နွေရင့်​နှင်းစက်​..၁

in #myanmar6 years ago

နွေရင့်​နှင်းစက်​..၁
image

credit-org-source
" မိန်းမတစ်​​ယောက်​ရဲ့ ဂုဏ်​သိက္ခာကို လျှာဖျား​ပေါ်တင်​ပြီး ဖျက်​ဆီးပစ်​တတ်​တဲ့ ရှင့်​လိုလူနဲ့ ဆုံဆည်း​ပေးခဲ့တဲ့ ကျွန်​မရဲ့ ကံကြမ္မာကိုပဲ အပြစ်​တင်​လိုက်​မယ်​..ရှင့်​မှာ အစ်​မ​တွေ နှမ​တွေ အ​မေ​တွေမရှိလို့ ကိုယ်​ချင်းမစာတတ်​ရင်​လည်း ​နောင်​တစ်​ချိန်​ ​နောင်​တ​တွေ မရပါ​စေနဲ့လို့ ဆု​တောင်း​ပေးခဲ့မယ်​...ထင်​...မင်း...လတ်​..."

သူမ အံကြိတ်​သံနဲ့ ​ပြောပြီး လှည့်​ထွက်​ခဲ့လိုက်​တယ်​။ထင်​မင်းလတ်​ရဲ့ နှုတ်​ခမ်းဖျားက မထီတရီအပြုံး​တွေ​ရဲ့ ​လှောင်​ရိပ်​​တွေက သူမကို ပါးရိုက်​လိုက်​တာထက်​ ပိုပြီး နာ​ကျင်​​စေခဲ့တယ်​​။
မျက်​နှာကို ပင့်​​မော့ပြီး မျက်​ရည်​​တွေမကျ​အောင်​ ထိန်းထားလိုက်​​ပေမယ့်​ သူမ မတတ်​နိုင်​ခဲ့ဘူး။

အယုံလွယ်​ခဲ့တာ မဟုတ်​ပါပဲနဲ့ ဆုံဆည်းမိခဲ့တဲ့ ယုံကြည်​ခဲ့မိတဲ့ ကိုယ့်​ကိုယ်​ကိုယ်​ပဲ အပြစ်​တင်​ရင်း သူမအတွက်​ ငို​ကြွေးပစ်​လိုက်​​ပေမဲ့ ရင်​မှာ နာ​နေဆဲ ဒဏ်​ရာက​တော့ မ​ပျောက်​နိုင်​ခဲ့​တော့ဘူး..။
အဲ့ဒီဒဏ်​ရာဟာ ​သေရာပါလည်း ဖြစ်​​ကောင်​ဖြစ်​နိုင်​တယ်​ဆိုတာ သူမကိုယ်​တိုင်​ ပိုသိ​နေခဲ့ပါတယ်​...။

သူမ မျက်​ဝန်း​တွေမှာ မျက်​ရည်​စ​တွေနဲ့မို့ အမြင်​​တွေက ​ဝေဝါး​နေခဲ့တယ်​။ကျောပိုးအိတ်​​သေး​သေး​လေးကို ဖြစ်​ကတတ်​ဆန်းပဲ လက်​မှာ ဒီအတိုင်း ဆွဲကိုင်​ပြီး လမ်းမ​တွေထက်​မှာ ​လျှောက်​​နေခဲ့လိုက်​တာ...
တိမ်​ညိုတိမ်​မည်း​တွေကို မြင်​​ပေမဲ့ ထီးကိုလည်း ယူမလာခဲ့သလို ​ကျောပိုးအိတ်​ထဲမှာလည်း သူမရဲ့ ထည့်​​နေကျမိန်းက​လေးအသုံးအ​ဆောင် ဘီး မှန်​နဲ့ ဒိုင်​ယာရီစာအုပ်​ပါး​လေးက လွှဲရင်​ ဖုန်းပါ ပါမလာခဲ့တာကို သူမ သတိမထားခဲ့မိဘူး​လေ..
မိုး​ရေ​တွေ တ​ပေါက်​​ပေါက်​နဲ့ ခုန်​ဆင်းလာကြ​ပေမဲ့ သူမ ခိုစရာ​နေရာကို မရှာ​တော့ပဲ မျက်​နှာကို ပင့်​​မော့လို့ ဒီအတိုင်းပဲ ​လျှောက်​သွား​နေခဲ့လိုက်​တယ်​။ သိပ်​မကြာခင်​မှာပဲ မိုး​တွေသည်းလာ​ပေမဲ့ သူက မ​ရွေ့မလျား ရပ်​​နေမိတုန်းပဲ..
image

credit-org-source
ကုန်​သွားကြစမ်း..သူ့အတွက်​ကျတဲ့ ငါ့မျက်​ရည်​​တွေ ဒီမိုး​ရေ​တွေနဲ့ အကုန်​​မျှောသွားကြစမ်း...

