Developing A Simple Website by yourself

in #myanmar6 years ago (edited)

Developing A Simple Website by yourself (Lesson 13)

14-00-22-website-importance-for-business.jpg

မင်္ဂလာပါ။ဒီနေ့တော့ Html မှာသုံးတဲ့
Audio နဲ့ Video အကြောင်းကိုသင်ပြသွားပါမယ်။

Html နဲ့ Webpage တစ်ခုရေးရင် mp3 တွေ mp4 တွေကို အဲ့ page မှာထည့်သွင်းနိုင်ပါတယ်။
ဒါမပြောခင် Multimedia Formats အကြောင်းတွေပြောချင်ပါတယ်။

Multimedia Formats

Multimedia ဆိုတာ သီချင်းfile တွေ video file တွေကိုပြောချင်တာပါ။
file တစ်ခုရဲ့ အမျိုးအစားကိုကြည့်ဖို့အတွက် သူ့ရဲ့ extension ကိုကြည့်ရပါတယ်။extension ဆိုတာကfile name မှာကြည့်လိုက်ရင်   .(dot) နောက်က စာကိုပြောတာပါ။ဓာတ်ပုံတွေရဲ့ Extension ကြည့်နည်းကိုအရင်ကပြောခဲ့ဖူးပါတယ်။အဲ့လို extension တွေအများကြီးရှိပါတယ်။ဓာတ်ပုံမှာဆိုရင်ဘဲ
.gif, .png, .jpg စသည်ဖြင့်အများကြီးရှိပါတယ်။
Multimedia မှာလဲ သူတို့ရဲ့ ကိုယ်ပိုင် format နဲ့ ကိုယ်ပိုင် extension တွေရှိကြပါတယ်။. wav, .mp3, .mp4, .mpg,
.avi, .flv, .webm စသည်ဖြင့်ရှိကြာပါတယ်။ဒီထဲက extension တစ်ချို့ကိုလဲ
တွေ့ဖူးကြမှာပါ။

https://en.m.wikipedia.org/wiki/Video_file_format

ဒါက Formats တွေအကြောင်းပိုသိချင်ရင် လေ့လာလို့ရအောင် wikipedia link ပေးထားတာပါ။ကျွန်တော်ပြောပြတာအကျဉ်းချုံ့လေးပဲဖစ်ပါတယ်။
ဘာလို့ Multimedia Formats တွေအကြောင်းပြောနေရလဲဆိုတော့ HTMl မှာ
အပေါ်ကပြောခဲ့တဲ့ format အကုန်လုံးကိုလက်မခံပါပူး။သူသိတာက
Video မှာဆိုရင် MP4, WebM နဲ့ Ogg
Audio မှာဆိုရင် MP3, WAV, နဲ့ Ogg
ပဲsupport ပေးပါတယ်။
ကျွန်တော်တို့က .avi ရှိတဲ့ Video တစ်ခုကို Html သုံးပီး webpag မှာတင်လိုက်မယ်ဆိုရင် အလုပ်မလုပ်ပါပူး။HTML 5
(Html ရဲ့ နောက်ဆုံးထွက်ထားတဲ့ version က 5 ပါ) က support မလုပ်ပေးလို့ပါပဲ။HTML version 5 မတိုင်ခင်တုန်းက Audio နဲ့ Video တွေ run လို့မရခဲ့ပါပူး။
Video နဲ့ Audio file တွေ run ဖို့လိုတဲ့နောက်တစ်ချက်ကတော့ Browser version ပဲဖစ်ပါတယ်။အခုအချိန်မှာတော့ Browser တိုင်းလိုလို Multimedia ကို support ပေးနေပါပီ။ထပ်ပီးလေ့လာချင်ရင်တော့ အောက်က wikipedia link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://en.m.wikipedia.org/wiki/HTML5_video

အိုခေ။အခုကျွန်တော်တို့ တစ်ကယ်သုံးမယ် code တွေနေရာပြန်သွားရအောင်ဗျာ။

Audio and Video in HTML

Webpage မှာ audio ထည့်ချင်ရင်အောက်ပါ code အတိုင်းရေးရမှာပါ။

<audio controls>
<source src=name and extension type=audio/media type>
</audio>

audio ဆိုပီး အဖွင့်နဲ့ အပိတ် tag ရှိပါတယ်။ကြားထဲမှာ source tag ရှိပါတယ်။
Source tag မှာ သတိထားရမှာက
src= နောက်မှာ file name နဲ့ extension ထည့်ရမှာပါ။ဥပမာ -
မိချော.mp3 or မိချော.ogg or မိချော.wav ဆိုပီးရေးရမှာပါ။ကျွန်တော်အပေါ်မှာပြောခဲ့သလို့ ဒီ formats ၃ ခုပဲsupportတာနော်။မေ့မှာစိုးလို့ပြန်ပြောတာ 😁။နောက်ထပ် type နေရာမှာ
audio/ က ပုံသေပါ။နောက်မှာက
mp3 ဆိုရင် mpeg ထည့်ရပါတယ်။
Ogg ဆိုရင် ogg
Wav ဆိုရင် wav ထည့်ရပါတယ်။

