No Return of the Rivers ပြန်မလာသော မြစ်များ ဇာတ်သိမ်းပိုင်း

in #myanmar6 years ago

သမီး အေးငြိမ်းတစ်ယောက်တည်းလား ဖြိုးမပါဘူးလား ။အိမ်ရှင်အန်တီ၏အသံကြောင့် ကျွန်မ မျက်ရည်များကို ယပျာကယာသုတ်ကာ အခန်းဝထွက်ပြီးနှုတ်ဆက်လိုက်သည်။ဟုတ် တစ်ယောက်တည်းပါ အန်တီ မဖြေချင်သောစကားကို ပြောရပြန်ပါပြီ။ညနေ၃နာရီထိုးပြီဖြစ်သဖြင့် ကျွန်မ ရေမိုးချိုးကာ မောင်နှင့် ဆင်တူဝယ်ထားသော အင်္ကျီအပြာရောင်လေးကို ၀တ်လိုက်သည်။ဗိုက်လည်းဆာလှပြီ။ဘာသွားစားရင်ကောင်းမလဲ။မောင်နှင့်သွားခဲ့သော ဆိုင်များကို မသွားချင်ပါ။မြသန်းတိုး ၊ ကန်တင်း၊လေနုအေး ၊လောကချမ်းသာ တို့ ကိုရှောင်ရမည်။သို့ သော်လည်း မကွေးမြို့ တွင် ထိုဆိုင်များကသာ အစားအသောက်ကောင်းလေသည်။မစဉ်းစားမိသေးချိန်မှာပင် သုံးဘီးသမားအားတက္ကသိုလ်ကန်တင်းဟု ပြောမိသွားသည်။ခုမှတော့ ရှိပါစေတော့ ဝေဒနာတိုးရုံထက်မပိုပေ။မောင်ကြိုက်တတ်သော ကြက်သည်းကြက်မြစ်နှင့် ထမင်းငုံ့ စားနေစဉ်မှာပင် ရင်းနှီးနေသော ကိုယ်သင်းနံ့ တစ်ခုကနှာဝကိုလာကျီစယ်သည်။မျက်လုံးရှေ့ ဝင်လာသည်က ညီညာစွာကိုက်ထားသော ပန်းနုရောင်ခြေချောင်းများနှင့် ကတီပါအနက်စီးထားသော သန့် ပြန့် ဖြူဖွေးနေသည့်ခြေတစ်စုံ။ကျွန်မမော့ကြည့်လိုက်မိသည်။အို ကျွန်မမျက်လုံးမမှားပါ မောင်မှမောင်အစစ်ပါပဲ။အနည်းငယ်ပြည့်လာကာ ကျောင်းသားဘ၀တုန်းကလောက်မပိန်တော့ဘဲ လူကြီးလူကောင်းဆန်နေသည်။အင်းလေ မတွေ့ ရတာ၃နှစ်တောင်ကြာခဲ့ပြီပဲ။ချစ် မကွေးကို အလည်လာတာလား။ချစ်ဟုခေါ်သံက အရင်လိုပဲ နွေးထွေးဆဲ။ဒီလိုပါပဲ မောင်ရော။ကိုယ့်ညီ ကျောင်းပြီးသွားလို့ လေ ဘွဲ့ လက်မှတ်လာထုတ်တာ ။ချစ်နဲ့ တွေ့ ရတာအတော်ပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ချစ်ဘယ်မှာနေတာလဲ မောင်လိုက်ပို့ မယ်။အရင်နေရာပါပဲမောင် အော် မောင့်မျက်နှာနည်းနည်းတော့ ပျက်သွားသည်။မောင်အိမ်ထောင်ရေးအဆင်ပြေလား ။ပြေပါတယ်ချစ် မပြေတာတွေရှိတော့လည်း ဒီလိုပဲပြေအောင်ညှိယူရတာပေါ့။မောင်တို့ ကလေးရပြီလား။ကလေးမရသေးဘူးချစ်။ဒါနဲ့ ချစ်ကော အိမ်ထောင်ကျနေပြီလား။ကျွန်မနာနာကျင်ကျင်ပြုံးလိုက်မိသည်။မောင်သာ ကျွန်မနှလုံးသားကို တစ်ကယ်နားလည်ခဲ့မည်ဆိုလျှင် ဤကဲ့သို့ သော အမေးမျိုးမေးမည်မဟုတ်ပါ။မယူတော့ပါဘူးမောင် အိမ်ထောင်ပြုဖို့ စိတ်မ၀င်စားတော့ပါဘူး။မောင်က အဝေးသို့ ငေးနေလေသည်။တဖြည်းဖြည်းနှင့် သုံးဘီးက အိမ်ဝရောက်လာသည်မို့ ဆင်းလာခဲ့သည်။ခြံဝင်းလေးကိုမြင်တော့ မောင်မျက်နှာပျက်ယွင်းလာသည်။
အခန်းတံခါးကို သော့ဖွင့်လိုက်တော့ မောင်က ဦးအောင်ပင် အခန်းထဲဝင်လိုက်လေသည်။တံခါးကို ပြန်စေ့နေချိန်တွင် မောင်ငြိမ်သက်နေသဖြင့် ကြည့်လိုက်တော့ မောင့်မျက်ဝန်းများကစားပွဲပေါ်က မောင့်ဓာတ်ပုံပေါ်မှာငေးစိုက်လို့ ။ကျွန်မ ရေနွေးအိုးကိုငှဲ့ ကာ မောင်ကြိုက်သည့် black ကော်ဖီဖျော်လိုက်သည်။
