စစ်​ကိုင်း သို့ အလည်​တစ်​​ခေါက်

in #myanmar6 years ago (edited)

စစ်​ကိုင်းသို့ဦးတည်​သွား​နေ​သော ဘုရားဖူးကားကြီးဟာ သီချင်းသံများ စကား​ပြောသံများ က​လေးငယ်​များရဲ့ ​ဆော့သံများဖြင့်​ ဘုရားဖူးခရီးသည်​​တွေရဲ့ ​ပျော်​ရွှင်​မှု​တွေနဲ့ တစ်​ကားလုံး ဆူညံ့ လျက်​ ​မောင်းနှင်​လာပါတယ်​ပထမဆုံး​ရောက်​ရှိခဲ့တဲ့ ​စေတီ​တော်​ကြီးဟာ ကံတလူ ဆု​တောငိးပြည့်​ ​စေတီ​တော်ကြီး ဖြစ်​ပါတယ်FB_IMG_1519131161540.jpg​ ကံတလူ​စေတီ​တော်​ကြီးကိုဖူး​မျှော်​ပြီးရင်​ဖြင့်​ ဘုရား၏အ​နောက်​ဘက်​ မှာ "​အောင်​​မြေသို့ "လို့ ညွှန်​ထား​သော ဆိုင်းဘုတ်​​လေးကို ​တွေ့ပါတယ်​ ။FB_IMG_1519131120028.jpg ကျွန်​မမှာ ​အောင်​​မြေ နင်းရတာကို ယုံကြည်​သူတစ်​ဦးလည်းဖြစ်​​သော​ကြောင့်​ ​အောင်​​မြေ ​နေရာသို့ သွားခဲ့ပါတယ်​ ​အောင်​​မြေ နင်းတဲ့ ​နေရာမှာ လည်း လူ​တွေကများလို့ တန်းစီပြီး တစ်​ပတ်​ပတ်​ ပြီး​တော့ ဆု​တောင်း ​အောင်​​မြေကို လိုချင်​ ရင်​လည်း ယူလို့ရ​အောင်​ ပြုလုပ်​​ပေးထားပါတယ်​ ​အောင်​ ​မြေ လိုချင်​တဲ့ ဘုရားဖူးခရီးသည်​​တွေ သည်​လို့ရ​အောင်​ ကျွတ်​ကျွတ်​အိပ်​ ​တွေ​လည်း​ပေးပါတယ်​ ကျွန်​မတို့လည်း တ​ရွေ့​ရွေ့နဲ့တန်းစီ တပတ်​ပတ်​ပြီး ဆု​တောင်း ​အောင်​​မြေ​​တွေလည်း ယူခဲ့ပါတယ်​။ကံတလူ ​စေတီ​တော်​ကြီးကို ဖူး​မျှော်​ပြီး​နောက်​မှာ​တော့ ​ကောင်းမှု ​တော်​ ဘုရားကြီးဆီသို့ ခရီးဆက်​ခဲ့ပါတယ်​။FB_IMG_1519131197325.jpg
ကောင်းမှု​တော်​ ကို​ရောက်​တဲ့ အချိန်​မှာ မိုးကဖွဲဖွဲက​နေပြန်​တယ်​ ဘုရားကြီးကို ဝငိ​ရောက်​ ဖူး​မျှော်​ ခဲ့ပါတယ်​ ​ကောင်းမှု​တော်​ ​စေတီ​တော်​ကြီးရဲ့ ဘုရားတန်​​ဆောင်းတစ်​​လျှောက်​ ဝင်​​ပေါက်​ ​နေရာ​တွေမှာ ​ကျောက်​ ပြင်​ ​ကျောက်​ငရုပ်​ဆုံ ​ကျောက်​နဲ့ ပြုလုပ်​ထားတဲ့ ပစ္စည်း​တွေ ​ပေါတဲ့​နေရာလို့ ​ပြောလို့ရပါတယ်​ အိမ်​ပြန်​လက်​​ဆောင်​ မုန့်​သည်​​တွေလည်း​ပေါပါတယ်​ ပဲအမျိုးမျိုး ယို​တွေ ကန်​စွန်းဥ​ကြော်​ နို့်​ယို ​မြေပဲယို မုန့်​​တွေကလညိးစုံလို့ ဘုရားကြီး၏ပတ်​ချာလည်​ မှာ ​ဈေးဆိုင်​ခန်း​တွေနဲ့​ဈေး​တွေကလည်းတန်​ပါတယ်​ ချည်​ထည်​ ချည်​ထဘီ ​လေးများမှာလည်း မြန်​မာဆန်​ပြီးလှပ​နေပါတယ်​ ကျွန်​မတို့လည်း အိမ်​ပြန်​လက်​​ဆောင်​ မုန်​​တွေ ဝယ်​ ချည်​ထည်​​တွေမြင်​​တော့လည်းသ​ဘောကျ အဲလိုနဲ့ တစုံဝယ်​ခဲ့ပါ​သေးတယ်​ သနတ်​ခါး တုံး​တွေမှာလည်း ​မွှေးပြီး​ဈေးတန်​လှပါတယ်
