ကိုယ်တိုင်ရေး ရာဇဝင်

in #myanmar6 years ago

ကျွန်တော်သည် အသက် ၃၄ နှစ်အရွယ်လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ ၂၀၀၀ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲကိုအမှတ်သင့်တင့်ဖြင့် အောင်မြင်ပြီး ကွန်ပျူတာကောလိပ်သို့ တက်ရောက်ခဲ့ရာ ဂုဏ်ထူးတန်းခေါ် Hons; တန်းကို Software အထူးပြု ဖြင့်အောင်မြင်ခဲ့သည်။ ကျောင်းပြီးသည်နှင့် ကံကောင်းထောင်မစွာ ဓာတုပေဒ စက်ရုံတစ်ခုတွင် အလုပ်ရှိခဲ့ပါသည်။ ထိုစက်ရုံတွင် ၆ နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစက်ရုံမှ မထွက်မီတွင် ရာထူးတိုးအတွက် အင်တာဗျူး ဖြေဆိုပြီး ခါစတွင်ထွက်ခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံတွင်ဆက်လက်လုပ်ဆောင်ပါက တစ်ဆင့်မြင့်ရာထူတိုးမည်ကိုလည်း သိထားပြီးဖြစ်သည်။ ကျွန်တော်သည် မိမိအရည်အချင်း မိမိ လုပ်ဆောင်ချက်ကို အမြဲယုံကြည်ခဲ့သည်။

20180115_074259.jpg

ထိုစက်ရုံမှထွက်ခွာပြီးနောက် ကွန်ပျူတာတစ်လုံး ကင်မရာတစ်လုံးဝယ်ယူလျက် စာစီစာရိုက် ဓါတ်ပုံလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ ထိုသို့လုပ်ကိုင်ရာ ၆ လခန့်အကြာတွင် လက်ပတောင်းကြေးနီ သတ္ထုတွင်းဆိုသည့် မြန်မာနိုင်ငံတွင်အကြီးဆုံး ကြေးနီသတ္တုထုတ်လုပ်သည့် ကုမ္ပဏီပေါ်လာရာ ထိုကုမ္ပဏီတွင် လုပ်ကိုင်ခွင့်ရရန် အိပ်မက်မက်လေတော့သည်။ ထိုအချိန်တွင် ကွန်ပျူတာကျွမ်းကျင် ၂ဦး အလုပ်ခေါ်ရာ ကျွန်တော်ဝင်ရောက်လျောက်ထားခဲ့သည်။

images (1).jpg

အလုပ်လျောက်ထားသည်ကတစ်ဖက် ကျန်သည့်တဖက်ကလဲ အိမ်ထောင်ပြုရန်စီစဉ်နေခဲ့လေသည်။ ဤသို့ဖြင့် အလုပ်မှ အင်တာဗျူး ဖြေဆိုခဲ့ပြီး အလုပ်ရရန်လည်းသေချာသလောက်ဖြစ်နေခဲ့သည်ဟု ကိုယ့်ကိုကိုယ်ထင်ခဲ့သည်။ တဖြေးဖြေးနှင့် မင်္ဂလာဆောင်သည့်ရက်တွင် အလုပ်မှ အလုပ်ခန့်အပ်ရန်အတွက် ဆေးလာရောက်စစ်ဆေးရန် အကြောင်းကြားခဲ့လေသည်။ အင်မတန်ကံကောင်းသည်က မင်္ဂလာဆောင်သည့်နေ့တွင် လာခဲ့ဟုခေါ်ပါက ကျွန်တော်မည်သို့မျှ သွားနိုင်မည်မဟုတ်ဘဲ ရမည့်အလုပ်တစ်ခု ဆုံးရှူံးးရမည်ဖြစ်သော်လည်း မင်္ဂလာဆောင်ပြီး နောက်ရက်မှလာရန်ခေါ်သည်မှာ ကံကောင်း၍ဖြစ်သည်။ ထို့အပြင် ဆေးစစ်မည်ကိုလည်းစိတ်ပူစရာမရှိပေ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် သွေးလှူရှင်အသင်းနှင့် ချိန်ဆက်၍ မကြာခနလှူလေ့ရှိသောကြောင့် ဆေးအောင်မည်ကိုလည်း ကြိုတင်သိနေခဲ့သည်။

