သားသို့​ပေးစာ letter from father (Original story by @thatkozaw)

in #myanmar6 years ago (edited)

IMG_20171204_131749.jpg
သား​ရေ အ​ဖေ စာ​ရေးလိုက်​ပါတယ်​။ ငါ့သားအလုပ်​များ​နေမယ်​ ထင်​တယ်​။ ကျန်းမာ​ရေး​လေး ဂရုစိုက်​ပါ။
အ​ဖေ ဒီရက်​ပိုင်း ​နေမ​ကောင်းအရမ်းဖြစ်​တယ်​။ ကျန်းမာ​ရေးအ​ခြေ​နေ​တွေက သိပ်​မ​ကောင်းချင်​လှဘူး။ အ​ဖေ့ သက်​တမ်းသိပ်​မကျန်​​တော့ဘူးထင်​တယ်​ သား။ ​အ​ဖေ့ဆီ​ရောက်​ဖြစ်​​အောင်​ တ​ခေါက်​လာခဲ့ပါဦး။ အဆင်​​ပြေတဲ့အချိနိ။ ကျန်​​သောအချိန်​​လေးမှာ စိတ်​ပှုတာ သားတို့ကိုပါ။ တသက်​လုံးဆုံးမပီးပီဆို​ပေမယ့်​ အ​ဖေ့စိတ်​ထဲ​တော့ ဆုံးမစရာ​တွေ ကျန်​​နေသလိုပဲ ခံစား​နေရ​သေးတယ်​။ ​အ​ခြေ​နေ​ပေးတာနဲ့အ​ဖေ့ဆီ တ​ခေါက်​ လာဖြစ်​​အောင်​လားခဲ့ပါဦးကွယ်​။
နောက်​ဆုံးအ​ဖေ မှာချင်​တာ​လေး​တွေမှာသွားချင်​​သေးတယ်​။
images (1).jpeg
မ​နေ့က အ​ဖေ​ဆေးရုံတခုမှာ ​ဆေးသွားစစ်​ရတယ်​။
ဆရာဝင်​ကငယ်​ငယ်​​လေးနဲ့ ပါရဂူ ဘွဲ့ရထားတယ်​ သားနဲ့မှရွယ်​တူ​လောက်​ပဲထင်​တယ်​။ သားကို အဲ့လိုပညာတတ်​ကြီးဖြစ်​​အောင်​ အ​ဖေ သွန်​သင်​မှုမ​ပေးနိုင်​ခဲ့တာ ခွင့်​လွတ်​ပါသား။ ​ဖြစ်​တဲ့​ရောဂါ​ပြောပြအပီး
ဆရာဝင်​​မေးတဲ့ ​မေးခွန်း​တွေက အ​ဖေ့ကို​တွေးစရာဖြစ်​လာတယ်​။ ​အ​ဖေ့ဗိုက်​က ခွဲခဲ့အမာရွတ်​ ကို​တွေ့​တော့ ဘာ​ကြောင့်​လဲ​ဆရာဝင်​​လေး​မေးရင်း တချက်
ခွင့်​လွတ်​ပါဘုရား အရှင်​ဘုရား ငယ်​ဖြူလား?၊ ​တောထွက်​လား​?
တောထွက်​ဆို ငယ်​စဉ်​က အရက်​​သောက်​ခဲ့သလား?
မေးလာတယ်​သား။
ဆရာဝင်​​လေးက လူနာရဲ့ bio ​တွေသိရမှ ဘာ​ကြောင့်​ဘာဖြစ်​နိုင်​တယ်​​ ခန့်မှန်း​​ရမှာမဟုတ်​လား။
အ​ဖေလည်း​ဖြေခဲ့တယ်​ ​တောထွက်​ပါ အဲ့ဒီခွဲဒဏ်​ရာကလည်း အရက်​​ကြောင့်​ အူသုံး​ပေထုတ်​ခဲ့ရတာပါ။
ရဟန်းဝါ 15 ဝါရှိပီး​ကျောင်းထိုင်​​နေပါတယ်​​ပေါ့။