အဲလိုနဲ့ ​​နောက်​သွားရန်​ကျန်​​သေးသည့်​ မြသိန်းတန်​ ​စေတီ ပုထိုး​တော်​ကြီး မင်းကွန်း ​ခေါင်း​လောင်းကြီး စစ်​ကိုင်း​တောင်​ရိုး​ပေါ်က ဘုရားများထံသို့ ခရီးဆက်​ခဲ့ပါတယ်​။P70420-081140.jpg
အဲဒီဘက်​ကို သွားမည့်​ ​နေရာ်​မှာ​တော့ ဘုရားကားကြီးဖြင့်​ မသွားရပဲ ​ဒေသခံဘုရားဖူးကားအ​သေး​လေးများဖြင့်​ သာ သွား​ရောက်​ရပါတယ်​ ဧရာဝတီ ကမ်းနားလမ်းတစ်​ ​လျှောက်​ ကားလမ်း​ဖောက်​လုပ်​ထားပြီး လမ်းကလည်းကျဉ်း​တော့ ကားကြီး မ​မောင်းရတာလို့လည်း ထင်​မိပါတယ်​ မြသိန်းတန်​​စေတီကို​ရောက်​ဖို့ကို ​တော်​​တော်​​လေး ​သွားရပါတယ်​ ဧရာဝတီ မြစ်​ကမ်းတစ်​ ​လျှောကိ ​မောင်းနှင်​လာပြီး မြသိန်းတန်​ မငိးကွန်း ပုထိုး​တော်​ကြီး သို့ ​ရောက်​ရှိခဲ့ပါတယ်​ မြသိနိးတန်​ ​စေတီ​တော်​က​တော့ အစွန်​ဘက်​ ဆုံးမှာ တည်​ရှိပြီး ဘုရားကြီးကိုမြင်​ရင်​ဖြင့်​ အလွန်​သပ္ပါယ်​ဖို့​ကောင်းလှပါတယ်​ ​ရှေး​ခေတ်​ မြန်​မာမှု ဗိသုကာ လက်​ရာများဖြင့်​ ကြည်​ညိုဖွယ်​​ကောင်းလှပါတယ။်​ FB_IMG_1519131324710.jpg
မြသိန်းတန်​ ​စေတီ​ပေါ်သို့ တတ်​ရာ လမ်းတွင်​ ​ရှေ့က နှစ်​လမ်း ​ဘေးဘက်​ တဖက်​တချပ်​မှာလည်း လမ်းနှစ်​ခုရှိပါတယ်​ ​ရှေး​ခေတ်​ဘုရင်​ လက်​ထက်​က ဘုရင်​ မင်းမြတ်​လာ​ရောက်​ဖူး​မျှော်​ရင်​ ​ရှေ့ဘက်​ လမ်းမှ တတ်​ပြီး မူးမတ်​ အထိန်းအရံတို့က ​ဘေးဘက်​ လမ်းက တတ်​​ရောက်​ရပါတယ်
စေတီ​တော်​ကြီး​ပေါ်သို့​ရောက်​ရှိပြီးရင်​ဖြင့်​ တဖက်​က ပုထိုး​တော်​ကြီး လှမ်းမြင်​​နေပြီး ရှုခင်းမှာလည်းလှပ​နေပါတယ်​ ဘုရားအ​ပေါ်မို့လို့​လေကလည်းအရမ်းတိုက်​ပါတယ်​ မြသိန်းတန်​​စေတီက​နေအပြန်​မှာ​တော့ မင်းကွန်း​ခေါင်း​လောင်းကြီးရှိရာ သို့​သွား​ရောက်​ခဲ့ပါတယ်​ မင်းကွန်း​ခေါင်း​လောင်းကြီး ​နေရာ ကလည်းအမြဲလူစည်​ကားလှပါတယ်​FB_IMG_1519131424058.jpg
