အချမ်းသာဆုံး ဖြစ်နေသည့် လူသား India

in #myanmar6 years ago (edited)

India နိုင်ငံရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ် Mukesh Ambani အကြောင်း
image
မင်္ဂလာပါ Steemit ချစ်သူမိတ်ဆွေများ။
India နိုင်ငံတွင်မိဘများက ကလေးငယ်များအား ကြီးလာရင်ဘာလုပ်မလည်းမေးရင် ကြီးလာရင် Ambani အတိုင်းဖြစ်အောင်လုပ်မယ် စသည်ဖြင့် သူ၏အမည်မှာ Brand တခုဖြစ်နေသည်။ အသက်အရွယ်မှာတော့ 50 ဝန်းကျင်ဖြစ်ပြီး ရွာငယ်လေးတရွာမှာ မွေးဖွားလာခြင်းဖြစ်သည်။ ကျွန်တော်တို့ Google တွင် world most expensive house or building ဟုရေးပြီးရိုက်ရှာလျှင် Mukesh Ambani ရဲ့အိမ်ထွက်လာမည်ဖြစ်သည်။
image

ယခုအိမ်မှာ Antila ဟုခေါ်ပြီး မိသားစုငါးယောက်အတွက်သီးသန့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ကုန်ကျငွေမှာ ဒေါ်လာ 1.2 ဘီလီယံဖြစ်သည်။ မြန်မာငွေနဲ့တွက်ရင်တော့ ညီကိုများပဲခန့်မှန်းကြည့်ပါ။ India Mumbai တွင်တည်ရှိသည်။ အလုပ်သမားအယောက် 600 အလုပ်လုပ်လျှက်ရှိသည်။ Mukesh Ambani ရဲ့ကိုယ်ပိုင် selection ဈေးကြီးကား အစီး 600 အတွက်လည်းကားပါကင်ပြုလုပ်ထားသည်။ ထိုအိမ်တွင် ရုပ်ရှင်ရုံ အားကစားကွင်း ပန်းခြံ ရေးကူးကန် ဘုရားကျောင်း စသည်ဖြင့် လိုလေသေးမရှိသော ပစ္စည်းကိရိယာများစုံလင်စွာ ရှိနေသည်။
image
image
image
image

Mukesh Ambani ၏ဘဝနောက်ခံ ချမ်းသားခြင်းရဲ့ အကြောင်းအရင်းကတော့ သူ၏အဖေ Dhirubhai Ambani(ဒီရူးဘိုင်း အန်ဘာနီး) ဖြစ်သည်။ Dhirubhai Ambani သည်သားနှစ်ယောက် သမီးတယောက်ရှိခဲ့သည်။
image
သူပြောထားသည်မှာ

သင်ရဲ့အိမ်မက်သင်ကိုယ်တိုင်အကောင်အထည် မဖော်လျှင်သင့်ကိုသူများကသူတို့အိမ်မက်အကောင်အထည်ဖော်ရန်သုံးကြမည်။
image

