ်​။နိုင်​ငံတကာမှာ​တော့ ကျယ်​ကျယ်​ပြန့်​ပြန့်​သုံးစွဲလာခဲ့တာ ကြာပါပြီ။သတင်းစာ​တွေဟာ ​ပျောက်​ကွယ်​လုနီးပါးဖြစ်​လာပါပြီ။တစ်​ချို့နိုင်​ငံ​တွေမှာ​ပြောတာ​နော်​။မြန်​မာနိုင်​ငံအ​နေနဲ့ အသုံးအများဆုံးက​တော့Facebook ​ပေါ့ဗျာ။
ကျွန်​​တော်​ facebookကို စသုံး​တော့ 2010ဗျ။2009​လောက်​တုန်းက​တော့ Gtalkလို့​ခေါ်တဲ့ Chat box​လေးနဲ့​ပေါ့ဗျာ။ကိုယ်​​တေကအဲ့အချိန်​​လောက်​မှစသိတာကိုး။တစ်​ခြား social network​တွေကိုလည်းမသိပါဘူး။Gtalkကလိုင်းကျလို့ သုံးမရရင်​ Karoolak ဆိုတဲ့siteက​နေဝင်​ဝင်​သုံးရတာ​လေးမှတ်​မိပါ​သေး။ဘာမှမဟုတ်​ သုံးတတ်​ခါစဆို​တော့ ဟိုလူနဲ့လိုက်​​ပြော ဒီလူနဲ့လိုက်​​ပြော ​တော်​​တော်​ထူးဆန်း​နေတာဗျ။အဲ​နောက်​​တော့ facebookဆိုတာ​လေးသိလာတယ်​။ သူများသုံးတာ​တွေ့တာ ပုံ​တွေလည်း​ပေါ်တယ်​၊ chatလို့လည်းရတယ်​ ဆို​တော့ accountလိုချင်​သွားတာ​ပေါ့။ ကိုယ်​​တေအဲ့တုန်းက ဘယ်​ဖွင့်​တတ်​လိမ့်​မတုန်း။သူများဆီက ​အောက်​ကျ​နောက်​ကျခံ အတင်းလိုက်​​တောင်း အ​ကောင့်​​လေးရဖို့ကို။ဟော ရလာ​တော့သုံးလိုက်​တာဆိုတာ ​နေ့မအား ညမနား။အဲ့တုန်းကသိပ်​လည်းတွင်​ကျယ်​​သေးပုံမရဘူးဗျ။ဘာမှသိပ်​မရှိတာကို သုံး​နေရတာ။ကောင်​မ​လေး ​​ချောတာ​တွေရ့င်​ လိုက်​add ။Addတာများ​တော့ ပိတ်​ခံရ။သတင်း​တေ့ဘာ​တွေဆိုတာလည်းသိပ်​မ​တွေ့ရသလိုပဲ။ကိုယ်​ပဲစိတ်​မဝင်​စား​သေးလို့လား​တော့မသိ။Facebookကို
Mark Zuckerberg တည်​​ထောင်​ခဲ့တာ February 4ရက်​ 2004ခုနှစ်​​နော်​။ကိုယ်​​တေစသုံးတာ 2010အကုန်​ပိုင်း​လောက်​မှ။ဒါ​တောင်​ အဲ့ဒီအချိန်​က ဒီမှာfacebook ဆိုတာမဖွံ့ဖြိုး​သေးဘူး။လူတိုင်းမသိဘူး။လူတိုင်းမသုံးတတ်​ဘူး။ ကိုယ်​​တွေစသုံး​တော့ အသုံးပြုသူ သန်း500​ကျော်​​နေပြီ။နောက်​​တော့ account​ဖွင့်​တတ်​လာ​တော့ သူများ​တောင်​ဖွင့်​​ပေးလိုက်​​​သေး။အခုဆို Social media​တွေမှအများကြီးပါ။ အသုံးအများဆုံး​​​တွေက​တော့ ကျွန်​​တော်​သိသ​လောက်​ Facebook, Google+, Instagram, LinkedIn, Pinterest, Reddit, Snapchat, Tumblr, Twitter, WeChat, Weibo, WhatsApp, Wikia, You tubeနဲ့ Baiduတို့ပါ။ တစ်​ခုစီမှာ User​ပေါင်း 100millionsအနည်း​ဆုံးရှိပါတယ်​။
နှစ်​ခုသုံးခုသုံးတဲ့သူ​တွေလည်းရှိတာ​ပေါ့​နော်​။ကျွန်​​တော်​ဆို Facebookရှိတယ်​။Google+ရှိတယ်​။Instagramရှိတယ်​။Linkedinရှိတယ်​။Twitterရှိ​တယ်​။WeChatရှိတယ်​။Whatsappရှိတယ်​။You tubeရှိတယ်​။ ဟီး..အကုန်​နီးပါးပဲ​နော်​။Linkedinဆို အလုပ်​​တွေဘာ​တွေရှာလို့ရတယ်​​လေ။ကိုယ်​​တွေက facebookကိုအရင်​သိတာ Linkedinက facebookထက်​​တောင်​အသက်​ကြီး​သေး။2003 ခုနှစ်​ Mayလက စ​ပေါ်တာတဲ့။အခုဆို Steemitတို့ Empowrတို့ Futurenetတို့ ​နောက်​ထပ်​အများကြီးပါ။
သာမန်​User​တွေအ​နေနဲ့အချိန်​တိုအတွင်း Facebookနဲ့ Steemitမှာ ဒီအတိုင်း​Postတင်​တာ ဘာမှမကွာပါဘူး။ဘာလို့လဲဆို​တော့ စစတင်​ချင်းမှာ Steemitကpostလည်း0.နောက်ကဂဏန်းသေးလောက်​သာရနိုင်​ပါတယ်​။ဒါ​ပေမယ့်​ကြာလာတဲ့အခါမှာ​တော့ 0.​တွေစုပြီး Steem power​တွေများလာပြီး Followerတိုးလာတာနဲ့ ရာဂဏန်းအထိရနိုင်​ပါတယ်​။ဒါ​ပေမယ့်​အခု steemit beginner​တွေဟာ Senior​တွေရဲ့ အကူအညီနဲ့ Promotionတင်​နိုင်​ကာ စစချင်းမှာတင်​ပဲ 7.​လောက်​ကစရ​နေပါပြီ။Facebookမှာလည်း မရဘူးမ​ပြောဘူး​နော်​။ရတယ်​ လုပ်​တတ်​ရင်​​ပေါ့။လုပ်​​နေကြတဲ့သူ​တွေအများကြီးပါ။Page​ထောင်​ပြီး​Page ရောင်းစားတဲ့သူ၊ Like​ရောင်းစားတဲ့သူ၊ Online Shopping​လုပ်​တဲ့သူ၊ Exchangeလုပ်​တဲ့သူ၊ တစ်​ခြား အ​ရောင်းအဝယ်​လုပ်​တဲ့သူ​တွေအများကြီးပါ။ ​နောက်​လုပ်​စားတာ တစ်​မျိုးရှိ​သေးတယ်​ဗျ။ခဏ ခဏမြင်​​နေကြရတဲ့ လိမ်​စားတာ​လေ။ခုချိန်​ထိလည်း အလိ​မ်​ခံ​နေကြရတုန်းပဲ။Facebookက လိ​မ်​စားသူ​တွေအတွက်​ စားကျက်​ကြီးဖြစ်​လို့။ အရင်းအနှီးမလိုဘူး​လေ လိမ်​စားတာက။တစ်​ခြား ​အ​ပေါ်က​ပြောခဲ့တာ​တွေက အရင်းအနှီးလို​တယ်​​လေ။Social mediaတိုင်း​ဟာ ​ကောင်းကွက်​​တွေရှိသလို ဆိုးတာ​တွေလည်းရှိတာသဘာဝပါပဲ။Detail အမှန်​​တွေမသိရ​တော့ ယုံကြည်​ဖို့ခက်​ခဲပါတယ်​။သတင်း​တစ်​ခုတင်​ပြီ ဆို​ရင်​အဲ့ဒီသတင်းကို​တော့သိရပါတယ်​။ဒါ​ပေမယ့်​ မှန်​လား မှားလားဆိုတာမသိရပါဘူး။ချက်​ချင်း​ပေါ့။နောက်​​တော့
မှားတယ်​ဆိုရင်​ မှား​ကြောင်းတန်​ပြန်​​ရေးတဲ့Post​တွေကို အ​ထောက်​အထားနဲ့​တွေ့ရချင်​​တွေ့ရနိုင်​ပါတယ်​။ဒါ​ပေမယ့်​ အမှားကြီး​တော်​​တော်​ပျံ့နှံ့ပြီးမှပါ။ လူ​တော်​​တော်​များများက အမှားကြီးကိုယုံလို​က်​ကြတာများတယ်​။အဲ့ဒီလိုနဲ့ Social Mediaဆိုတာ လူတစ်​ချို့ရဲ့အသုံးချခံဖြစ်​လာပါတယ်​။အဲ့လိုဆို မသုံးရ​တော့ဘူးလားဆို​တော့ မရှိလို့လည်းမဖြစ်​ပြန်​ပါဘူးဗျာ။...
@linnkhant42(Kaung Khant Nyein)
image