ကျွန်​မ၄လပိုင်းပိတ်​ရက်​တုန်းကလည်းစစ်​ကိုင်းကိုတ​ခေါက်​​ရောက်​ရှိခဲ့ပါတယ်​ အဲတုန်းကလည်း ဘုရားဖူးဧည့်​သည်​​တွေနဲ့အမြဲ မပြတ်​စည်​ကား​နေပြီး ခုလည်း ​ခေါင်း​လောင်းကြီးမှာ ဓာတ်​ပုံရိုက်​သူ​တွေနဲ့စည်​ကား​နေပါတယ်​ အဲဒီ​နောက်​မှာ​တော့ ပုထိုး​တော်​ကြီးဆီသို့သွား​ရောက်​ခဲ့ပါတယ်​ မြသိန်းတန်​ မင်းကွန်း ပုထိုး​တော်​ကြီးဟာ ကပ်​လျှက်​တည်​ရှိ​နေပြီး ဘုရားဖူး ဧည့်​သည်​​တွေဟာ လမ်း​လျှောက်​ပြီး သွားရ​တော့ အဆင်​​ပြေလှပါတယ်​ တ​နေရာတည်းမှာ ​နေရာ ၃ခု ​ရောက်​ခဲ့တာ​ပေါ့
ပုထိုး​တော်​ ကြီးကို​တော့ အ​ပေါ်ထိ မတတ်​​ရောက်​ခဲ့ပါဘူးအ​ပေါ်ထိတတ်​ရင်​ အချိန်​မရမှာ ဆိုး​သော​ကြောင့်​ဖြစ်​ပါတယ်​ ပုထိုးကြီးဟာ ​ရှေး​ခေတ်​ ဗိသုကာ လက်​ရာဖြင့်​ အသွင်​တမျိုး ​ဆောက်​လုပ်​ထားပြီး ခု​တော့ သဘာဝ​ဘေးအန္တရာယ်​​ကြောင့်​ ​ဘေးဘက်​မှာ အက်​​ကြောင်း​တွေ ထ​နေပါတယ်​ အဲ လို အဖြစ်​​ကြောင့်​လည်း လူ​တွေအန္တရာယ်​ရှိမှာ ဆိုးလို့ အ​ပေါ်ထိ တတ်​​ရောက်​ခွင့်​မပြုတာလို့ လည်းမြင်​မိပါတယ်​ ကျွန်​မကြိုက်​​သော သ​ဘောကျ​သော ​နေရာတခုလည်းဖြစ်​တဲ့ ဒီစစ်​ကိုင်းမြို့ရဲ့ အထငိကရ ​နေရာ​လေးကို ​ရောက်​ခွင့်​ရတဲ့ အတွက်​လညိး ​ပျော်​မိပါတယ်​ လွန်​ခဲ့တဲ့ တနှစ်​​ကျော်​​လောက်​က မ​နော သီချင်း​တွေ စပြီး ​ခေတ်​စား လာ​တော့ မ​နောရဲ့ သီချင်းတပုဒ်​ထဲမှာ ဧရာဝတီမြစ်​ဆိပ်​ရယ်​ ပုထိုး​တော်​ကြီးရယ်​ မင်းကွန်း​ခေါင်း​လေားငိးကြီးရယ်​ မြသိန်းတန်​ ဘုရားကြီးအစရှိသည့်​​နေရာ​တွေ မှာ သရုပ်​​ဆောင်​ပြီးရိုက်​ကူးထားတဲ့
သီချင်း​လေးကို ကြည့်​ပြီး သွားချင်​တဲ့ စိတ်​​တွေကခနခနဖြစ်​မိခဲ့တယ်​ အဲဒါနဲ့ မန္တ​လေးက သူငယ်​ချင်းက သူ​ရောက်​ဖူးတယ်​ လာခဲ့ပါ သူလိုက်​ပို့​ပေးမယ်​ အပြင်​မှာက ပို​တောင်​ လှတယ်​လို့ သူက​ပြောလို့ ၄လပိုင်းကတ​ခေါက်​​ရောက်​ခဲ့ပါတယ်​ FB_IMG_1519131600038.jpgတကယ်​ လည်းအပြင်​မှာ သွား​ရောက်​တဲ့အခါမှာ သ​ဘောကျမိပါတယ်​ ခုလို​နောက်​တ​ခေါက်​ ထပ်​​ရောက်​မိ​တော့လည်း​ပျော်​မိတယ်​ ၄လပိုင်းတုန်းကလည်း ​နေပူပူ ​လေတဝူးဝူးနဲ့ ခုကျ​တော့ မိုး​အေး​အေးနဲ့ ​လေက​တော့ တိုက်​နေပါတယ်​ ဒီလိုနဲ့ ​နောက်​ထပ်​ ကျန်​ရှိ​နေ​သေးတဲ့ စစ်​ကိုင်း​တောင်​ရိုး​ပေါ်က ဘုရားဆီသို့ သွား​ရောက်​ခဲ့ပါတယ်
ဆက်​ရန်
Photo credit- facebook photo
Writer by @yway
MSC-232

