Developing A Simple Website by yourself

in #myanmar6 years ago

Developing A Simple Website by yourself (Lesson 15)

14-00-22-website-importance-for-business.jpg

မင်္ဂလာပါ။ဒီနေ့ HTML ရဲ့ frame အကြောင်းကို တင်ပြသွားပါမယ်။

Frame ဆိုတာဘာလဲဆိုတော့ page အများကြီး(နှစ်ခုထက်ပိုတာ)ကိုတစ်ခုတည်းဖြစ်အောင်စုစည်းတင်ပြလိုက်သလိုမျိုးပါ။
Frame တစ်ခုလုပ်ဖို့ဆိုရင် အနည်းဆုံး Html file သုံးခုလိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပထမ html file နှစ်ခုကို web page နှစ်ခုလို့သဘောထားလိုက်ပါ။နောက်ဆုံး html file တစ်ခုက အဲ့ page နှစ်ခုကို စုပီးပြပေးမဲ့ page ပါပဲ။Frame tag ကိုသုံးပြီးစုပေးမှာပေါ့။နမူနာလေးကြည့်လိုက်ရအောင်ဗျာ။

1.png

ဒါကို frame1.html ဆိုပီး save ထားလိုက်ပါ။ဒါကဒီတိုင်းဆို web page တစ်ခုပေါ့။

2.png

ဒါကို frame2.html ဆိုပီး save ထားပါ။web page နောက်တစ်ခုပါ။

3.png

ဒီကောင်က အရေးကြီးဆုံး index.html ပါ။
ဒီကောင်ကအပေါ်က page နှစ်ခုကို frame tag သုံးပြီးတစ်ခုတည်းဖြစ်အောင်လုပ်ပေးမဲ့ကောင်ပါ။
သူမှာထူးခြားတာက body မပါတာပါပဲ။frameset ဆိုတဲ့ tag ကိုသုံးပြီး အပေါ်က frame1 နဲ့ 2 ကိုပေါင်းရေးပေးမှာပါ။
frameset ဆိုတဲ့ tag ကို head tag အဆုံးနဲ့ body tag အစကြားမှာရေးပါတယ်။
ပုံ ၃ ရဲ့ index.html မှာကြည့်လိုက်ရင်
cols="80" ဆိုပီးတွေ့ရမှာပါ။
အဲ့တာကအရှေ့ကcolumn ကို အကျယ် 80 px ယူမယ်။နောက်ကဟာကိုအကုန်ယူမယ်ဆိုတဲ် အဓိပ္ပါယ်ပါ။အဲ့နေရာမှာ px နဲ့မဟုတ်ဘဲ % နဲ့သုံးလို့ရပါတယ်။
နောက်တစ်ခုက frameborder="no" border="no" framespacing="no" ဆိုတာက ဘးနားဘောင်တွေမပါပူးလို့ဆိုလိုတာပါ။ဒါကို ကျွန်တော်တို့ table မှာလဲသုံးဖူးပါတယ်။
ပီးတော့ frame1 ကို
frame src="frame1.html" ဆိုပီးခေါ်ထားပါတယ်။(ဒီလိုမျိုးကို ကျွန်တော်တို့ ပုံတွေတုန်းကလဲ သုံးဖူးပါတယ်။)ပြောချင်တာက Link သဘောပေါ့။
name ကတော့နာမည်ပါ မထည်လဲရပါတယ်။ကိုယ့်code ကိုပြန်ကြည့်ရင်တော့မှတ်မိတာပေါ့။scrolling ကတော့ ဘေးနားမှာ scroll bar ပေါ်စေအောင်လုပ်တာပါ။အဲ့နားမှာ yes ဆိုရင် scroll bar ပေါ်မှာပါ။

ကဲ output လေးကိုကြည့်လိုက်ပါ။

4.png

frame1 နဲ့ frame2 ဆိုတဲ့ html web page နှစ်ခုကို index.html file နဲ့ပေါင်းရေပေးထားတဲ့ outputပါ။

ဒီနေ့တော့ဒီလောက်ပါပဲ။နောက်နေ့များမှ frame အကြောင်းဆက်ပါမယ်။
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ။

Written by @minthwayko
MSC - 187

Sort:  

နားတော့မလည်ပါ အဲ့အကြောင်းအရာတွေကို ဒါပေမဲ့ တစ်ခြားသူတွေအတွက် အထောက်အကူတစ်ခုခုရမယ်ဆိုရင်တော့ အလဟသ မဖြစ်နိုင်ပါဘူးခင်ဗျာ။

ဖတ်တော့ဖတ်ခဲ့ပြီညီရေ
ညီရဲ့စာတွေ အသုံးဝင်လာမယ်လို့လည်းမြင်မိတယ်။
တစ်ကယ်လိုအပ်တဲ့အခါကြမှလာပြန်ပြီးသေချာဖတ်တော့မယ်နော်။

ကျေးဇူးပါအစ်ကို။

အသုံးချတတ်သူအတွက် အသုံးတဲ့မှာပါ။

အဲဒီအပိုင်းကို လိုက်နေတဲ့သူအတွက် တကယ်အသုံးဝင်မယ့်စာတွေပါပဲဗျာ

အားပေးသွားပါသည် အကိုရေ

thanks pr ako