လှတောသား စကားကပ်တော့ ဆရာတော်က လှည်းကြုံမတင်ချင်ဘူး။
စကားမများပါဘူးဆိုတဲ့ ကတိနဲ့ လိုက်ခွင့်တော့ ပြုလိုက်သတဲ့။
လမ်းမှာ ဖွတ်တကောင်ဖြတ်ပြေးတာတွေ့တော့ ဆရာတော်က ''တွင်းအောင်းသတ္တဝါများ ကျောရိုး တယ်ရှည်သကိုး'' လို့ ပြောတော့ လှတောသားက
''တွင်းအောင်း သတ္တဝါတိုင်း ကျောရိုးရှည်ရမယ်ဆို ကဏန်းတွေဆို ရထားတွဲလိုနေမှာဗျ'' လို့ ကပ်ပြောသတဲ့။
ဆရာတော် မျက်စောင်းထိုးတော့ လှတောသား ငြိမ်ပု သွားရော။
တစ်နေရာရောက်တော့ ရေတိုက်စားလို့ ကမ်းပါးပြိုနေတာကို မြင်တော့
''သံစောင်းထက် ရေစောင်းထက်ဆိုတာ အဲဒါပေါ့'' လို ဆိုပြန်သတဲ့။
လှတောသား ပါးစပ်ပြင်လိုက်သေးတယ်၊ ပြီးမှ ပြန်ထိန်းပြီးနေလိုက်သတဲ့။
မနေလဲ နွားရိုက်တဲ့ ကြိမ်က သူ့ကျောပြင်ကို ဗျောတင်တော့မှာကိုး။
လမ်းခုလတ်မှာ လှည်းကိုရပ် ဆရာတော်ကိုလဲ ဆွမ်းကပ်ဖို့နဲ့ နွားတွေလဲ အနားပေးရင်း ဇရပ်တစ်ခုမှာ စခန်းချကြသတဲ့။
''ဟေ့ဒကာ မင်းလဲ အလကားမနေနဲ့ သွား ရေနွေးတည်ဖို့ ထင်းရှာချေ'' လို့ဆိုတော့ လှတောသား ထွက်သွားတယ်။
တော်တော်နဲ့ ပြန်မရောက်။
ဆရာတော်က ဆွမ်းဘုန်းပြီးလို့ ရေနွေးသောက်ချင်နေပြီ။ ဒင်းကပေါ်မလာ။
ဒါနဲ့နောက်ကလိုက်သွားကြည့်တော့မှ ဒင်းက ထင်းတုံးကို ရေနဲ့လောင်းနေတာ တွေ့ရသတဲ့။
ဒါနဲ့ မေးကြည့်တော့ ''ဆရာတော်ပဲ သံစောင်းထက် ရေစောင်းထက်ဆို၊ အာ့ကြောင့် ဓားနဲ့မခွဲပဲ ရေနဲ့ပက်ခွဲနေတာ" လို့ဖြေသတဲ့။
ဆရာတော်လဲ သူ့စကားနဲ့သူဆိုတော့ အံကြိတ်နေလိုက်ရတယ်။
ရေနွေးမသောက်ရတော့ စိတ်ကမကျေနပ်ဘူး။
ဒါနဲ့ သူ့ဒကာကပ်တဲ့ သင်္ဘေားသီးလေး အချိုတည်းရင်းက ''ပင်မှည့်သီးများ တယ်ချိုသကိုးကွယ့်'' လို့ ရေရွတ်သတဲ့။
ဆရာတော် ဆွမ်းကျန်ကို ကပ္ပိယနဲ့အတူဝါးနေတဲ့ လှတောသားက ကိုက်လက်စ ငရုပ်သီးမှည့်လေးပြပြီး "ဆရာတော် အဲဒါဆို ဒါမျိုးလေးဘုန်းပေးပါလား" လို့ဆိုသတဲ့။
ဆရာတော့် ဒေါသဒီဂရီက မရတော့ဘူး။
နွားရိုက်တဲ့ ကြိမ်ပြေးဆွဲပြီးဆော်တော့တာပေါ့။
ဒါကို ဆရာသမားက ပါးစပ်ကနေ ''ရတနာ နှစ်ပါးကယ်တော်မူပါ'' လို့ အော်သတဲ့။
ရတနာဆိုတာ သုံးပါးရှိတာဟ ကဲဟာ ကဲဟာ ဆိုပြီး ဆက်တီးတာပေါ့။
ဒါကို
''ရတနာတစ်ပါးက ကိုယ့်ကိုဆော်နေတာ ဘယ်လိုလုပ် ကယ်နိုင်မှာလဲဘုရာ့"
လို့ ပြန်ပြောသတဲ့။ ။
😂😂😂
လှတောသားပုံပြင်စာအုပ်မှကောက်နှုတ်တင်ပြလိုက်ပါတယ်။
@tthanthansoe(Steemit)