ပြီးတော့ အိတ်ထဲမှ မောင်အမြဲစားနေကြ goodmorning ကွတ်ကီးထုတ်ကိုထုတ်လိုက်၏။ကျွန်မဒီအစားအစာတွေမကြိုက်ပါ။သို့ သော်မောင်ကြိုက်သည်မို့ အမြဲပင် ကိုယ်နှင့်မကွာဆောင်ထားမိသည်။မောင်ရော့ ကော်ဖီသောက် မုန့် စားလိုက်အုံး။ကျွန်မကို လှည့်ကြည့်သော မောင့်မျက်ဝန်းများမှာ သွေးပျက်ခြောက်ခြားလာလိုက် ပြိုတော့မည့်မိုးနှယ် ဖြစ်သွားလိုက် ဖြစ်နေသည်။ကျွန်မ ဆို့ တက်လာကာ ၀ဲလာသောမျက်ရည်များကို ပုတ်ထုတ်ပစ်လိုက်သည်။ခနအတွင်း ကျွန်မအခြေအနေကို သိရှိသွားသောမောင်က အံ့အားသင့်တုန်ရီစွာ စကားတစ်ခွန်းထွက်ကျလာသည်။ချစ် နင် နင် ဒီ၃နှစ်လုံး ငါ့ကို ကျွန်မ မောင့်နှုတ်ခမ်းကို လက် ဖြင့်အုပ်လိုက်ရင်း မပြောနဲ့ မပြောပါနဲ့ တော့မောင် ချစ်ကို လှောင်ချင်တာလား။မောင်ငိုသည် ကျွန်မပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ခါရမ်းပြီး ငိုပါသည်။ချစ် နင်ငါ့ကို အာ့လောက်တောင် အာ့လောက်တောင် ချစ်ခဲ့တာလားဟာ။ဒါနဲ့ များ နင်ဘာလို့ အဲဒီတုန်းက ငါ့ကိုမတားခဲ့လဲ။ငါ့ကိုဆွဲမထားခဲ့လဲ။နင်ပြုံးပြီး ထွက်သွားဖို့ ပြောခဲ့တယ်လေ။မောင်ထင်လိုက်တာက ချစ်က စိတ်မာတယ် ။တစ်ခြားတစ်ယောက် ထပ်ချစ်ပြီး ပျော်နေလောက်ပြီလို့ ထင်ခဲ့တာ။မောင်အရမ်းမှားသွားပြီချစ်ရယ် ။ချစ်အဲ့လောက်အစွဲအလွမ်းကြီးခဲ့မှန်း မောင်မသိခဲ့ဘူး။မောင်ဘာလုပ်ရမလဲဟင် သူ့ ကိုကွာပြီး ချစ်ကိုယူရမလား။တော်ပါမောင်။ချစ်အခုလိုစကားတွေပြောနေရတာ မောင့်ကိုလိုချင်လို့ မဟုတ်ဘူး။သူများမိသားစုကို ချစ်မဖျက်စီးဘူးမောင်။မောင်ဟိုဘက်ကိုကွာပြီး ချစ်ဆီလာလဲ ချစ်လက်ခံတော့မှာမဟုတ်ပါဘူး။လွန်ခဲ့တဲ့ ၃နှစ်က ချစ် မျက်ရည်ခံမထိုးခဲ့ဘူးဆိုတာ မောင်တွေဝေသွားမှာစိုးလို့ ပါ။ချစ်ကလည်း မိန်းမသားပါမောင်။ချစ်နဲ့ မောင် ရိုးသားပြီး ဟိုဘက်နဲ့ မရိုးမသားဖြစ်နေချိန်မှာ လုပ်ရက်လိုက်တာမောင်ရယ်လို့ တွေးမိရုံကလွဲပြီး လုယူလိုစိတ်မရှိခဲ့ပါဘူး။ဒါတွေအားလုံးက မစောင့်စည်းခဲ့တဲ့ မောင့်အပြစ်တွေပါမောင်.......
မောင်သည် ကလေးတစ်ယောက်လို ကျွန်မရင်ခွင်ထဲခေါင်းငိုက်စိုက်ကျ၍ ငိုနေပါတော့သည်။တစ်ကယ်တော့အချစ်ဆိုသည်မှာ စောင့်စည်းရမည့် သိက္ခာ လူ့ ကျင့်ဝတ်နှင့်ယှဉ်လိုက်လျှင် သေးငယ်သောမြူတစ်မှုန်စာသာရှိ၏။ချစ်ခြင်းမေတ္တာ၏အထက်တွင် ကိုယ်ကျင့်သိက္ခာရှိပြီး ကိုယ်ကျင့်သိက္ခာ၏အထက်တွင်တော့ လူ့ ကျင့်ဝတ်ရှိလေသည်။မောင်နှင့်ကျွန်မ သိပ်ချစ်ခဲ့ပါသည်။သို့ သော် ကျွန်မတို့ နှစ်ယောက်ဘယ်တော့မှ ပေါင်းစည်းနိုင်တော့မည်မဟုတ်ပါ။ အရင်းနှီးဆုံး မိတ်ဆွေဟောင်းလေးအဖြစ်တော့ တည်ရှိနေပါ အုံးမည်။

