သာယာအေးမြ မနက်ခင်းအလှ ကြည်နူးဖွယ်ရာ တို့အညာ

in #myanmar6 years ago (edited)

image
အာလုံးပဲ မင်္ဂလာပါခင်မျာ....

မင်္ဂလာ အပေါင်းနှင့် ခညောင်းနိုင်ကြပါစေ....

မနက်မိုးလင်းတာနဲ့ အိပ်ယာထပြီး လမ်းလျောက်ဖို့ရန်ပြင်ဆင်ပါသည်။ သွားတိုက်မျက်နှာမသစ်ခင် "လူနတ်ဗြဟ္မာ သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ" ဟု မေတ္တာပို့သပါသည်။
image
ကမ်းနားလမ်းတလျောက် လမ်းလျှောက်ရင်း လှပစွားစီးဆင်းနေတဲ့ မြစ်ပြင်ကျယ်ကြီးကို မြင်ရသည်။ လေအေးအေးလေးမို့ အသက်ရှူ ရတာ လွပ်လပ်ပေါ့ပါးလျက်ရှိသည်။ ကမ်းစပ်တွင် ရေဘဲလေးတွေ အစာရှာနေကြသည်။ မိမိဝမ်းစာ မိမိကိုယ်တိုင် နေစဉ်ရှာစားနေကြသည့် ရေဘဲအုပ်လေးကို ကြည့်ရင်း ကိုယ့်ကိုယ်ကို စိတ်ဓာတ်မြှင့်တင်လိုက်သည်။

မနက်ခင်း ကျနော်လမ်းလျောက်တိုင်း သူတို့လေးတွေကိုမြင်တွေ့ရသည်။ တခါတခါ သူတို့တွေက အစာရှာရင်း တစ်ကောင်နဲ့တစ်ကောင် ( စနောက်နေသယောင် ) ရေထဲမှာ ကူးခတ်နေကြသည်။ "ကျွမ်းကျင်ရာ လိမ္မာရာ" ဆိုသလို သူတို့တွေ အစာရှာရတာ ကျွမ်းကျင်နေသလို ဟုထင်မိသည်။ ငါးလေးတကောင် မိပီဆိုတာနဲ့ ချက်ချင်းမိုးပေါ်မြှောက်တင်လိုက်ပီး နှုတ်သီး(ပါးစပ်)နှင့် ကျွမါးကျင်စွာ ဖမ်းယူစားပစ်လိုက်သည်။

လူတွေလည်း သူတို့လိုပါပဲ ကိုယ်လုပ်ကိုင်နေကျ ကိုယ့်လုပ်ငန်းခွင်မှာ အခက်ခဲမရှိ ကျွမ်းကျင်စွာပြုလုပ်တတ်ကြသည်ဟု ကျနော်တွေးမိသည်။ ဟိုး...အဝေးဆီက တံငါသည်အိမ်လေးကို မြင်တွေ့ရသည်။ မနက်စောစောထပီး သူတို့တွေ ဝမ်းရေးတွက် ရုန်းကန်နေရရှာသည်။
image
ရှေ့ဆက်ပီး လျှောက်လာခဲ့လိုက်သည်။ ဦးပဇင်းလေးတစ်ပါး နှစ်ပါး ဆွမ်းခံကြွလာသည်။ မနက်စောစောထပီး အာရုံဆွမ်းလောင်းလှူ ကြသည့် မြန်မာ့ဓလေ့ဟာ အင်မတန်မှ ဝမ်းမြောက် ကြည်နူးစရာပါ။ အနီရောင် လက်ပံပွင့်တွေရယ်၊ အရှေ့ရပ်မှ အနီရောင် နေဝန်းကြီးရယ်၊ ဦးပဇင်းလေးရဲ့ သင်္ကန်းအနီရောင်လေးတွေက မနက်ခင်းကို ပိုပီးကြည်နူးစေသယောင် မြင်တွေ့ ဖူတွေ့ရသည်။
image
ဆက်ပါဦးမည်...
ကျေးဇူးတင်ပါသည်

Author by Thant Zin Oo(magway)
Myanmar