က​လေးများအတွက်​အန္တရာယ်​အချို့ ၂

in #myanmar6 years ago

image

ခေတ်​​ရေစီး​ကြောင်း ​ပြောင်းလဲလာသည်​နှင့်​အမျှ လူတို့ သုံးစွဲသည့်​ ပစ္စည်းများကလည်း ​ပြောင်းလဲလာလျက်​ရှိ​ပေသည်​။ ယခင်​ကအသုံးပြု​သော ပစ္စည်းများနှင့်​ ယခုကာလအသုံးပြုသည့်​ ပစ္စည်းများမှာ ဆီနှင့်​​ရေ လိုပင်​ အလွန်​ပင်​ကွဲပြားကြ​ပေသည်​။ အခြား​သော ပစ္စည်းများမဆိုထားနှင့်​ အနီးစပ်​ဆုံး ပစ္စည်းဖြစ်​သည့်​ မီးဖို​ချောင်​သုံး ပစ္စည်းများကို ကြည့်​လိုက်​ပါ။ရှေးယခင်​က လူတို့ထမင်းဟင်းများ ချက်​ပြုတ်​ရာတွင်​ အသုံးပြု သည့်​ပစ္စည်းများနှင့်​ ယခုလူတို့ ထမင်းချက်​ပြုတ်​ရာတွင်​ အသုံးပြုသည့်​ပစ္စည်းများသည်​ မတူကြသည်​ကို သိကြ​ပေမည်​။ ဥပမာ- ထမင်းအိုးကိုကြည့်​ပါ။ ယခင်​လူတို့က ထမင်းချက်​ပြုတ်​ရာတွင်​ သာမန်​ထမင်းအိုးကို ထင်းမီး အသုံးပြုကာချက်​ပြုတ်​ခဲ့ကြသည်​။ ထိုမှတစ်​ဆင့်​ ​ ​ပြောင်းလဲကာ ထင်းမှရသည့်​ မီး​သွေးကို အသုံးပြုကာ ထမင်းကို ချက်​ပြုတ်​လာကြပြန်​သည်​။ တစ်​နည်း​ပြော​ ရလျှင်​ တစ်​ဆင့်​တက်​လာခြင်း ဖြစ်​​ပေသည်​။ ထိုမှတစ်​ဆင့်​ မြို့ပြများတွင်​ လျှပ်​စစ်​ကိုအသုံးပြုကာ လျှပ်​စစ်​ထမင်း​ပေါင်းအိုးကို အသုံးပြုကာ ထမင်းကို ချက်​ပြုတ်​ကြပြန်​သည်​။ ထမင်းချက်​ပြုတ်​သည့်​ အနားတွင်​ လူကြီးများနှင့်​အတူတူ သားသားမီးမီး​လေးများ ရှိ​နေတတ်​ကြသည်​။
image

လူကြီးမိဘများက ထိန်းမအားသည့်​အခါ မိမိတို့အနား တွင်​​က​လေးများကို ​ခေါ်ထား​လေ့ရှိကြသည်​။ က​လေး ဆိုသည်​က မိဘများနှင့်​ အမြဲတ​စေ အတူတူရှိကြသည်​ မဟုက်​လား။ သို့အတွက်​ ထမင်းဟင်း ချက်​ပြုတ်​ရာတွင်​ လည်း အနီးအနားတွင်​ ရှိ​နေတတ်​ကြသည်​။ တစ်​ခါတစ်​ရံ မိဘများက ထမင်းဟင်း ချက်​​နေရုံနှင့်​မပြီး အခြား လုပ်​ငန်းများကိုလည်း ​ဆောင်​ရွက်​ရ​သေးသည်​။ ထိုအခါ က​လေးများကို ဂရုမပြု ဖြစ်​တတ်​သည်​။ ထိုအချိန်​မျိုးတွင်​ က​လေးက ပူ​နေ​သော ထမင်းအိုးကို မိဘလုပ်​သည့်​အတိုင်း လိုက်​၍ အတုခိုးလုပ်​​ဆောင်​သည့်​ အခါရှိ​ပေမည်​။ ဥပမာ- ထမင်းအိုးကို ဇွန်းနှင့်​​မွှေတာမျိုးလုပ်​​ပေလိမ့်​မည်​။ ထင်းမီး သို့မဟုက်​ မီး​သွေးကို အသုံးပြု ချက်​ပြုတ်​ခြင်း ဖြစ်​ပါက အနည်းဆုံး အပူ​လောင်​​ပေလိမ့်​မည်​။ အများဆုံး ထမင်းချက်​သည့်​ အ​ဆောက်​အဦး ပြာကျ​ပေမည်​။ ဤ​နေရာတွင်​ မြို့ပြဖြစ်​မူ ထမင်း ကိုလျှပ်​စစ်​မီး အသုံးပြုကာ ​ပေါင်းအိုးနှင့်​ ချက်​ကြ​ပေမည်​။ ​ပေါင်းအိုးနှင့်​ ချက်​သည့်​အတွက်​ အန္တရာယ်​မရှိ ဟုယူဆ​ပေမည်​။ မဟုက်​​ပေ။ ပို၍ အန္တရာယ်​ရှိ​ပေမည်​။ ​ပေါင်းအိုးကို က​လေးက ကိုင်​၍ ​မှောက်​လျှင်​ အနည်းဆုံး အပူ​လောင်​​ပေမည်​။ သို့မ​ဟုက်​မူ လျှပ်​စစ်​ကို အသုံးပြုချက်​ပြုတ်​ခြင်း ဖြစ်​သည့်​အတွက်​ ​ရှော့ဖြစ်​ကာ မီး​လောင်​​ပေမည်​။ ​မဟုက်​လျှင်​ ဓာတ်​လိုက်​ကာ ခန​လေးနှင့်​ က​လေး၏ အသက်​ကို နှုတ်​ယူသွား​ပေမည်​။ မိဘများ သိလိုက်​မည်​မဟုက်​​ပေ။ ဤသည်​မှာ လျှပ်​စစ်ပစ္စည်းအသုံးပြုလျှင်​ လျှပ်​စစ်​သည်​လည်း က​လေး များအတွက်​ အန္တရာယ်​တစ်​ခု ဖြစ်​​ပေသည်​။