မိသားစုစီးပွားရေးအကြပ်အတည်းကြောင့် ရွာမှ မြို့ကြီးဖြစ်သော မွန်ဘိုင်းသို့ ကလေးသုံယောက် နှင့်သူ့အမျိုးသမီးကိုခေါ်ဆောင်လျက် ဆင်ခြေဖုံးရပ်ကွက်တွင်နေထိုင်လျက်ကြုံရာကျပန်း အလုပ်လုပ်ရင်းမိသားစုစားရွတ်နေရေးဖြေရှင်းခဲ့သည်။ ထိုမှလည်းအဆင်မပြေမှုများကြောင့် မိသားစုကို ခနတာချန်ခဲ့လျက် ယီမင်နိုင်ငံသို့ သွားရောက်လျက် ဓာတ်ဆီပန့်ဆိုင်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ရသမျှပိုက်ဆံကို မိသားစုထံအကုန်ပို့လျက် မိမိမှာမူ ခြိုးခြံချွေတာလျက် နေထိုင်လုပ်ကိုင်ခဲ့သည်။ သူနှင့်အလုပ်အတူ လုပ်ကြသူတွေက နေ့လည်စာထမင်းစားလျှင် 5 ဒေါ်လာပေးရသောဆိုင်တွင်စားကြလျှင် Dhirubhai Ambani မှာမူ 1 ဒေါ်လာတန် လက်ဖက်ရည်ဆိုင်တွင် ဆမူဆာနှင့် လက်ဖက်ရည်သာ သောက်လေ့ရှိသည်။ ထိုသို့သွားရောက်တိုင်းလည်း အခြားဝိုင်းများမှ သူဠေးလုပ်ငန်းရှင်များ စကားဝိုင်းက ပြောသောစကားများ ဘေးတဖက်မှနားထောင်လျက် မိမိအတွက်အကျိုးရှိစကားလုံးများ မှတ်ယူလေ့ရှိသည်။ တနေ့သ၌ Dhirubhai Ambani လက်ဖက်ရည်ဆိုင်သွားခိုက် ဘေးဝိုင်းမှသူဠေးများ ရှေးခေတ်ငွေဒင်္ဂါးပြားများ ဝယ်ပြီးအမေရိကန်သို့ရောင်းလျင်မည်မျှမြတ်သည် မည်သို့အရောင်းအဝယ်လုပ်မည် စသည့်စကားများကြားခဲ့သည့်မှစ၍ မဆိုင်းမတွပဲ ပလုပ်ထွက်လိုက်ပြီး စုထားသမျှငွေဖြင့် ရှေးဟောင်းငွေဒင်္ဂါးများရှာဖွေဝယ်ယူစုဆောင်းပြီး သုံးလအတွင်း ရရှိသည့်ငွေဒင်္ဂါးပြားများ အမေရိကန်သို့ ဆက်သွယ်ရောင်းခြနိုင်ခဲ့သည်။ ထိုသို့ရောင်းခြင်းမှ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်အမြတ်ရခဲ့သည်ဟုသိရသည်။ အချိန်အားဖြင့် 1975 ဖြစ်သည်။ အသက်အရွယ် လေးဆယ်မျှသောအရွယ်တွင် ဒေါ်လာ တသိန်းအမြတ်ငွေရရှိပြီး အမိမြေသို့ပြန်လာခဲ့သည်။ ထို့နောက် အလုပ်တခုလုပ်ရန် စီစဉ်ပြီး ယီမင်တွင်နေခဲ့စဉ်က India masala များအရောင်းသွက်ကြောင်း သိရှိခဲ့ပြီးဖြစ်ရာ 1977 ခုနှစ်တွင် India မဆလာများဝယ်ယူ၍ ယီမင်နိုင်ငံသို့ပိုဆောင်ရောင်းချနိုင်ခဲ့သည်။ သူ၏ပထမဆုံး ရုံးခန်းမှာ 5ပေပတ်လည် ဆိုင်ခန်း စားပွဲခုံတခုံ ကုလားထိုင်တခု နှင့် ကြိုးဖုန်းတလုံးဖြင့် စတင်ခဲ့သည်။ အမည်ကိုလည်း Reliance ဟုအမည်ပေးခဲ့သည် (Reliance company သည်ယခုတွင် India တွင်အထင်ကရ ဆိုသည်ထက် အင်အားအတောင့်တင်းဆုံးသော company ဖြစ်သည်။ ) မဆလာများကို တင်ပို့ရောင်းချရင်း အစပြုခဲ့သည့် company သည်ယခု India တနိုင်ငံလုံးအပေါ် ဆက်သွယ်ရေး ပို့ဆောင်ရေး နှင့်ပက်သက်သည့် ဖုန်း ဓာတ်ဆီဒီဇယ် နေရောင်ခြည်စွမ်းအား စသည်ဖြစ်ကြသော နိုင်ငံ၏အဓိကအခန်းကဏ္ဌမှ လိုအပ်သည့် company များထဲက တခုဖြစ်နေသည်။ Dhirubhai Ambani သည် 2002 ခုနှစ် အသက် 69 ခနှုစ်တွင် ဘဝတပါးသို့ကူးပြောင်းသွား၍ သားကြီးဖြစ်သော Mukesh Ambani မှ company ကိုစတင်အုပ်ချုပ်ခဲ့သည်။ သို့ပေမဲ့လည်း ညီအစ်ကိုနှစ်ယောက် သဘောထားကွဲလွဲမှုကြောင့် company ပိုင်ဆိုင်မှုအားလုံးထဲမှ ညီငယ် Anil Ambani သို့ 50% ဆီခွဲအပ်ပေးလိုက်ရသည်။
image

ယခုတွင် Mukesh Ambani ရဲ့ပိုင်ဆိုင်မှုမှာ US $ 41 ဘီလီယံ ဖြစ်ပြီး India အချမ်းသာဆုံးဖြစ်သည်။ ကမ္ဘာအ့ချမ်းသာဆုံး အဆင့် 13 နေရာတွင်ရှိသည်။ နံပါတ်တစ်မှာတော့ 9 နှစ်ဆက်တိုက် Microsoft က Bill Gate ဖြစ်ပြီး အဆင့် 5 မှာ Facebook ပိုင်ရှင် Mark Zuckerberg အဆင့် 23 မှာ တရုတ်ပြည် www.alibaba.com က Jack MA နှင့် Bitcoin တည်ထွင်သူဟု ယူဆရသည့် satoshi nakamoto က အဆင့် 43 မှာရှိနေပါတယ်။
ဒါနဲ့စပ်ပြီးတော့ Mukesh Ambani မှ အမွေမခွဲဖြစ်ခဲ့ရင် world top 5 ထဲတွင်ရှိနေမည်သာဖြစ်သည်။

Author ကိုဗီး
MsC 222

Photo credit google.com/images
Wikipedia.com

Sort:  

ဒေါ်လာ1.2ဘီလီယံ ကို မတွက်တတ်ဘူး broပဲ တွက်ပြပေး။

မြန်မာကျပ်ငွေ 1600 ဘီလီယံ ကျော်တယ် ကိုထွေး

အဲ့လိုချမ်းသာခြင်တယ် လက်ဖက်ရည်ဆိုင်သွားထိုင်တော့မယ်နေ့တိုင်း 😁😁

ဇာတ်လမ်းက လက်ဖက်ရည်ဆိုင်ကစဒါပဲ bro

မသိသေးတာတွေအတွက်ကျေးဇူပါ ကိုဗီး ဗဟုသုတရပါတယ်ဗျာ

လာဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

ဗဟုသုတ တွေအများကြီးရလိုက်ပါတယ်
အရမ်းကောင်းတဲ့ဆောင်းပါးလေးပါပဲ

ကျေးဇူးတင်ပါတယ်

မသိရတာတွေသိရှိခွင့်ရခဲ့တယ်ဗျာ ကျေးဇူးပါနော်

ဟုတ် ကျေးဇူးပါ

ဗဟုသုတရပါတယ

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!