Sort:  

v100%$0.08 v n m .

@yway မမက စစ်ကိုင်းသူ သတိရမိပီ စစ်ကိုင်းကို🤗🤗

ဟုတ်​မ

စစ်ကိုင်းတောင်ရိုး ကိုသွားချင်တာ

အင်း

Good travel
ဆက်​အား​ပေးပါ့မယ်

Thanks

GOod travelling

Thanks

ဖတ်​​နေရင်း ဘာကိုပဲ လွမ်းမိသလိုလို 😭

ဟုတ်​လား

နေရာတော်တော်ရောက်ခဲ့တာဘဲ

ဟုတ်​တယ်

ကောင်းတယ်​ ဘဟုသုတရလို့

ကျေးဇူးပါ

သွားချင်​လာပြီ

အင်း

ရောက်ဖူးချင်လိုက်တာဗျာ ကျွန်တော်တို့နဲ့က ခရီးကအရမ်းဝေးတော့ သွားရေးလာရေး ခက်ခဲတယ်ဗျာ

ဟုတ်​လား​ရောက်​မှာပါ

သွားချင်​တယ်

သွားချင်​တယ်

ရောက်ဖူးတယ် ပျော်စရာတွေ ကြည်ညိုစရာဘုရားတွေစုံလို့ ပါ

လျှောက်သွားခြင်းအမှတ်တရများဟီး

ပျော်စရာဘုရားဖူးခရီးစဉ်ပါဗျာ

အရင်အချိန်တွေ သတိရမိတယ်ဗျာ

ကိုယ်တို့ ထပ်သွားကြရအောင်
ရွေးရေ

Good တယ်

ညီမက အစုံ ‌ရောက်‌ဖူးတာဘဲ။

16ရက်ေ့ နာ့လည်းတွားမှာ 😁😁

ခရီးသွာယpost​တွေမြင်​ရင်​ကိုလည်းသွားချင်​မိတယိ

အင်ီးတစ်ယောက်လဲ စစ်ရင်ူနဲ့မှ v m ပေူရတယ် ပေးပီးသားထင်နေတာ