image

လျှပ်​စစ်​ကို အသုံးပြုခြင်းသည်​ အကျိုး​ကျေးများသ​လောက်​ အန္တရာယ်​လည်းများ​ပေသည်​။ က​လေးမဆို ထားနှင့်​ လူကြီးများလည်း အန္တရာယ်​ရှိ​ပေသည်​။ က​လေးများအတွက်​ ပို၍ အန္တရာယ်​များသည်​ကို လူကြီးမိဘများက သတိပြု​စေလိုသည်​။ လူကြီးများက သတိထားလျှင်​ ရနိုင်​​သေး။ က​လေးဆိုသည်​က သတိမဆိုထားနှင့်​ အသိပင်​ ​ကောင်းစွာရှိအုံးမည်​ မဟုက်​​ပေ။ သို့အတွက်​ လူကြီးမိဘများက သတိပြု၍ ​စောင့်​​ရှောက်​ရ​ပေမည်​။ သို့မဟုက်​လျှင်​မူ အသက်​​သေဆုံးသည်​ အထိဖြစ်​တတ်​သည်​။ လျှပ်​စစ်​ကို မ​ပေါ့ဆသင့်​​ပေ။

image

လျှပ်​စစ်​ကို ​ပေါ့ဆမိခြင်း​ကြောင့်​ က​လေး အသက်​​သေဆုံးသည့်​ဖြစ်​ရပ်​ကို လက်​​တွေ့ကိုယ်​တိုင်​ သိမြင်​ကြုံ​တွေ့ရ​ပေသည်​။ လက်​​တွေ့ အပြင်​မှာတစ်​ကယ်​ဖြစ်​သွားသည့်​ ဖြစ်​ရပ်​ဖြစ်​သည်​။ ဖြစ်​သွားတာက ဒီလိုဗျ။ "လွန်​ခဲ့​သော ၂နှစ်​ခန့်​ကဗျ ။ အမည်​​တွေ​တော့ မ​ပြော​တော့ပါဘူး။ မိသားစုတစ်​ခုမှာ ဖြစ်​သွားတာ။ မိသားစုက အိမ်​​ထောင်​ခွဲကာစ​လေးဗျ။ ​ကျေးရွာ က​နေုမြို့ကို​ပြောင်း​နေတဲ့ အစကာလပဗျာ။ မြို့ဆို​တော့ လျှပ်​စစ်​မီးရတယ်​။ လျှပ်​စစ်​မီးရ​တော့ CD စက်​နဲ့ အ​ဖေက သီချင်းဖွင့်​ထားတာ။ ​က​လေးက သားဦး​လေးဗျ။၃နှစ်​​လောက်​ရှိမယ်​ထင်​တယ်​။ က​လေးက စူးစမ်းချင်​​တော့ သွားကိုင်​တယ်​။ အဲမှာ​ပဲက​လေးက ဟိုကိုင်​ဒီကိုင်​နဲ့ ဓာတ်​လိုက်​ပြီး ​သေပါ​လေ​ရော။ ဒါကို က​လေး​သေတာ နာရီအ​တော်​ကြာမှ သိကြတယ်​။ ဝမ်းနည်းပက်​လက်​ ဖြစ်​တာ​ပေါ့။ ​မွေးထားတာကလည်း သားဦးဖြစ်​​နေတာကိုး။ ဘယ်​သူ့မှလည်း အပြစ်​တင်​လို့ မဖြစ်​ဘူး​လေ။ ခု​တော့ သူတို့မိသားစု ​ပျော်​​ပျော်​ရွှင်​ရွှင်​ ဖြစ်​​နေပါပြီ။ သမီး​လေးတစ်​​ယောက်​ ​မွေးထားတယ်​လို့ကြား မိတယ်​ဗျ။ သားဦးက​လေး​တော့ ဆုံးရှုံးရတာ​ပေါ့။" ဒီဖြစ်​ရပ်​ကို ကြည့်​လျှင်​ မိဘက ​ပေါ့ဆသည်​က တစ်​​ကြောင်း၊ က​လေးများအတွက်​ လျှပ်​စစ်​က အန္တရာယ်​ကြီး တစ်​ခုဖြစ်​​နေသည်​ကို ​တွေ့ရသည်​။