သူမရဲ့ပါးပြင်​မှာ မျက်​ရည်​​တွေ​ရော မိုး​ရေ​တွေ​ရော ​ရော​နှော​စီးဆင်း​နေကြပြီ​လေ...

မျက်​လုံး​တွေကို မှိတ်​ချလိုက်​​တော့ ထင်​မင်းလတ်​ရဲ့ ​လျော့ရဲရဲအပြုံးထဲက ​လှောင်​ရိပ်​​တွေကို ထင်​ထင်​ရှားရှား မြင်​​တွေ့​နေရတယ်​..
သူမ​ခေါင်းကို ခါယမ်းပစ်​လိုက်​ပြီး သူမ ​လျှောက်​​နေတဲ့ လမ်း​ဘေးက ကုက္ကိုပင်​ မြစ်​​ပေါ်မှာ ထိုင်​ချလိုက်​မိတယ်​။

ထင်​မင်းလတ်​..
သူမဘဝထဲကို တခဏဝင်​လာခဲ့ပြီး တစ်​သက်​စာ ဒဏ်​ရာကို ​ရောဂါရင့်​ရင့်​ ​နဲ့ ​ပေးသွားခဲ့သူ။
ချမ်းသာတယ်​..လွတ်​လပ်​တယ်​...ပွင့်​လင်းတယ်​..အမြဲတမ်း ထီမထင်​ဟန်​နဲ့ ပြုံးရိပ်​ဆင်​ ​ချော့မြူ​နေတတ်​တဲ့ နှုတ်​ခမ်းတစ်​စုံနဲ့ လူ​ချောတစ်​​ယောက်​...
အစ်​မ​တွေကြားမှာ အလိုလိုက်​ခံ ​ကောင်​​လေးတစ်​​ယောက်​..။
ငယ်​ကတည်းက ယုယဆိုတဲ့ နာမည်​နဲ့ ဆန့်​ကျင်​စွာ ရုန်းကန်​ခဲ့ရတဲ့ သူမနဲ့ ထင်​မင်းနဲ့က ဘယ်​လိုမှ ဆက်​စပ်​ပတ်​သက်​ဖွယ်​​တော့ မရှိခဲ့​ပေမယ့်​ အ​ကြောင်းတရားများစွာက ပတ်​သက်​ဖို့ ဖန်​တီးလာခဲ့​လေရဲ့..။
သူမရဲ့ ဘဝ​ရှေ့​ရေးအတွက်​ သူမရဲ့ဘဝရုန်းကန်​မှုထွက်​​ပေါက်​က ပညာဆိုတာ ယုယက နားလည်​​နေခဲ့ပြီးသားမို့ သူမ စာကိုပဲ ကြိုးစား​နေခဲ့တယ်​။ မပြည့်​စုံခြင်း​တွေကြားထဲက သိမ်​ငယ်​ခြင်း​တွေကို သူမ စာကြိုးစားခြင်းဆိုတဲ့အရာ​တွေထဲမှာပဲ မြှုပ်​နှံထားမိတယ်​။

ပညာကို အ​ပျော်​သင်​သာ သင်​တဲ့ ထင်​မင်းလတ်​က​တော့ သူမနဲ့ ဆန့်​ကျင်​စွာ အ​ပေါင်းအသင်းများစွာနဲ့ ​ဟေး​လေးဝါးလားကို ပိုသ​ဘောကျတဲ့သူ..။

သူမတို့ ​တွေ့ဆုံခြင်းက ရိုးစင်းစွာပဲ ဆယ်​တန်းဓာတုေ​ဗဒဘာသာလက်​​တွေ့ခန်းထဲမှာ စတင်​ခဲ့တယ်​။စည်းကမ်းကြီးတဲ့ ဆရာမရဲ့ တစ်​​ယောက်​ချင်း ထုတ်​ပြရတဲ့ ​ဖော်​မြူလာမှာ သူမအတွက်​က လွယ်​လင့်​တကြူုဖစ်​ခဲ့​ပေမဲ့ ထင်​မင်းလတ်​အတွက်​​တော့ အ​တော်​ ဒုက္ခများ​နေခဲ့တယ်​​လေ.။
image

credit-org-source
" ယုယ ငါ့ကို ကူညီပါအုံးဟ.."
နဂိုက သိပ်​ခင်​ကြလွန်းတာ မဟုတ်​​ပေမဲ့ တစ်​တန်းတည်းသားချင်း သူငယ်​ချင်း​တွေမို့ သူမ ဆရာမအလစ်​မှာ သူ့ကို ​ပြောပြလိုက်​တယ်​။
အဲ့ဒီကူညီမှုက​နေ စတင်​ခဲ့တဲ့ ခင်​မင်​မှု​တွေက​နေ သူမအ​ပေါ်ထားတဲ့ ထင်​မင်းလတ်​ရဲ့ အချိုး​တွေ သိသိသာသာကြီး ​ပြောင်းလဲလာခဲ့တယ်​။

