Buyer & Seller

in #myanmar6 years ago (edited)

ဈေးရောင်းသူ နှင့် ဈေးဝယ်သူ

Hello , all steemit member .

ဈေးရောင်းခြင်း ဈေးဝယ်ချင်း ဆိုတာမှာ အတတ်ပညာ လိုပါသလား
ဟုဆိုလျင် လိုသည်ဟု ပြောရမည် ဖြစ်ပါသည်

တစ်ချို့ က ဆိုကြလိမ့်မည် ဈေးရောင်းခြင်းမှာသာ အတတ်ပညာ လိုအပ်
မည့် ဖြစ်သော်လည်း ဈေးဝယ်ခြင်း မှာ တော့ ပိုက်ဆံ ရှိလျင် ဈေးဝယ်လို့
ရသည်ဟု ဆို လျှင်တော့ မှာပါလိမ့်မယ်
ဈေးဝယ်ခြင်းမှာလည်း ဈေးဝယ်အတတ်ပညာ လိုအပ်ပါသည်

ဈေးရောင်းသူ ကလည်း ကိုယ်ရောင်းနေသော ပစ္စည်း ဝယ်သွားအောင်
စိတ်ဝင်စားအောင် ရောင်ထွက်အောင် ပြောတတ်ဖို့ လိုသလို

ဈေးဝယ်သူ ကလည်း ကိုဝယ်ယူမည့် ပစ္စည်း ၏အရေအသွေး ကောင်းခြင်း
မကောင်းခြင်း ဈေးတန်မတန် သိရှိဖို့ရာ လိုပါသည်

image

ကျမ ၏ ဆိုင်တွင် ကောင်တာထိုင်နေ ချိန်များ၌ ဆိုင်မှ ဝန်ထမ်းကလေးများ
နှင့် ဝယ်သူ အကြား အပြန်အလှန်ပြောနေကြသည့် နေ့စဥိနီးပါး ကြားခဲ့ရ
သော ဈေးရောင်း ဈေးဝယ် စကားသံ လေးများ ကတော့

ဆိုင်ဝန်ထမ်း … မင်္ဂလာပါရှင် ဘာများအလိုရှိပါသလဲ

ဝယ်သူ … ဟေ့ ကောင်မလေးတွေ ငါ့ ကို ကဒ် တစ်ကဒ်လောက်

ဆိုင်ဝန်ထမ်း … ဟုတ်ကဲ့ ဘာကဒ်လည်းရှင့်

ဝယ်သူ … ဟာ ကဒ်ပါဆိုမှ phone ကဒ်ပေါ့ဟ

ဆိုင်ဝန်ထမ်း … ဟုတ်ကဲ့ ဖုန်းကဒ်လား ငွေဖြည့်ကဒ်လား မေးတာပါ

ဝယ်သူ … ငွေဖြည့်ကဒ် ဟေ့

ဆိုင်ဝန်ထမ်း …ဟုတ်ကဲ့ ဘာငွေဖြည့်ကဒ်လည်းရှင့်

ဝယ်သူ… ၁၀၀၀ တန်ပေး

ဆိုင်ဝန်ထမ်း … ဟုတ်ကဲ့ telenor လား ooredoo လား mptလား
mec လား mytel လား မေးတာပါရှင့်

ဝယ်သူ … telenor

ဆိုင်ဝန်ထမ်း … ဟုတ်ကဲ့ ( ဒီမှာ ) ရပါပြီရှင့်

ဝယ်သူ … ဟူး ငွေဖြည့်ကဒ် တစ်ကဒ် ဝယ်ရတာ မောလိုက်တာ ဘာတွေ မေး နေမှန်းမသ်ဘူး ဒီဆိုင် ဆက်ဆံရေး မကောင်းဘူး သွားမယ်

ဆိုင်ဝန်ထမ်း … သြော် ဦးလေးရယ် စလာကတည်းက telenor ၁၀၀၀ တန်
ငွေဖြည့်ကဒ် တစ်ကဒ် ပေးပါ လို့ပြောလိုက်ရင် ပီးရော

ကျမ ကတော့ နိစ္စဓူဝ ကြားနေရသော ရောင်းသူဝယ်သူ စကားသံ ကို
နားထောင် ရင်း ပြုံးနေ မိပါတော့ သည်

@mamamyanmar

Sort:  

လိုရင်းကလွယ်လွယ်လေးကိုရှင်းရတယ်နော်

ဟုတ်ပါတယ် ဆို

ရှင်းရှင်းလေးကို ရှင်းနေရတော့ မောတာပေါ့သမီးရေ

ဟုတ်ပါတဟ်

ဖြစ်တတ်ပါတယ်ဗျား

အေးဆို

This post has received a 2.05% upvote from thanks to: @mamamyanmar.
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt