နူးညံရီ​ဝေ​စေတတ်​​သော ကျိန်​စာ ၈

in #myanmar6 years ago

image
နူးညံရီ​ဝေ​စေတတ်​​သော ကျိန်​စာ ၈

ကျွန်​​တော့ အခန်းထဲ ကျွန်​​တော်​ ဝင်​လိုက်​တာနဲ့ တစ်​ခုခု မှား​နေသလို ခံစားလိုက်​မိတယ်​။
"​မေ..."
" ​မေ...."
ကျွန်​​တော်​ ​ခေါ်ကြည့်​​ပေမဲ့ တုန့်​ပြန်​သံမကြားရပါဘူး။ ကျွန်​​တော်​ ​ဆေး​ပစ္စည်း​တွေကို က​ဗျာက​ယာ ချထားလိုက်​ပြီး ​မေတို့ ​နေတဲ့ အခန်းဆီကို ကူးခဲ့ပြီး ​မေနဲ့အတူ​နေတဲ့ ​ကောင်​မ​လေးကို ​မေးလိုက်​မိတယ်​။

"မမ သီရိက ​ဗိုလ်​မှူးရဲ့အခန်းဖက်​ကိုပဲ သွားလိုက်​တာ​လေ ဒီကို ပြန်​မလာ​သေးပါဘူးတဲ့ "

ကျွန်​​တော့်​စိတ်​​တွေ ပျာယာခတ်​သွားမိတယ်​။ ​မေကို ကျွန်​​တော်​ က​သော က​မျှော လိုက်​ရှာရင်း လမ်းမှာ ​တွေ့တဲ့ လူ​တွေကို ​​မေးလာခဲ့မိတယ်​။ကျွန်​​တော်​စိတ်​​တွေ ပူ​လောင်​လာခဲ့ပါပြီ..
" ​ဗိုလ်​မှူး ဘာဖြစ်​လို့လဲ​ဗျ"
" ​မေ့ကို ​တွေ့မိသလား​ဗျ..သူ​ပျောက်​​နေလို့ "
" ​ဗိုလ်​မှူး​ရေ သီရိ ဘုရားဖက်​ထွက်​သွားတာ ​တွေ့လိုက်​တယ်​ ..."
လိုင်းခန်းထဲက အမျိုးသမီး တစ်​ဦးရဲ့ စကားက ကျွန်​​တော့ကို စိတ်​သက်​သာရာ ရ​စေခဲ့ပါတယ်​။
ကျွန်​​တော်​ ကျွန်​​တော်​တို့ တပ်​ရင်းနဲ့ကပ်​ရက်​ ရွာက တည်​ထားတဲ့ ကျွန်​​တော်​တို့ တပ်​ရဲ့ အ​ရှေ့ဖက်​က ဘုရားဆီကို လာခဲ့​တော့ ​တကယ်​ပဲ ​မေ့ကို ​တွေ့လိုက်​ရတယ်​။
မေက တကယ်​ပဲ ဘုရားကို လာခဲ့တာကိုး...
"​မေ..."
ဘုရား​စောင်းတန်း အဝင်​က ပိ​တောက်​ပင်​ကြီး ​ခြေရင်းမှာ ဒူးနှစ်​ဖက်​​ပေါ် မျက်​နှာကို ​မှောက်​ချလို့ ငြိမ်​သက်​​နေတဲ့ ​မေ့ကို ပခုံး​လေးကို အသာအယာ လှုပ်​ကိုင်​လိုက်​မိတယ်​။

ကျွန်​​တော့်​ကို ​မော့ကြည့်​လိုက်​တဲ့ ​မေ့မျက်​ဝန်းမှာ အားငယ်​ ဝမ်းနည်းခြင်း​တွေ ပြည့်​ဝလို့ မျက်​ရည်​စ​တွေ ခိုသီလို့​နေတယ်​။မျက်​ဝန်း​တွေကလည်း မို့အစ်​နီရဲလို့..
ကျွန်​​တော့ကို ကူကယ်​ရာမဲ့သူတစ်​​ယောက်​လို ​မော့ကြည့်​ပြီး သူမ ပါးပြင်​​ပေါ်ကို မျက်​ရည်​​တွေ လိမ့်​ကျလာခဲ့ပြန်​တယ်​။
ကျွန်​​တော့ရင်​ထဲ စစ်​ခနဲ နာကျင်​သွားမိတယ်​...

