ကျွန်တော်နှင့် တစ်ထောင်တန် -3

in #myanmar4 years ago

ကျွန်တော်နှင့် တစ်ထောင်တန် -3

ကျွန်တော့် မှာ ဗိုလ်ချုပ် ပုံပါ ပိုက်ဆံလေးတွေ ထွက်တော့ ပျော်ရတာပေါ့ဗျာ။ သူများတွေနဲ့တန်းတူ ကိုင်ချင်တာပဲလေ ဒါပေမယ့် လူတစ်ယောက်မှ တစ်ထောင်တန် ဗိုလ်ချုပ် ငွေစက္ကူ ရမယ် ဆိုလို့ သွားမတိုးတော့ဘူး နောက်မှပဲ ကိုယ့်ဆီ ရောက်ခဲ့မှာပါလေ ဆိုတဲ့အတွေးတွေနဲ့ပေါ့ဗျာ။

6mut19q2z0.jpg

‌ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်တော့် သူငယ်ချင်း 2 ယောက် ဆိုင်မှာ ဘီယာ လာသောက်ကြတယ်။အေးအေးဆေးဆေး စကားတွေ ပြောလို့ပေါ့ဗျာ
သူတို့က မြို့ပေါ်မှာ စပါးပွဲစား လုပ်နေကြတာလေ။
ခုလည်း ကိုယ်တွေ ရွာဖက် စပါး လာတိုက်ရင်း
ဆိုင်ကို ဝင်လာကြတာပေါ့ဗျာ။

ပြန်ကာနီးတော့ သူငယ်ချင်း ဘယ်လောက်ကျသလဲ ဆိုတော့ ကျွန်တော်က 2000 ပဲ ကျတယ်ဆို့တော့
သူတို့က တစ်သောင်းတန် ထုတ်ပေးတယ်။
ကျွန်တော်လည်း ငွေ 8000 အမ်းပေးပြီးပေမဲ့ သူတို့က မပြန်သေးဘူး။
ဒီကောင် ရွာမှာနေပြီး အတယ်မောင် ဒီကောင်လည် တယ် မှတ်နေတာ ဆိုမှ ကျွန်တော် ဗြန်းကနဲ သတိရသွားတယ်။

n0x0td98t3.jpg

ခုနက တစ်သောင်းတန် ဆိုတဲ့အတွေး နဲ့ သူတို့ ပေးထားတဲ့ ပိုက်ဆံ ကိုသွားပြန်ကြည့်လိုက်တယ်။
လား လား ပိုက်ဆံက အပြာရောင် တစ်ထောင်တန် ဖြစ်နေတယ်။ သူပေးတာက ဗိုလ်ချုပ်ပုံ ပါတာကို အောက်မှာ ထားပြီး ပေးတော့ သ‌ေဘာ မထားမိဘူး
အတွေးထဲမှာ အပြာရောင် ပိုက်ဆံက တစ်သောင်းတန် လို့ပဲ စိတ်ထဲမှာ မှတ်မိနေတော့တာ ဆိုတော့လေ။

ဆက်သေးရန် -

MSC 045
@lwanwai