ပထမဆုံး ရင်​ခုန်​ခြင်းနဲ့ ပထမဆုံး ချစ်​ခဲ့မိသူ ယုယဆိုတဲ့ သူမတစ်​​ယောက်​ ထင်​မင်းလတ်​အ​ပေါ်မှာ တကယ်​ပဲ ညွှတ်​တိမ်းခဲ့တယ်​ဆိုတာ ဝန်​ခံပါတယ်​။ ဒါ​ပေမဲ့ သူမက ကိုယ်​ကျင့်​တရားနဲ့ ပတ်​သက်​လာရင်​ ဘယ်​​တော့မှ အတိမ်းပါးမခံခဲ့ဘူး။ ချစ်​သူချင်း​ပေမယ့်​ ဆိတ်​ကွယ်​ရာကို နှစ်​​ယောက်​ထဲမသွားဘူး..လူကြားသူကြားထဲ လူအမြင်​မသင့်​​အောင်​ ဘယ်​​တော့မှ မ​နေခဲ့ဘူး။ ထင်​မင်းလတ်​ရဲ့ အခွင့်​အ​ရေးက သူမရဲ့ လက်​က​လေး ကိုင်​ဖို့​လောက်​ပဲ ဖြစ်​ခဲ့​လေရဲ့...။
အလိုလိုက်​ခံ ဘဝကလာတဲ့ ဉာဉ်​ဆိုး​လေးနဲ့ ထင်​မင်းလတ်​ရဲ့ မ​ကျေနပ်​ချက်​​တွေက အဲဒီက​နေ စတင်​ခဲ့မှန်း သူမ မရိပ်​မိခဲ့ဘူး..။

:::::>>> အပိုင်း ၂သို့...

Writter @yekungsatthone
Msc 213

Sort:  

အားပေးနေတယ်နော်

ဟုတ်​ဗျ..အား​ပေးပါဗျ

‌နောက်‌ထပ်‌ဝတ္ထု‌ကောင်းတစ်‌ပုဒ်‌ ဖတ်‌ရ‌တော့မယ်‌။

ကျေးဇူးပါဗျ ကြိုးစား​ရေးပါ့မယ်

ဆက်​အား​ပေးပါ့မယ်​...ဒါကအခန်းဆက်​၀တ္ထုရှည်​​နောက်​တစ်​ပုဒ်​​ပေါ့...

ဟုတ်​တယ်​​ဗျ

ဝတ္ထုရှည်တွေရေးတတ်တော့အဆင်ပြေတာပေါ့ဗျာ
ဝထ္တုကကောင်းမည့်ပုံပဲ စောင့်နေပါ့မယ်

ကျေးဇူးပါ ကြိုးစား​နေပါတယ်​ဗျ

အားပေးနေတယ် နော် next post မျှော်နေပါသည်

ဆက်​လက်​အား​ပေးပါ

ဝတ္ထုကောင်းကောင်း တစ်ပုဒ်တော့ဖတ်ရတော့မယ် ဆန့်တငင်ငင်တော့မလုပ်နဲ့နော်

ဟီး....ကြိုးစား​နေပါတယ်​​ဗျ

Wow စာဖတ်ရတာတော့ ဆက်ဖတ်ချင်နေတုန်းပဲ😆😆

ဆက်​လက်​အား​ပေးပါဗျ

ဖတ်ကောင်းတယ်ဗျာ။
အပိုင်းသစ်ကိုေ မျှာ်နေပါတယ်။

ကျေးဇူးပါ အား​ပေးပါအုံး

နောက်တစ်ပိုင်း မျှော်နေတယ်နော်

ကျေးဇူးပါ

သားက တော်သားပဲ စိတ်ဝင်စားအောင် ရေးတတ်တယ်😊

မကြိ​မောင်​ပဲ​လေ..ဒီ​လောက်​​တော့ရှိမ​ပေါ့😁

Congratulations @yekungsatthone! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

အပိုင်း ၂ ကို ဆက်ဖတ်ပါမည်

ကျေးဇူးပါပဲ

အခုလို ရသစာပေ အရေးအသားမျိုး နှစ်သက်မိပါတယ်ဗျာ

ဟုတ်​​ဗျ ​ကျေးဇူးပါ