Sort:  

အရင်​စ​သုံးလာ​တော့ အစ်​ကို​ပြောသလိုပဲ တိုင်​ပတ်​​နေတာပဲ အခု ​အစ်​ကိုသုံး​နေတဲ့​ဆော့ဝဲလ်​အများ​ကြီး​ရဲ့အ​ကောက်​​တွေ မရှိဘူး မသုံးတတ်​လို့ ဟဲဟဲ

ဒီလိုပဲ ဖွင့်​ထားတာပါဗျာ :-)

အရမ်းကောင်းတယ် ညီ

ကျေးဇူးပါ အကို

Social media က ဒီနေ့ခေတ်မှာ အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍမှာ ရောက်နေပါပြီ။ သုံးတတ်တဲ့သူအဖို့ အကျိုးရှိသလို ၊ မသုံးတတ်တဲ့သူအဖို့တော့ အကျိုးမရှိဘူးပေါ့။

ဒါ​ပေါ့ဗျာ

Great post and very informative. @linnkhant42 Have learnt a lot from it.

Social mediaတွေက သုံးတတ်ရင် အကျိုးရှိပါတယ်

စာကိုအပြင်လိုက်မရေးနဲ့၊ စာပိုဒ်ခွဲရေးပါ။ Tag တပ်တာကို Tag label မှာာကြည့်ပါ၊ မရှိတဲ့Tag တွေတပ်ရင် အပိုပဲ ခေါင်းစဉ်မရှိတော့ ပျောက်သွားမှာပဲ။ သတ်ပုံလေးတွေဂရုစိုက်ပါ။ ကျေးဇူးတင်ပါတယ်။