       ပြီးပါပြီ

Written by @pyaesone101
MSC _ 023

Sort:  

ဖတ်လို့ကောင်းတယ်ဗျာ။စကားပြောခန်းလေးတွေမှာ အဖွင့်ပိတ် " "လေးတွေထည့်ပေးရင်ပိုကောင်းမယ်ဗျ

ဟုတ်​အကို အခုလို အကြံ​ပေး ​ဝေဖန်​​ပေးလို့ ​ကေးဇူးပါပဲဗျ

Wow greate article!
Thanks for using the @postdoctor service!

ဇာတ်​လမ်း​လေး​ကောင်းပါတယ်​ရှင်​။

ကျေးဇူးပါဗျ

ကိုယ့်ကျင့်သိက္ခာကို စောင့်ထိန်းတာ အကောင်းဆုံးပါပဲ။ဇာတ်လမ်းလေးကောင်းတယ်။

ဟုတ်တယ် အမရေ

အား​ပေး​နေပါတယ်​ဗျာ

ကျေးဇူးပါ

ဒါဆိုလည်း ကောင်းပါတယ်၊

ဟုတ် အကောင်းဆုံးပါဗျ ဟဲ ဟဲ

အားပေးခဲ့ပါတယ်

ကျေးဇူးတင်ပါတယ်ဗျာ

ဖတ်​လို့​​ကောင်း​ပါတယ်

ကေးဇူးပါ

အားပေးခဲ့ပါတယ် ရှင်

ကေးဇူးပါပဲဗျာ

ဘာလိုလိုနဲ့ ဇာတ်သိမ်းသွားပြီဗျာ

ဟတ်​ပါ့

အားပေးခဲ့ပါသည်

ကျေးဇူးပါပဲ