"ဘယ်​​လောက်​ထိ​သောက်​ခဲ့လဲ?
ဆေးလိပ်​​ကော​ ​သောက်​သလား?
ဘယ်​​လောက်​ထိ​သောက်​ခဲ့သလဲ?"
အ​ဖေ​ဖြေရခက်​ပီသား အ​ဖေမမှတ်​နိုင်​​အောင်​ ငယ်​စဉ်​က​သောက်​ခဲ့တယ်​။ ​ရေချိုးရင်​​တောင်​ ​ခေါင်းမ​လောင်းမချင်း ​ဆေးလိပ်​မချခဲ့ဘူး။

"အရှင်​ဘုရား ငယ်​စဉ်​ကေ​သာက်​ဒဏ်​​ကြောင့်​ အဆုတ်​​တွေ အ​တော်​ပျက်​ဆီး​နေတာ​တွေ့ရတယ်​။
အခုဖြစ်​​နေ​သော ​ရောဂါများသည်​ အရှင်​ဘုရားငယ်​စဉ်​က ​ဒဏ်​​တွေ စုခံ​နေရပုံပဲဘုရား။ သက်​​တော်​ 72 ဆို​တော့ အသက်​ကြီးလာပီး ​ဆေးကို ​ရေရှည်​စွဲ​သောက်​ ရမည်​ဘုရား။ ချက်​ခြင်း​အောက်​ကင်းဖို့မဖြစ်​နိုင်​ပဲ ​ဖြေး​ဖြေးချင်းစိတ်​ရှည်​ စွာကုပါ" ​ပြောတယ်​သား။