" ဘာ ဖြစ်​လို့လဲ ​မေရယ်​..."
ကျွန်​​တော်​ နူးညံ့စွာပဲ ​မေးလိုက်​မိတယ်​...။
ငိုလျင်​ရက်​လက်​တို့ခံရသူ ​မေတစ်​​ယောက်​ ​ချော့သူရှိမှ ပိုလို့ ငို​​ကောင်း​နေမိသည်​ထင်​..။
သူမ ကျွ​န်​​တော့ ရင်​ခွင်​ထဲ တိုးဝင်​ပြီး တသိမ့်​သိမ့်​ ရှိုက်​ငို​နေ၏..ကျွန်​​တော်​ သူမကို ဖွဖွ​လေး ပြန်​ဖက်​ထားလိုက်​မိရင်း သူမ​ကျောပြင်​ကို ပွတ်​သတ်​​ပေး​နေမိတယ်​။
အဲ့ဒီအချိန်​မှာ ကျွန်​​တော့်​စိတ်​​တွေဟာ ​မေ့ရဲ့ဝမ်းနည်းမှု​တွေကို ​ပြေ​ပျောက်​​စေချင်​ရုံက လွှဲလို့ တခြားအခွင့်​အ​ရေး ယူလို စိတ်​မရှိခဲ့တာ ​သေချာပါတယ်​။
ပိ​တောက်​ရွက်​​ခြောက်​​တွေတလွှင့်​လွှင့်​ ​ကြွေ​နေတဲ့ ပိ​တောက်​ပင်​ကြီးမှာ ​လေတိုးသံ​တွေ မကြားရဘူး ။ငှက်​​အော်​သံ​တွေ မဆူညံဘူး..။ ​စေတီထီး​တော်​ဆီက ဆည်းလည်းသံ​တွေကလည်း တစ်​ချက်​နှစ်​ချက်​​တော့ ထွက်​လာခဲ့ပါတယ်​။
မေ့ရှိုက်​သံ​တွေ မစဲခင်​မှာပဲ ​ဗလုံး​ဗ​ထွေး အသံနဲ့ ကျွန်​​တော့်​ကို ​ပြောလိုက်​တယ်​..

" ထက်​မြက်​..​ရှင်​ မေ့ကို ညာတယ်​...."

ကျွန်​​တော့ နားထဲ ဝုန်းခနဲ ​ပေါက်​ကွဲသွားသလိုပါပဲ။ ​မေ​ပြောလိုက်​တဲ့ စကားဟာ ကျွန်​​တော့်​ နားကတဆင့်​ ကျွန်​​တော့ နှလုံးသားကို ထိမှန်​ ​ပေါက်​ကွဲသွားခဲ့တယ်​။
"​မေ....​မေ..."
ကျွန်​​တော်​ ရင်​ခွင်​က​နေ ခွာပြီး ​မေ့ပခုံးနှစ်​ဖက်​ကိုဆုပ်​ကိုင်​လို့ ​မေ့ကို ခပ်​ဆတ်​ဆတ်​ ​ခေါ်လိုက်​မိတယ်​။
သူမ ကျွန်​​တော့လက်​ထဲမှာ ​ပျော့​ခွေစွာပါလာခဲ့ပြီး မျက်​ရည်​​တွေ စိုစွတ်​​နေတဲ့ မျက်​​တောင်​​ကော့ကြီး​တွေနဲ့ ကျွန်​​တော့မျက်​လုံး​တွေကို ​မှေးစင်းစွာ ​ငေးရီရင်း တိုး​ဖျော့​ဖျော့ စကား​တွေကို ကျွန်​​တော့်​ကို ကြည့်​ပြီး တစ်​လုံးချင်း ​ပြောလိုက်​တယ်​..

" ထက်​မြက်​..ရှင်​...​မေ့ ကို ညာတယ်​..."
"​မေ......."
ကျွန်​​တော်​ ပတ်​ဝန်းကျင်​တစ်​ခုလုံး လှိုဏ်​သံ​တွေ ထပ်​သွား​အောင်​ ဟစ်​​အော်​ ပစ်​လိုက်​မိတယ်​...
image
လေ​ပြေညှင်းသဲ့သဲ့​အောက်​မှာ သစ်​ရွက်​​လေတိုးသံ​တွေ ပိုစိပ်​လာကြတယ်​။သစ်​ရွက်​​ကြွေ​တွေ ပိုပြန့်​ကျဲလာကြတယ်​။ ထုံးဖြူဖြူ ​စေတီဆီက ဆည်းလည်း သံ​လေးက ပိုပြီး လွမ်းဆွတ်​ဖွယ်​ ​ကောင်း​လောက်​​အောင်​ အသံ​တွေ တလွှင်​လွှင်​ ​ပေးလာခဲ့တယ်​...

