များပြားလာသောခရု

in #myanmar6 years ago

များပြားလာသောခရု

               ကျမတို့မြို့ကလေးသည်တောနယ်မြို့ကလေးဖြစ်ပါသည်။ကျယ်ဝန်းသောအိမ်ခြံကြောင့်မိုးတွင်းအချိန်မြက်ပင်ကြီးများပေါက်ရောက်နေပါသည်။

image photo by moe wai
မြက်ခြုံများကြောင့်ဘယ်ကလာမှန်းမသိတော့ခရုအကောင်မြောက်များစွာကိုတွေ့ရပါသည်။ထိုခရုများသည်ငယ်ရာမှအရွယ်အလတ်အကြီးအရွယ်အစုံတွေ့ရပါသည်။

image photo by moe wai
ထိုခရုများလျှောက်သွားသည့်နေရာများတွင်အချွဲအကျိများစွာတသီတတန်းကြီးကျန်ခဲ့ပါသည်။ကောက်သိမ်းလွှင့်ပစ်သော်လည်းများစွာကျန်ရှိနေပါသည်။

image photo by moe wai
ထိုခရုများသည်လူကိုအန္တာရာယ်ဖြစ်စေနိုင်သည့်အကောင်လား!မည်သည့်နေရာတွင်အသုးံဝင်သည်ကိုလည်းသိချင်ပါသည်။ယခုမိုးများသောရာသီတွင်ပေါများလှသောထိုခရုကိုမြင်ရလျှင်စိတ်ရှုပ်စရာဖြစ်စေပါသည်။

image photo by moe wai
မိုးကုန်လျှင်အလိုလိုပျောက်ကုန်ပါသည်။ချွဲကျိနေသောခရုရာဇဝင်ကိုကြားဖူးနားဝသိရှိသောမိတ်ဆွေများအန္တာရာယ်ဖြစ်ပုံအသုးံဝင်ပုံအသုးံပြုပုံများကိုပြောပြစေချင်ပါသည်။

image photo by moe wai

               မြန်မာစတီးမစ်မိသားစုဝင်များကျန်းမာချမ်းသာကြပါစေ။

                                  ဆန္ဒမွန်ဖြင့်

                                      မိုးဝေ
Sort:  

ဦးနှောက်အမှေးရောင်ရောဂါရတတ်တယ်တဲ့
သူ့ရဲ့အချွဲအကျိတွေက
ဒါကြောင့်ဟင်းသီးဟင်းရွက်တွေအစိမ်းမစားသင့်ဘူး ဆားများများနဲ့
စိမ်ပြီးရေစင်စင်ဆေးရမယ် သူတို့အချွဲတွေကဆားနဲ့မှပြောင်တယ်
လို့ကြားဖူးတယ်ညီမ

ကျေးဇူးပါချစ်မမပြောပြပေးတာ

garate hkaru dharatponemyarrko
B4E83487-A694-4975-9D79-ABE418201F2B.jpeg
saint raepanpoemhumyarrko Thank you!
kaunggsaw kankyammar .

မိုးဆို​ပေါ​မှ​ပေါ