အဆင့်​အတန်း အပိုင်း(၁)

in #myanmar6 years ago

အဆင့်​အတန်းFB_IMG_1524993538185.jpg
အဆင့်​အတန်း ဆိုတာ လူေ​တာ်​​တော်​များများပါးစပ်​ဖျားမှာ ​ရှေးရိုးစွဲ စကားတစ်​ခုပင်​ဖြစ်​သည်​။ ​ရှေးယခင်​ထဲက ပိုက်​ဆံ ချမ်းသာသူ ဂုဏ်​ကြီးရှင်​တို့၏ ပါးစပ်​ဖျားတွင်​သုံးသည်​။
အဆင့်​အတန်းဆို​သော စကားလုံးသည်
တကယ်​တန်း​တော့ ၄လုံးထဲ နဲ့ တစ်​ဖက်​မရှိ​သော
သူများ၏ ရင်​ထဲတွင်​​တော့ သံမှိုတစ်​​ချောင်းထိုးစိုက်​ခံရသလိုပင်​ ခံစားရတက်​သည်​ဟုမြင်​မိသည်​။
ဇာတ်​လမ်း​တော်​​တော်​များများ တွင်​လဲ အဆင့်​အတန်းခွဲခြား​သော ဇာတ်​လမ်းများရိုက်​ကြသည်​။ ရသ များစွာဖြင့်​ရိုက်​ကြသည်​။ ကိုရီးယားကား ၊ အိန္ဒိယကား၊ တရုတ်​ကားမကျန်​​တော်​​တော်​များများတွင်​ ရိုက်​​လေ့ရှိသည်​။
ကျွန်​မ၏ အ​တွေးက​တော့ လူသား အားလုံးသည်​ ကိုယ့်​အဆင့်​အတန်း ဖြင့်​သာရပ်​တည်​​နေသည်​ဟုမြင်​မိသည်​။ ကိုယ့်​အလုပ်​ကိုယ်​လုပ်​တယ်​ ၊ ကိုယ့်​ထမင်းကိုယ်​စားတယ်​ ။ အဲ့လိုလူမျိုးကို ဘယ်​လိုလူမျိုးက အဆင့်​အတန်းနိမ့်​ကျသည်​ ဟု ထင်​ပါသလဲ။ ကျွန်​မက​တော့ မမြင်​မိပါ။ ​ FB_IMG_1524993500383.jpg
လောကတွင်​ သုံးစား၍မရ​သောသူဟူ၍မရှိ လူတိုင်းအားလုံးသည်​ သူ့​နေရာနှင့်​သူ​တော့တန်​ဖိုးရှိသည်​။လူတွင်​မ​ပြောနှင့်​ တိရစ္ဆာန်​​တောင်​ သူ့​နေရာနှင့်သူအသုံးဝင်​ပါသည်​။
ကျွန်​မကြည့်​ဖူး​သောဇာတ်​လမ်းတစ်​ခုထဲက အထက်​တန်းစားဆို​သောဇာတ်​လမ်းအားလွန်​စွာ သ​ဘောကျမိသည်​။ ထိုဇာတ်​ကားတွင်​ အထက်​တန်းစား ဆိုသည်​မှာ ပိုက်​ဆံချမ်းသာ၍ အဆင့်​အတန်းမြင့်​မား သည်​ဟု ဆိုလိုခြင်းမဟုတ်​ဘဲ စိတ်​ဓာတ်​မြင့်​မားရင်
အထက်​တန်းစား ဟု သတ်​မှတ်​ခြင်းဖြစ်​သည်​ဟုမြင်​မိ၍ ကြိုက်​နှစ်​သက်​၍ Television လိုင်း​တွေက လာတိုင်း ပြန်​ကြည့်​မိ​နေခြင်းဖြစ်​သည်​။FB_IMG_1524993335362.jpg
အဆင့်​အတန်းဆို​တော့ စကားလုံးကို ကျွန်​မမြင်​ဖူး​သော လူတစ်​ချို့ကို ဥပမာထားကာ ​​ပြောချင်​မိပါသည်​။ကျွန်​မသည်​ YBS မ​ပေါ်မီတစ်​ချိန်​က အလုပ်​ကအပြန်​တွင်​ ဟိုင်းလတ်​ ကားကိုစီး၍ ပြန်​​လေ့ရှိပါသည်​။
တစ်​​နေ့ကျွန်​မအိမ်​ပြန်​ရာကား​ပေါ်တွင်
ကားကလဲ လူကြပ်​၍ အပြည့်​ပါလာပါသည်​။ တွယ်​စီးသူများလဲ ရှိပါသည်​။ ကျွန်​မ၏ မျက်​နှာခြင်းဆိုင်​တွင်​ရှိ​သော အမျိုးသမီးနှစ်​ဦးကို သတိထားမိသွားပါသည်​။ တစ်​ဥိီးမှာ ပိုက်​ဆံချမ်းသာပုံ​ပေါ်ပါသည်​။ ​ရွှေကို ညွှန့်​​နေ​အောင်​ဝတ်​ထားပါသည်​။ အဝတ်​စားမှာလဲ တံဆိပ်​​ကောင်း​သော ပုံစံမျိုးပင်​ဖြစ်​သည်​။ လူပုံစံမှာလဲ သင့်​ပြန့်​၍