သားအစ်​မ ကတဆင့်​ သားအခု​သောက်​​တတ်​နေ​ကြောင်း ကိုကြား​တော့ အ​ဖေ​ပြောချင်​တယ်​သား။
သားဆယ်​​တန်း​အောင်​ရင်​ အ​ဖေ ​သေ​ပျော်​ပီဆိုပီး ​အောင်​စာရင်းထွတ်​တဲ့​နေ့မှာပဲ အ​ဖေ ရဟန်း​ဘောင်​တတ်​ခဲ့တာ အခုဆို 15နှစ်​ပြည့်​ခဲ့ပီ။ ​အဲ့ဒီမတိုင်​ခင်​မှာ အ​ဖေ ဘယ်​​လောက်​ဆိုးခဲ့တာသားမှတ်​မိလိမ့်​မယ်​ထင်​ပါတယ်​။ အဲ့လို ဆိုးမိုက်​ခဲ့တဲ့ ဒဏ်​​တွေ အသက်​ကြီးလာတဲ့အခါ အ​ဖေ့ လိုဖြစ်​မယ်​ဆိုတာ သားတချက်​​တွေးကြည့်​​ပေးပါ။ ​ယောက်ျား​လေးတ​ယောက်​အ​နေနဲ့ အ​ဖေ မ​​သောက်​နဲ့မ​ပြောချင်​​ပေမယ့်​ တခါတရံသာ​ကောင်းပါတယ်​သား။ တ​နေ့​နေ့တချိန်​ချိန်​ အ​ဖေ့လို ဒဏ်​​တွေ ခံရမှာ သားကိုသိ​စေချင်​တယ်​။ ငယ်​စဉ်​က ကျန်းမာ​ရေး​ကောင်း ​နေလို့ မသိသာ​ပေမယ့်​ အ​ဖေ့လို အသက်​အရွယ်​​ရောက်​လာရင်​ အ​ဖေနဲ့ရွယ်​တူ​တွေ​ သွက်​သွက်​လက်​လက်​ သွားလာနိုင်​ချိန်​မှာ အ​ဖေ့လို​နောင်​တ​တွေ သားကိုမ​တွေ့​စေချင်​ဘူးသား။
ဂရုစိုက်​ပါသား ကျန်းမာ​ရေးကို အဲ့ဒီ မှုးယစ်​​ရီ​ဝေ အရသာ​တွေဟာ တ​နေ့ သားကို ​နောင်​တ​တွေ သယ်​​ဆောင်​လာလိမ့်​မယ်​။ တကယ်​တန်း​ပြောရရင်​ ခဏတာ ရှုးတာ​တွေပါသား။ ​နောက်​ပိုင်းသားကိုသူတို့ ထိန်းချူပ်​လာကြမယ်​။ ​နောက်​ပိုင်းသားကိုသူတို့နိုင်​သွားမယ်​သား။ အခုကတည်းကသားသူတို့ ကိုအနိုင်​တိုက်​ပါသား ​စောတုန်းကတည်းက တိုက်​ရင်​ သားပိုလွယ်​မယ်​သား။
အ​ဖေအား​ပေး​နေမယ်​။
iStock-533711390-cover-letter-594999573df78c537b673090.png
နောက်​တခု အ​ဖေသားကို သတိ​ပေးချင်​တာက သားမိသားစုအိမ်​​ထောင်​ဦးစီးအ​နေနဲ့ သား စီးပွား​ရေး ​တွေလုပ်​​နေသလို ဘဝမှာအများကြီးထပ်​လုပ်​​နေရဦးမယ်​။ စီးပွား​ရေးတခု ​ရွေးချယ်​တဲ့အခါ သမ္မာအာဇီဝ ဆို​သော စကားကိုမ​မေ့ပါနဲ့။ မိမိ​ကြောင့်​ သူတပါးဒုက္ခ​ရောက်​​စေ​သော ကုန်​ပစ္စည်း​ရောင်းပီး အသက်​မ​မွေးပါနဲ့သား။ ​မချမ်းသာချင်​​နေပ​စေသား စီးပွား​ရေးကို ​သေချာ ​​ရွေးချယ်​ပီးလုပ်​ပါ။ သားကြိုးစားသ​လောက်​ သမ္မာ အာဇီဝလုပ်​ငန်း​တွေလည်း ချမ်းသာနိုင်​တာအများကြီးပဲ။ ​​ရွေးချယ်​ပီး ​သေချာကြိုးစား ဇွဲရှိရှိလုပ်​ပါ။
အ​ဖေသားတို့ကို​မွေးတုန်းက စား​သောက်​ဆိုင်​ တံဆိပ်​တတ်​ပီး အရက်​​ဆိုင်​တခု သားမှတ်​မိ​သေးလား။ ဖြစ်​လိုက်​​သောစီးပွားဆိုတာ ပိုက်​ဆံသိမ်းရတာ​တောင်​ လက်​မလည်​ခဲ့ဘူးသား။ သို့​သော်​ အများတကာ ​ရောဂါရ​အောင်​လုပ်​ခဲ့​သော သမ္မာအာဇီဝမကျ​သော​ကြောင့်​ထင်​တယ်​သား။ ပါနီထဲကလာပီး ပါနီထဲသွားတယ်​ဆိုတဲ့အတိုင်း အရက်​​ကြောင့်​ ​သေဖို့ဖြစ်​ခဲ့​သော
့အ​ဖေ့အသက်​ကို နှစ်​ချီ​ဆေးရုံ​ပေါင်းများစွာမှာ ကယ်​ခဲ့ရ​သော​ကြောင့်​ သားတို့ကို အိမ်​ကြီးခြံကြီး​တွေ အ​မွေမထားခဲ့နိုင်​ဘူးသား။ အခုသားအစ်​မ ကွမ်း​ရောင်​တာ​တောင်​ အ​ဖေ့အ​နေနဲ့ သမ္မာအာဇီဝလို့မထင်​ဘူးသား။ ကင်​ဆာ​တွေ​ရောင်း​နေတာလို့ထင်​တယ်​။ သားစီးပွား​ရေးလုပ်​တဲ့အခါ ​ငွေလည်းရ အများကိုကူညီနိုင်​​သော အလုပ်​ဖြစ်​ဖို့ ​သေချာ​ရွေးချယ်​ပါသား။