1.png

Photo Credit: Google

Video ထည့်ချင်ရေးရေးရမဲ့ code က audio မှာရေးရမဲ့ code နဲ့တူတူပါပဲ။
code ထဲမှာပါတဲ့ audio ဆိုတဲ့နေရာတွေမှာ video ထည့်လိုက်ယုံပါပဲ။

<video controls>
<source src=name and extension type=video/media type>
</video>

2.png

Photo Credit: Google

ဒါကmedia type နေရာမှာထည့်ရမဲ့ extension တွေပါ။

နမူနာ code ကိုကြည့်ကြရအောင်ဗျာ။

3.png

အနီဘောင်လေးနဲ့ပြထားတဲ့နေရာကိုတစ်ချက်သတိပြုပါ။
ပြီးတော့ video tag မှာ height နဲ့ width ထည့်လို့ရတာကိုတွေ့ရမှာပါ။

4.png

ဒီလောက်ဆို Html မှာပါတဲ့ Audio နဲ့ video အကြောင်းကိုတော်တော် နားလည်လောက်ပီလို့ထင်ပါတယ်။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Written by @minthwayko
MSC - 187

Sort:  

နောက်​ကျရင်​ သိချင်​တာ​တွေရှိရင်​ အကို့ Blog ၀င်​ရှာရမယ်
အား​ပေးပါတယ်​ဗျ ကို​ယ်​ကျွမ်းကျင်​တာ​တွေပြန်​လည်​မျှ​ဝေတာ

ကျေးဇူးပါဗျာ

အသုံးလိုတဲ့သူအတွက် အသုံးတည့်မှာပါလေ
နည်းပညာခေတ်ဆိုတော့ကာ...

အသုံးတည့်မှာပါ

မြင့်လာပီ မြင့်လာပီ ဗျို့။ တစ်ဖြည်းဖြည်းနဲ့ စာသင်နေရသလိုပဲ နောက်ပိုင်း ပိုခက်ခက်လာတယ်

😁😁 စာလောက်တော့မခက်ပါပူး။
စာဆိုရင်ဝါသနာမပါလဲသင်နေရတော့ခက်တယ်။ဒါကဝါသနာပါရင် ကိုယ်ဝါသနာပါတာဖြစ်တဲ့အတွက် လွယ်မယ်လို့တော့ထင်မိပါတယ်။

နည်းပညာများ ​​မျှ ​ဝေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

ကျေးဇူးပါဗျာ

စာမေးပွဲ ပြီးရင်တော့ proဖြစ်အောင်လေ့လာရမယ်

ချချ 😁

တပတ်ပီးတော့ တပတ် ရှင်းပြပေးတော့ အခြေံလေးတော်တော် သဘောပေါက်လာပီ

သဘောပေါက်ရင်ပဲကျေနပ်လှပါပီဗျာ

အစ်ကိုမျှဝေပေးတာတွေလေ့လာရင်းတဖြည်းဖြည်းနဲ့အတတ်ပညာလေးတွေစုမိလာပြီဗျ

ကောင်းတာပေါ့အစ်ကို

နည်းပညာတစ်ခု မျှဝေပေးတာ
ကျေးဇူးပါဗျာ

ဖတ်ရှုအားပေးတဲ့အတွက်ကျေးဇူးပါ

ပညာရပါတယ်ဗျာ
အဲ့ဒီလိုဆို သီချင်းတွေကို browserကနေပြန်နားထောင်လို့ရပြီပေါ့နော် ညီ

ရတယ်အစ်ကို။

တော်တော်တော့ လေ့လာရမယ်ဗျာ

အားပေးတယ် ချချ 😁။

codingေ၇းရတာ သိပ်နားမလည်သလိုဘဲ လေ့လာရဦးမယ်ဗျာ

များများရေးရင်တော့သဘောပေါက်မှာပါ

နည်းပညာပိုင်းကို အဓိကထားပြီး ရေးပေးတာ ကျေးဇူးတင်ပါတယ်

ဝါသနာပါရာပေါ့ဗျာ

ကျန်တော်လည်းအားမှစမ်းကြည့်ဦးမယ်ဗျာ

ကျေးဇူးပါ

အသုံးလိုတဲ့အခါကျမှဝင်​ကြည့်​အုန်းမယ်​​ဗျာခု​တော့​ဗဟုသုတအ​နေနဲ့ဖတ်​သွားအုန်းမယ်

ရပါတယ်ဗျာ

မသိတာတွေမျှပေးတာကျေးဇူး ဘဒို

Welcome pr ako 😁

ပညာဗဟုသုတ တိုး​စေပါတယ်​ ​ကျေးဇူး

ရပါတယ်ဗျာ

မျှဝေပေးလို့ ကျေးဇူးပါဗျ

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ

programmerတစ်ယောက်ဖြစ်ဖို့လေ့လာရဦးမယ်ဗျာ

me too bro.
အခုကဝါသနာရှင်အဆင့်ပဲရှိသေးတာ။