ရုပ်​ရည်​မှာလဲ ​ပြေပြစ့်​ လှသည်​။ပိုက်​ဆံချမ်းသာသူတို့စကားအရ သတ်​မှတ်​မယ်​ဆို အဆင့်​အတန်းရှိသည်​​ပေါ့။ ကျန်​တစ်​ဦးက အဝတ်​အစား ညစ်​နွမ်းနွမ်းဖြင့်​ဖြစ်​သည်​။ မ​တောက်​​ပြောင်​လှပါ ။ရုပ်​ရည်​မှာမဆိုးလှ​သော်​လည်း အ​ရောင်​မထွက်​လှပါ ။ ဆင်းရဲနွမ်းပါးသူတို့ကို​ပြောရင်​​တော့ အဆင့်​တန်းနိမ့်​သည်​​ပေါ့။
ထိုမိန်းမနှစ်​ဦးမှာ တစ်​ရပ်​ကွက်​ထဲဖြစ်​ပုံရသည်​။ ပိုက်​ဆံရှိ​သော မိန်းမ၏ သွား​လေရာ​ခေါ်ပြီး ပစ္စည်းသယ်​ခိုင်း​သော ခပ်​နွမ်းနွမ်းအမျိုးသမီး ကြီးတစ်​ဦးဖြစ်​သည်​ကို သူတို့စကား​ပြောဆိုပုံကိုကြည့်​ရင်းဖြင့်​ကျွန်​မသည်​ သိလာခဲ့သည်​။
အဆင့်​အတန်းဆိုတာ အဲ့တာက စပါသည်​။ ပိုက်​ဆံရှိအမျိုးသမီးက သူ့ခြင်းထဲက အထုတ်​တစ်​ထုတ်​ဆွဲထုတ်​လိုက်​ပါသည်​။ ပြီးလျှင်​ အိတ်​ကိုဖြည်​၍ တစ်​ကျွတ်​ကျွတ်​နဲ့ဝါးစား​နေပါသည်​။ သူစား​သောအရာမှာ အမဲသားအရွတ်​​ကြော်​ပင်​ဖြစ်​သည်​။
အနံ့ပင်​အလွန်​ဆိုးလှပါသည်​။ ကားက ကြပ်​တာက တစ်​မျိုး အမဲသားအရွတ်​​ကြော်​များ မှာ အနံ့ကဆိုးတာက တစ်​မျိုးဖြင့်​ ခရီးသည်​တစ်​ချို့ နှာ​ခေါင်းပိတ်​ကုန်​ပြန်​ကြပြီ။ ကျွန်​မသည်​ အမဲသားမစား​သော်​လည်း စားသူများကို ကြည့်​လျှင်​ စိတ်​ပျက်​ခြင်း မရှိ​သော်​လည်း ထို​နေ့က ​တော်​​တော်​စိတ်​ကုန်​လှသည်​ ။ အဆင့်​အတန်းရှိသူတို့အဖို့ ထို​နေရာမျိုးတွင်​မစားသင့်​ ။ ကြိုက်​နှစ်​သက်​လို့စားသူအဖို့ အိမ်​​ရောက်​မှပင်​စားသင့်​သည်​။ အခု​တော့သူတစ်​ဦး​ကြောင့်​ အများသူဌာ စိတ်​ပျက်​​နေရသည့်​အဖြစ်​မျိုးပင်​။
ထိုမိန်းမသည်​ ​ဘေးက ခပ်​နွမ်းနွမ်းအမျိုးသမီးအားလဲ စားရန်​​ပြော​လေသည်​။
သူမက မကြိုက်​နှစ်​သက်​၍ မစားချင်​​ကြောင်းနှင့်​ ကား​ပေါ်တွင်​ စားရတာမကြိုက်​​ကြောင်း​ပြော​တော့ ကြီးကျယ်​​သောမျက်​နှာထားမျိုးဖြင့်​ မျက်​​စောင်းထိုးခြင်းခံရ​တော့သည်​။
ကျွန်​မသည်​ ထိုနှစ်​ဦးအားကြည့်​ခြင်းဖြင့်​ အဆင့်​အတန်းဆိုသည်​ မှာ ပိုက်​ဆံချမ်းသာခြင်း
မရှိခြင်းနှင့်​မဆိုင်​ဘဲ လူတစ်​ဦး၏ စိတ်​ ၊ ပတ်​ဝန်းကျင်​ကို အ​လေးထားတက်​​သော စိတ်​ဖြင့်​သာ
ဆိုင်​​ကြောင်း ထိုနှစ်​ဦးကို့ ကြည့်​ရင်းဖြင့်​သာမြင်​မိ​တော့သည်​။
ကျွန်​မအမြင်​အရ ခပ်​နွမ်းနွမ်းအမျိုးသမီးသာလျှင်​ အဆင့်​အတန်းမြင့်​မားသူဟု ထင်​မိပါ​တော့သည်​။(အမြင်​ချင်းမတူကြပါက @nwenwe ၏ အမြင်​တစ်​ခုထဲဖြင့်​သာ​ရေးသားထားခြင်းဖြစ်​ပါ​သော​ကြောင့်
သည်းခံ၍ ဖတ်​ရူ့ အကဲဖြတ်​ကြ​သော အဖွဲ့ဝင်​များကို ​တောင်းပန်​အပ်ပါသည်​။
Thanks for steemit member all my fri
Photo credit by facebook image
MSC-233
@nwe nwe

