Puppy လေးတစ်ကောင်မွေးမည်ဆိုလျှင်-1

in #myanmar6 years ago

5F74BA47-C724-48FF-9F57-C8867BA802FF.jpeg

ဟုတ်ပါသည်။ခေါင်းစဉ်အရ အကယ်၍ သင်သည်ခွေးချစ်တတ်သူတစ်ဦးဖြစ်ပါက၊ ယခုမှ ခွေးမွေးရန် စိတ်ကူးပေါ်ပြီးမွေးရန်အစီအစဉ်ရှိပါက မည်သို့ပြုရမည်၊မည်သည်တို့ကိုဆောင်ရ၊ရှောင်ရမည်ကို မျှဝေလိုခြင်းဖြစ်သည်။တကယ်တမ်းဆိုလျှင် puppy ဟုခေါ်သည့် အလှမွေးခွေးလေးများမွေးရသည်မှာမလွယ်ပါ။

ယခင်က မိမိတို့မြန်မာအများစုသည် ခြံထဲဝန်းထဲတွင်လွယ်လွယ်ကူကူ ဗမာခွေးကိုသာ ခြံလုံရန်၊အားကိုးအားထားပြုကြရန်မွေးလေ့ရှိကြသည်။မိမိတို့မြန်မာမျိုးရင်းခွေးလေးများမွေးရသည်မှာမည်သည့်ကရိကထမှမများပါ။ပုံမှန် အစာကျွေး၊ရေတိုက်ပြုလျှင် အငြိမ်နေတတ်သည့် အလွန်လိမ္မာပါးနပ်သည့်မြန်မာ့မျိုးရင်းခွေးများဖြစ်ပါသည်။

C6FCFFC0-6480-432F-BE34-1BF78F020B43.jpeg

ယခုအခါ ခေတ်ကာလလည်းရွေ့လျားလာပြီဖြစ်ရာ၊တိုးတက်လာပြီဖြစ်ရာ နိုင်ငံခြားမျိုးစိတ်ဖြစ်သည့် တယ်ရီရာလေးများ၊အယ်လ်ဇေးရှင်း၊ခွေးဘီလူး စသည့်နိုင်ငံခြားမှမျိုးများလည်းမွေးလာကြသည်။puppy လေးများဖြစ်သည့် တယ်ရီရာလေးများ၊pomeranian လေးများမှာ အလှမွေးခွေးလေးများဖြစ်သည့်အလျောက် နေအိမ်တိုက်ခန်းများ၊အကျယ်အဝန်းမရှိသောအခန်းကျဉ်းများတွင်ပါ မွေးနိုင်၍မွေးလာကြသည်။

အဆိုပါမျိုးစိတ်ကဲ့သို့ puppyလေးများမွေးမည်ဆိုလျှင် ပထမဦးဆုံးအနေဖြင့် ငါးမျိုးစပ် ကာကွယ်ဆေး၊ခွေးရူးကာကွယ်ဆေးစသည်တို့ကို သူ့အသက်အလိုက်ထိုးနှံရန် အထူးလိုအပ်ပါသည်။ထို့မှသာမိမိမွေးမည့် ပါပီလေးကျန်းကျန်းမာမာရှိမည်ဖြစ်သည်။ထို့အပြင် နို့မပြတ်သေးသည့် လသားအရွယ်ဘာညာဖြစ်နေပါကလည်း ခွေးစာ၊ထမင်းဘာညာကျွေး၍မရသေးဘဲ နို့မှုန့်ဖြင့်ဖြစ်စေ၊နွားနို့ဖြစ်စေ တိုက်ပေးရန်လည်းလိုအပ်ပါသည်။

B8341BF6-9CCC-4C0B-925B-0637409791F5.jpeg

ထို့သို့ နို့မှုန့်ဖျော်တိုက်ရာတွင် ရေအေးဖြင့်မဖျော်တိုက်ရပါ။ရေနွေးဖြင့်ဖျော်ပြီးမှ အအေးခံ၍တိုက်သင့်ပါသည်။ထို့အပြင် နွားနို့ဆိုပါကလည်း မိမိတို့၏ ပါပီလေးတို့အား အနည်းငယ်နွေး၍တိုက်သင့်ပါသည်။ဤသည်မှာ အလွန်အရေးကြီးပါသည်။မဟုတ်လျှင် ဝမ်းလျှောဝမ်းပျက်ဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးရသည်အထိဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

