မြန်မာ သက္ကရာဇ် ၁၃၈၀ပြည့်နှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့

in #myanmar6 years ago (edited)

မြန်မာနှစ်ဆန်း(၁)ရက်နေ့သည် မြန်မာလူမျိုး ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် ထူးမြတ်လှတဲ့ မင်္ဂလာနေ့မြတ်ဖြစ်ပါတသည်။ ထိုနေ့တွင် တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင်များသည် ကုသိုလ်ကောင်းမှုများပြုလုပ်ကျပါသည်။

အသက်ကြီးရွယ်အိုများကို စုပေါင်းကာ ခေါင်းဆေးမင်္ဂလာပြုပေးခြင်း ခြေသည်းလက်သည်းများ ညှပ်ပေးခြင်းများပြုလုပ်ကျသလို အဘိုး အဘွားများအား ကန်တော့ခံပစ္စည်းစုံစွာဖြင့် ကန်တော့ခြင်း ဥပုဒ်သီတင်းဆောက်တည်ခြင်း စုပေါင်းသွေးလှူ ခြင်း အစရှိသည့် ကောင်းမှုကုသိုလ်များကို ပြုလုပ်ကျပါသည်။ ညနေပိုင်းတွင်လည်း အတာအိုးများနှင့်အတူ စုပေါင်း တရားပွဲများလည်း ကြားနာလေ့ရှိကျပါသည်။ ဆရာတော်များမှ ကမ္မဝါဖတ်ခြင်းနှင့် ပရိတ်ပဌာန်းများကို ရွတ်ဖတ်သရဇယ်ကျပါသည်။ ဆရာတော်များ ရွတ်ဖတ်ထားသော အတာအိုးများနှင့်အတူ ပရိတ်ရည် ပရိတ်ချည် သဲမန်း ဆန်မန်းများကို အန္တရာယ်ကင်းအဖြစ် ရယူပြီး မိမိတို့ အိမ်ဝင်းအတွင်း ပတ်ဖြန်းကာ မကောင်းသော ပရလောကသားများကို မောင်းထုတ်ခြင်းနှင့် မကောင်းသော နိမိတ်များမှ ကင်းဝေးစေရန် ဆုတောင်းလေ့လည်း ရှိကျပါသည်။
image
မြန်မာတို့၏ နှစ်ဆန်း ၁ရက်နေ့သည် ကောင်းမှုကုသိုလ်များနှင့် ထုံမွှမ်းနေပြီလျှင် လူသားခြင်း ချစ်ခင်ရိုင်းပင်းမှုနှင့် ရိုသေလေးစားခြင်းဓလေ့များ လွှမ်းခြုံလျှက်ရှိပါသည်။ မြန်မာသက္ကရာဇ် ၁၃၇၉ခုနှစ် ကုန်ဆုံးပြီး ၁၃၈၀ ခုနှစ်ရောက်ရှိလာပေပြီ။ ထို့ကြောင့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးသော အချိန်အခါတွင် မြန်မာပြည်သူ ပြည်သားများနှင့်တကွ တကမ္ဘာလုံးရှိ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံး ဘေးရန် ခပ်သိမ်း ကင်းရှင်းကျပါစေ ဆင်းရဲခပ်သိမ်း ကင်းရှင်းကျပါစေ ဒုက္ခခပ်သိမ်းရှင်းကျပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကျပါစေကြောင်း မေတ္တာပို့ခြင်းနှင့်အတူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကျပါစေကြောင်း နှစ်သစ်ကူး လက်ဆောင်ပါးလိုက်ရပါသည်။
image
@suhlaing
msc 175
credit facebook image&

Sort:  

နှစ်​သစ်​မှာ ​ပျော်​ရွှင်​ချမ်း​မြေ့ပြီး လိုရာ ဆန္ဒ​တွေ ပြည့်​ဝပ​စေလို့ ဆု​တောင်းလိုက်​ပါတယ်​ မစု ခင်​ဗျား ..

မစု လည်းနှစ်​သစ်​မှာ ​ပျော်​ရွှင်​ချမ်း​မြေ့စွာ ​လျှောက်​လှမ်းနိုင်​ပါ​စေ

ကျေးဇူးပါ အောင်ကြီးရေ

You got a 7.96% upvote from @minnowvotes courtesy of @suhlaing!

This post has received a 16.14% upvote from thanks to: @suhlaing.
For more information, click here!!!!

Try the new Minnowhelper Bots for more information here

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

You got a 21.90% upvote from @minnowfairy!

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ခြင်းများ ပြည့်စုံပါစေဗျာ။

ကွီးရွှေလည်း ထပ်တူပြည့်ပါစေရှင့်

နှစ်သစ်မှာ ကျန်းမာချမ်းသာလို့ အစဉ်အမြဲပျော်ရွှင်နိုင်ပါစေမစုရေ။ ......

အမှန်ပြောရရင် engilshခုနှစ်ပဲသိတယ်
မြန်မာခုနှစ်သက္ကရာဇ်တွေ မေ့မေ့နေတယ်😁😁

ကျမလည်း မှတ်ထားလိုက်မေ့သွားလိုက် ဒါပေမဲ့ ဒီနှစ်တော့ မှတ်မိပြီ

မြန်မာပြည်သူ ပြည်သားများနှင့်တကွ တကမ္ဘာလုံးရှိ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံး ဘေးရန် ခပ်သိမ်း ကင်းရှင်းကျပါစေ ဆင်းရဲခပ်သိမ်း ကင်းရှင်းကျပါစေ ဒုက္ခခပ်သိမ်းရှင်းကျပါစေ