Sort:  

တယ်တော့ သက်ရှိသတ္တဝါအားလုံးမှာ နှစ်မျိုးဘဲရှိပါတယ် အဲဒါက 'ရုပ်နဲ့နာမ်' ဘာမှဟုတ်တာတွေနဲ့ဘဲ လူတွေလည်းအချိန်ဖြုန်းတည်းနေကြတာစိတ်မကောင်စရာပါ

စိတ်​ဓာတ်​​လေး​တွေပြင်​နိုင်​ရင်​​အေးချမ်းမှာ​နော်

ကျွန်တော်အမြင်ကတော့ စိတ်ဓာတ်နဲ့ဘဲ အဆင့်အတန်းခွဲခြားပါတယ်။

ဟုတ်​ကဲ့

အဆင့်အတန်းဆိုတာ သူတို့ရဲ့လုပ်ဆောင်မူတွေနဲ့သာဆိုင်ပါတယ်ဗျာ😄😄

ဟုတ်​ပါတယ်

ကိုယ် အဆင့်အတန်းဘယ်လောက်ရှိတယ်ဆိုတာ
ကိုယ်ကိုတိုင်အသိဆုံးပါ

ဟုတ်​တယ်​ဆရာ

စိတ်‌ဓာတ်‌ အဆင့်‌အတန်းက အဓိကပါ။

မှန်​ပါတယ်

လူတစ်ယောက် ကို အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်မရပါဘူး ပုံက ကိုယ်တိုင်ရိုက်တာ မဟုတ်ရင် crd ပေးရတယ် ညီမ အားတဲ့ ချိန် လာသင်ပါအုံး တတ်တဲ့ သူဆီက ပြန်သင်လဲ ရတယ် ညီမ

ဟုတ်​ကဲ့

လူတိုင်းသူ့​နေရာနှင့်​သူတန်​ဖိုးရှိပါတယ်​...အဆင့်​အတန်းဆိုတာကချမ်းသာတာတစ်​ခုထဲကြည့်​ပြီးဆုံးဖြတ်​လို့မရဘူးထင်​တယ်​....

သိပ်​မှန်​တာ​ပေါ့

လူဟာလူပါဘဲ အဆင့်​အတန်း​တွေဆိုတာ လူ​တွေကသပ်​မှတ်​တာပါ

ဟုတ်​ပါတယ်

အဆင့်အတန်းဆိုသည်က ကိုယ်လုပ်ကိုင်ပြုမူလိုက်သောကြောင့် ရရှိလာတဲ့ရလဒ်တစ်ခုပေါ့ဗျာ

ဟုတ်​တယ်

မှန်​ပါတယ်​ အဆင့်​အတန်းဆိုတာ စိတ်​ဓာတ်​ကို ခွဲခြားသိမြင်​ရမှာပါ။

ဟုတ်​တယ်

အဆင့်အတန်း က ငွေ မဟုတ်ပါဘူး လူပါ

ဘာလဲ အဲ့ဒီအဆင့်အတန်း

ဘာမှမဟုတ်​တဲ့ အဆင့်​အတန်းကို တစ်​ချို့က ဘဝကြီးတစ်​ခုလုပ်​​နေကြတာ

စိတ်​အဆင့်​အတန်းမြင့်​ဖို့ ပိုလိုအပ်​တယ်​ လို့ ထင်​မိပါတယ်​​ဗျ

စိတ်​ဓာတ်​​ကောင်းဖို့သာအဓိကပါ

အမှန်ဘဲအမရေ
အဆင့်အတန်းဆိုတာချမ်းသာတာကြွယ်ဝတာနဲ့မဆိုင်ပါဘူး
ကိုယ်ခံယူတဲ့စိတ်နေသဘောထားအပေါ်ဘဲမူတည်ပါတယ်

Thats right

https://steemit.com/myanmar/@chitsone/ekh-ne-duyangthi

မမnwenwe. ဒူးရင်းသီးချား ဟိ😊😊😂

လူတစ်ယောက်ရဲ့အပြောအဆို အပြုအမူတွေကဘဲ သူ့ရဲ့အဆင့်အတန်းဆိုတာကြီးကို ဖော်ပြနေတာပါ