တိတွေကို သနားတတ်ပေမယ့် မမွေးတတ်ဘူး😁

ဒါလဲတမျိုးကောင်းတာဘဲ ကိုဟိန်းရေ

ခွေးကတော့ မွေးလည်းမွေးချင်တယ် လူက ၃၅၀တန် LUX ဆပ်ပြာဆိုရပြီ သူတို့ က ၃၀၀၀ ကျော်တန် အမွှေးရည်ဆပ်ပြာဝယ်ပေးရတယ် ဒီကြားထဲ တစ်လတစ်ခါ ကာကွယ်ဆေးပေါင်းစုံကလည်း ထိုးပေးရသေးတယ် ချမ်းသာတဲ့သူတွေရဲ့ အလုပ်တစ်ခုလို့ ပဲ မြင်ပါတယ်

အမှန်ပါဘဲ ဘုန်းဘုန်းကြာရင်လူတောင်မခံနိုင်ဘာဘူးဘုရား

နိုင်ငံခြားခွေးတွေက ချစ်တက်တဲ့သူတွေတော့ မွေးကျပါတယ် အမတော့ ဗမာခွေးတွေ ၄ကောင်မွေးထားတယ် အိမ်အရမ်းလုံတာဘဲ

နှစ်မျိုးလုံးတော့ မွေးဖူးတယ်ဗျာ

ကိုယ့်ကျန်းမာရေးထက် သူတို့ရဲ့ကျန်းမာရေး ကိုယ့်စားသောက်ရေးထက် သူတို့ရဲ့စားသောက်ရေးကိုပဲ ဦးစားပေးရတာဆိုတော့ ချစ်သော်လည်း မမွေးချင်တော့ဘူး ပိုက်ဆံအလွန်ချမ်းသာတဲ့ လူချမ်းသာများအတွက်တော့ ကောင်းပါလိမ့်မယ်

အမှန်ပါပဲ ကွီးစိုးရေ 😢

ကိုယ်တွေက လခစားတွေ ရတဲ့လခနဲ့ မနည်းလောက်အောင်သုံးနေရတာ
ခွေးလေးတွေမြင်တော့ ချစ်စရာကောင်းတာပဲပြောနိုင်တယ်

အဝေးကပဲ ချစ်တာကောင်းပါတယ်ဗျ

‌အော်‌ မလွယ်‌ပါ့လား။

ဟုတ်တယ် တကယ်မလွယ်ပါကိုမဟော်ရေ

ခွေးမွေးတာတော့ သိပ်ဝါသနာမပါဘူး။ဒါပေမယ့် သေသေချာချာမွေးရင်တော့ သူဌေးဖြစ်နိုင်ပါတယ်။

ဟုတ် U Min

သူ့ဝါသနာနဲ့သူဘဲ​လေ
မန္တ​လေးမှာ ​ခွေးချစ်​သူများ​ခွေးပြိုင်​ပွဲ​တောင်​လုပ်​ကြသတဲ့

သွားလေ့လာချင်လိုက်တာဗျာ

ဂရုစိုက်​ရတယ်​...မလွယ်​ဘူး....

အမှန်ပါဘဲအစ်မရေ

ချစ်ပေမဲ့လမွေးချင်ဘု မွေးယဲမွေးဘု ဒိုးခများလယ် ။

တိတွေကိုမချစ်တတ်ရင် လူပြိုကြီးဖြစ်တတ်တယ်နော် ကိုဒိုမီ 😒

ခွေးကိုတော့ချစ်တတ်သည်။သို့သော် ခုထိတော့ မမွေးနိင်သေးဘူးအကိုရေ

နောက်ကျ တယ်ရီရာတကောင်လောက်တော့မွေးပေါ့ဗျာ

ဟူး...မလွယ်​ဘူးဘဲ့