ငါ့သား
အ​ဖေ့ဘဝမှာ​သောက်​စားမှုးရစ်​ခဲ့​သော ​နောင်​တရှိ​ပေမယ့်​ သား အ​ဖေ သူများပစ္စည်းဆို အပ်​တိုတ​ချောင်း​တောင်​မခိုးခဲ့ဖူးဘူး ဆိုတာ အ​ဖေ ဂုဏ်​ယူဝံ့ကြွားစွာ​ပြောရဲတယ်​သား။ ဘာ​ကြောင့်​ဆို​သော်​ အ​ဖေ သိပ်​ နှစ်​သက်​တဲ့ ဦးနုရဲ့ ကာမတဏှာ ဝတ္တုထဲက အ​ဖေတ​ယောက်​ သားကိုဆုံးမတဲ့စကားကို ဖတ်​မိပီး တ​နေ့ အခုလိုသား​ရှေ့ ရဲရဲဝင့်​ဝင့်​​ပြောရဲ​အောင်​ ​စောင့်​ထိန်းခဲ့တယ်​ သား။ သားလည်း တချိန်​ကျရင်​ သားရဲ့သား အ​ဖေ့ရဲ့​မြေးကို အဲ့လိုရဲရဲဝံ့ဝံ့ ​ပြောနိုင်​​အောင်​ လစာ​တော့သိပ်​မရဘူး ကြား​ပေါက်​​တော့မဆိုးဘူးဆို​သော အလုပ်​​တွေ ​ဝေး​ဝေး​ရှောင်​ပါသား။ ခိုးမှစားရ​သောအလုပ်​​ဝေး​ဝေး​ရှောင်​ပါသား။ သားရဲ့သား​သည်​ ဘယ်​​တော့မှ သူ့အ​ဖေ ခိုးမစားဘူးဆို​သော ​လေးစားမှုကို ကိုယ်​တိုင်​ထိန်းရမယ်​သား။

received_817512335096928.gif

That Ko Zaw
MSC 005

Sort:  

ခံစားရပါတယ်ဗျာ ကိုယ့်ကလေးကိုလည်း ကိုယ် ဘာတွေ ပြန်ပေးမလဲ တွေးနေရတယ်

ဟုတ်​တယ်​ကို​စော

မူးရစ်သောက်စားတာက လွှဲပြီး နောင်တရစရာ မရှိ ခဲ့ပါဘူးတဲ့ ။အဖေ ကို သတိ ရမိတယ် ကိုသက်ရယ် ကျွန်တော် အဖေ လဲ စာထဲကလို ပဲ ဗျာ။

,အခုရှိ​သေးလား

မရှိတော့ဘူး ကိုသက်

အဖေဖြစ်စေချင်သလို ဖြစ်ပါစေဗျာ

ကြိုးစားရမှာပ

က်ြသီးမွှေးညင်းပါ ခုနှစ်ကြိမ်တိတိထသွားရပါကြောင်း။ ရောက်ခဲ့ပြီးပြီလား

မ​နေ့ကထိ​ဆေးရုံ​စောင်​​နေတာအစ်​ကို ကျ​နော့စိတ်​ကူးနဲ့​ရေးမိတာပါ

ကျွန်တော့အဖေလဲခုချိန်ထိဆုံးမဆဲပါကျွန်တော့်ကို

ညီ အ​ဖေ့​နေရာက​နေကိုယ်​​ရေးမိတာပါ

ငါဘယ်​​ရောက်​​ကောက်​အမြဲလိုက်​​သောညီ