ကျွန်​​တော့ ပါးပြင်​မှာ ဘယ်​အချိန်​ကတည်းက ​ခြောက်​​သွေ့​နေမှန်းမသိတဲ့ မျက်​ရည်​စ​တွေက ကျွန်​​တော့ ပါးပြင်​ကို ​တင်းကျပ်​​နေ​စေကြပြီ ဖြစ်​တယ်​။ကျွန်​​တော့ ရင်​ခွင်​ထဲက​နေ ​မေ့ကို ခွာလိုက်​ချိန်​မှာ ​မေ့လက်​​လေးဟာ ​မြေပြင်​​ပေါ် ပြုတ်​ကျသွားခဲ့ပြီး စာ​လေးတစ်​​စောင်​ ထွက်​လာခဲ့တယ်​..။
ကျွန်​​တော်​ စာ​ခေါက်​​လေးကို ကိုင်​ပြီး လက်​သီးကို ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​လို့ အံကြိတ်​လိုက်​မိတယ်​..
အဲ့ဒီအချိန်​မှာပဲ ကျွန်​​တော့်​ ​နောက်​နားမှာ တိုးဖွ ညင်​သာတဲ့ ​ခြေတစ်​စုံရပ်​သံနဲ့ နူးညံ့တဲ့ လက်​တစ်​စုံက ကျွန်​​တော့်​ပခုံး​ပေါ်ကျလာတဲ့အခါ ကျွ​န်​​တော့်​ စိတ်​​တွေ လုံခြုံသွားသလို ခံစားလိုက်​မိတယ်
image
ကျွန်​တော်​​ ​မော့ကြည့်​ပြီး တုန်​ယင်​​နေတဲ့ နှုတ်​ဖျားက ဝမ်းနည်းလွန်းတဲ့အသံက လည်​​ချောင်းဝက​နေ အက်​ရှစွာ ထွက်​​ပေါ်လာခဲ့တယ်။
................

ဇာတ်​ သိမ်း ​မျှော်
(​မေ ဘာ​ကြောင့်​ ​သေဆုံးသွားတာလဲ။ ​မေ့လက်​ထဲက ဘာစာလဲ။ ထက်​မြက်​ရဲ့ ပခုံးကို လာ​ရောက်​ဆုပ်​ကိုင်​လိုက်​သူဟာ ဘယ်​သူဖြစ်​နိုင်​​လဲ။ဆူးသက်​များ ဖြစ်​​လေမလား..။ ထက်​မြက်​ရဲ့ ဖူးစာဖက်​ဟာ ဘယ်​သူ ဖြစ်​နိုင်​မလဲဆိုတာ ဇာတ်​သိမ်းမှာ ဆက်​လက်​ဖတ်​ရှု့​ပေးကြပါ ခင်​​မျာ..)

Writter @yekungsatthone
Msc 213
Photo from google

Sort:  

ဇာတ်​သိမ်းပိုင်းစိတ်​၀င်​စားပါတယ်​...ဖတ်​ဖို့​စောင့်​​နေမယ်​...

ဟုတ်​ကဲ့ ​စောင့်​​မျော်​အား​ပေးပါဦးဗျ

ပုံတွေ crd ပေးတာ မမှန်သေးဘူး ဘာမလဲ မလေ့လာဘူး နာတော့မယ် လာလေ့လာလေ ပုံတွေ ဘယ်လို crd ပေးရမယ်ဆိုတာ😒😒

ဟုတ်​😁😁

အရမ်းကောင်းတယ်ဗျာ တစ်ခုခုကို လွမ်းမိသလိုလို😔😔😔

ကျေးဇူးပါဗျာ

အင်း ဇာတ်သိမ်းပိုင်း ကို သိပ်စိတ်ဝင်စားမိတယ်

ဟုတ်​ အား​ပေးပါဦးဗျ

ဆွဲ‌ဆောင်‌ ခြင်းများစွာ နဲ့ ပြည့်‌စုံ‌သော ဇာတ်‌လမ်း‌လေးပါ။

ကျေးဇူးပါဗျ

ဆူးသက် ပဲ ဖြစ်လိုက်ပါတော့ ဘဒိုရေ

ဟုတ်​ ဆက်​လက်​​ဖော်​ပြပါ့မယ်​ဗျာ

ဇာတ်သိမ်းပြီးရင် ဝထ္တုထုတ်မှာလားဗျ

နောက်​တစ်​ပုဒ်​ ထပ်​​ရေးမယ်​​ဗျ အား​ပေးပါအုံး

အခန်းဆက်ဝတ္တူရှည် ရေးလို့ရပြီး

ကျေးဇူးပါဗျ....ဆက်​ကြိုးစားပါ့မယ်

လုံးခြင်းတအုပ်​​လောက်​ ထုပ်​ပါဘရိုရာ
SBD များများရ​အောင်​စုပြီး​တော့

ဟုတ်​ ကြိုးစား​နေပါတယ်​ဗျ

ဆက်​သိမ်းပိုင်းမှာ ​ပျော်​ရမှာလား ငိုရမှာလား

မကြာမှီလာမည်​​မျှော်​​ပေါ့ဗျာ

စာကို ပိုစိတ်ဝင်စားသွားပါပြီဗျ နောက်အပိုင်းဆက်မျှော်နေပါ့မယ်

ဟုတ်​ အား​ပေးပါဦးဗျ

ဟာ ဇာတ်သိမ်းရောက်ပီပေါ့လေ တောင်အပါတ်စောင့်ပီဗျာ

ဟုတ်​ကဲ့ဗျ

ဇါတ်သိမ်းမျှော်နေတယ် အစ်ကိုရေ

ဟုတ်​ အား​ပေးပါဦးဗျ

ဇါတ်သိမ်းမျှော်နေတယ်နော်

ကျေးဇူးပါဗျာ