အထီးကျန်ခြင်းဆိုတာ

in #myanmar7 years ago (edited)

အထီးကျန်ခြင်းဆိုတာ
အကျည်းတန်ပေမဲ့ လွတ်လပ်အေးချမ်းတဲ့ အရသာတမျိုးပါ.....
ကိုယ်ကတော့ အတ္တမာနတွေ ရှေ့တန်းတင်ပီး မိသားစုတခုတည်ဆောက်ချင်နေတဲ့စိတ်မျိုးထက်
အထီးကျန်နေရတာ ပိုနှစ်သက်လာတယ်...
မျက်နှာဖုံးရောင်စုံတပ်ပီး လူအများရှေ့ဟန်ဆောင်ပြုံးနေရတာထက် ဘာမှမပိုင်ဆိုင်ရလည်း အေးချမ်းနေရတာဘဲ ကိုယ်လိုချင်လာမိတယ်...
ဒီအတွေးတွေဟာ အသက်ကြီးလာခြင်းရဲ့ပြယုဒ်တခုဆိုရင်လည်း အဖွားကြီးဘဲဖြစ်နေပါရစေ
ဒါပေမဲ့ ပျော်ရွှင်ခြင်းစစ်စစ် အပြုံးစစ်စစ်တော့ ပိုင်ဆိုင်ပါရစေ
IMG_5552.JPG
Photo Credit By google Image
Author:@thanthansoe(Steemit)