71B0Kf9dw6L._SL1000_.jpg

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထိုကုမ္ပဏီတွင် CCTV ဌာနတွင်စတင်တာဝန်ထမ်းဆောင်ခဲ့လေသည်။ ထိုဌာနတွင်အလုပ်လုပ်ကိုင်နေစဉ် အခြားဌာနများမှ ကွန်ပျူတာများ ပျက်သည့်အခါ သွားရောက်ကြည့်ရှုခြင်း Window တင်ခြင်း Anti virus ဆော့ဝဲမျာူ Update လုပ်ပေးခြင်း Printer များ share ပေးခြင်း အစရှိသည့် Service များငို လိုက်လံကြည့်ရှု ပြင်ဆင်ပေးလေ့ရှိရာ IT ဌာနမှ တရုတ်ဖြစ်သူမှ သိရှိသွားပြီး သူ့ဌာနသို့ လစာတစ်ဆင့်တိုးပြီးခေါ်ဆောင်သွားရာ IT ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုဌာနတွင် ကွန်ပျူတာ Service, TV service, Network, phone, CCTV အစရှိသည့် ၅ မျိုးအားတာဝန်ယူလုပ်ဆောင်ခဲ့ရသည်။
ထို့ဌာနတွင် လုပ်ကိုင်ရင်း fiber ဆွဲခြင်း fiber ဆက်ခြင်းနှင့် Phone Server ထိုင်ခြင်းတို့ ကို လေ့လာသင်ယူခွင့်ရရှိခဲ့ပြီး တတ်ကျွမ်းလုပ်ဆောင်ခဲ့ရာ တစ်နှစ်ခန့်အကြာတွင် ထိုဌာနတွင်ပင် တစ်ဆင့်မြင့်ရာထူးတိုးခဲ့လေသည်။

EWxHH.jpg

ထိုဌာနတွင် လုပ်ကိုင်ရင်း HR ဌာနမှ ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရန် သင်တန်းအမျိုးမျိုး ပို့ချပေးရာ ကျွန်တော်သည် ကွန်ပျူတာသင်တန်းအားတာဝန်ယူသင်ကြားပေးခဲ့ရသည်။ ဤသို့ဖြင့် ၆ လခန့်အကြာတွင် ထို HR ဌာနသို့ အပြီးခေါ်ဆောင်ခြင်းခံခဲ့ရလေသည်။ ဤသည်ကား ကျွန်ုပ်၏ ဘဝတစ်စိတ်တစ်ပိုင်းဖြစ်လေတော့သည်။

Post Writer : Thet Naing Min(@thetnaingmin)
From Myanmar
Photo Credit google Image
MSC-129

Sort:  

ဘဝ အစ အမှတ်တရလေးပေါ့ ..

ကိုယ့်ဘာသာကိုမှတ်မိအောင်လို့ပါ တီတီ

ဟုတ်ကဲ့ ခုလိုသိခွင့်ရလို့ ဗဟုသုတလည်းရတာပေါ့ဗျာ

ကျေးဇူးပါ

ဖတ်​လို့​ကောင်းတယ်​....Good writing & post👍

ကျေးဇူးပါညီမရေ

ဗဟုသုတ တိုးပါတယ်ဗျာ

ကျေးဇူးပါ

ဆက်ရန်မလာတော့ဘူးလားဗျို့

တကယ်တော့ရေးချင်တာတစ်မျိုး ရေးဖြစ်သွားတာတစ်မျိုးဖြစ်သွားတယ်

ကြီး is the best..😍😍

ချစ်ဆုံးပီးမှဘါနော်

တော်​​သေးလို့ နို့မို့ဆို သတိုးသားမပါ ဘဲ မင်္ဂလာပွဲကျင်းပရ​တော့မလို...

အဟုတ်ဘဲ မင်္ဂလာဆောင်နေတုန်းဖုန်းဝင်လာတာ တော်တော်ကိုကံကောင်းသွားတယ် တော်ကြာမိန်းမနဲ့ အလုပ် ကြိုက်ရာရွေးဖြစ်နေမာ

nice post brother ,thank

အားကျတယ်ဗျာ

တကယ်တော့ရေးချင်တာတစ်မျိုး ဗျို့

ဖတ်​လိုသိတ်​​ကောင်း

ကျေးဇူးပါ

ချီးကျူး ပါတယ်‌ ညီ။ ဆက်‌လက်‌ ကြိုးစားပါ။

ဟုတ်ကဲ့ပါကွီးရေ

ရေးထားတာလေး
သပ်ရပ်လွန်းပါတယ် ကွီး

တကယ်နော်ဟီး မြောက်သွားဘီ

သိခွင့်ရတဲ့အတွက် ကျေးဇူးပါ

ဟုတ်ကဲ့ပါ

ကောင်းတယ်​အကို

ကျေးဇူးပါညီမရေ နောက်တစ်ခါ ပရိုကူစစ်မယ့်ရက် မမှားစေနဲ့အုန်းနော် ဟီးး စတာနော်

Boi​လေး​ပေည့

ညီ့ကိုစောင့်နေတာ တင်ပြီးဘီလား

စိတ်ဝင်စားဒယ် onling learning လုပ်ပြီးလာသင်ရမယ်ထင်ပါတယ်

အမှတ်ရစရာဘ၀ရဲ့အတွေ့အကြုံတွေပေါ့..