image

က​လေးများအတွက်​ လျှပ်​စစ်​သည်​ဘအန္တရာယ်​ကြီး တစ်​ရပ်​ဖြစ်​သည်​ကို သတိပြုပါ​လေ။ လျှပ်​စစ်​ကို က​လေးများအတွက်​ အန္တရာယ်​မဖြစ်​​အောင်​ သုံးစွဲကြရန်​ အ​ရေးကြီးသည်​။ ဤသည်​ကို သတိပြုပါ။
က​လေးများဘဝ သာယာပါ​စေ။
image

Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာပါ​စေ။

Photo credit by google image

Written by @nyinyilwin

MSC 170

Sort:  

ကောင်းပါတယ်ညီ

ကျေးဇူးပါ bro

လျှပ်စစ်ကသုံရတာအဆင်ပြေသလို
အန္တရာယ်လဲအလွန်ကြီးတယ်

ကောင်းစွာသုံးတတ်​ဖို့လိုတယ်

right ဟုတ်တယ်

ဟုက်​ကဲ့ပါ မမ

ကောင်းတယ်​ဗျ အပိုဒ်​​လေးနဲနဲခွဲ​ရေးရင်
 ပို​ကောင်းသွားမယ်

ဟုက်​ကဲ့ ​နောက်​ပို့စ်​ ​တွေကျရင်​ အပိုဒ်​ခွဲနိုင်​​အောင်​​ဆောင်​ရွက်​ပါ့မယ်

မိတ်​​ဆွေ
ရန်​သူပါ
ကောင်းတယ်​ဗျာ

ကျေးဇူးပါ အစ်​ကို

အထူးသဖြင့် ဖုန်းအားသွင်းထားရင် သတိထားနေရတယ် သွားဆွဲဖြုတ်တာလေ ကလေးတွေက

ဟုက်​တယ်​ အိမ်​မှာဆို တူ​လေးက ခနတိုင်းလုပ်​တာ

ဟုတ်တယ် အိမ်ကသမီးဆို အမြဲ သတိထားနေရတယ်

သတိထားပါဗျ

Now the children will be old man
So parents should be perpared for their future

ကောင်းတယ်bro

သတိထားသင့်​ပါတယ်

ဟုက်​တယ်​ဗျ ​တော်​ရုံမိဘ​တွေက သတိမထားကြဘူး

ကလေးတွေနဲ့အလွယ်တကူ ထိတွေ့မှုမရှိအောင်စီစဉ်ထားသင့်ပါတယ်..

လက်​လှမ်းမမှီတဲ့ ​နေရာမျိုးဖြစ်​သင့်​တယ်

ကလေးတွေကဘာမှသိတာမဟုတ်ဘူး လိုက်ကြည့်နိုင်မှ ညီရေ။

ဟုက်​တယ်​ဗျကြည်​​နေမှ ​တော်​ရာကျတာ

မှန်၏ ကျေးဇူပါ

ကျေးဇူးပါဗျ

ဟုတ်တယ်ဟ .. ကလေးလေးဘက်ထောက်သွားတတ်တဲ့အရွယ်ကစလို့ 
အကုန်လိုက်ကလိတာ .. အရမ်းသတိထားရတယ် ... အန္တရာယ်များတယ်

good post

အိမ်​မှာ တူ​လေးကို ထိန်း​နေရတာဗျ

အ​ရေးကြီးသတင်းပါ

မိဘတိုင်းသိသင့်​တာ

Good knowledge bro

Thank you nyinyilwin for making a transfer to me for an upvote of 1.16% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?