~မာယာကွန်​ယက်​~

in #myanmat6 years ago
  • မာယာကွန်ယက်

IMG20180507160058.jpg

ဤကျွန်း​​ပေါ် ဘယ်​လို​ရောက်​လာသည်​ မသိ။ ပထမ ​မေ့​မျော​နေ​သော ​နေရာသို့ လှမ်းကြည့်​လိုက်​သည်​။ ပင်​လယ်​​ဒီ​ရေများ ဖုံးအုပ်​သွားသည်​။ ​တော်​​သေးသည်​ သတိပြန်​ရလာသည်​မှာမြန်​​ပေလို့သာ။ လက်​ရှိ​ရောက်​​နေ​သော​နေရာတွင်​ဒီ​ရေ​တော့တတ်​လာမည်​မထင်​။ ကမ်းစပ်​နှင့်​ အ​တော်​က​လေးမျှ ​ဝေးလံ​ပေသည်​။ ကိုယ်​လက်​များ မလှုပ်​ချင်​​တော့၍ စိတ်​ချလက်​ချ ​မှေးစက်​လိုက်​သည်​။

~အခန်း ၃~

ပင်​လယ်​ကူးသ​င်္ဘောသည်​ ရန်​ကုန်​ဆိတ်​ကမ်းမှ ညင်​သာစွာ ​ထွက်​ခွာ​မောင်းနှင်​ လာခဲ့သည်​။ ​မောင်​​ကောင်းသန့်​သည်​ ဤခရီးအား သိပ်​မထွက်​ချင်​လှ၊တူတူ လုပ်​​ဖော်​ကိုင်​ဘက်​ များမပါလျှင်​ အလုပ်​မလုပ်​ချင်​။ သို့​သော့်​ ​​မောင်​မင်းလှ နှင့်​ ​မောင်​မြတ်​သူတို့မှာလည်း မိသားစု ကိစ္စ အ​ကြောင်းတစ်​စုံတစ်​ရာ ရှိ၍ ဤခရီးအား မလိုက်​နိုင်​။ ဝါသနာ ပါရာ အလုပ်​ ဖြစ်​ပြီး သူ့တို့သုံး​ယောက်​အချိန်​အတန်​ကြာ ရှာ​ဖွေ​နေသည့်​ ငါးမျိုးစိတ်​​နောက်​ လိုက်​ရခြင်းဖြစ်​​ပေသည်​။ သူငယ်​ချင်းနှစ်​​ယောက်​ မလိုက်​နိုင်​၍ စိတ်​မပါ​သော်​လည်း ရှားပါးသည့်​မျိုးစိတ်​အား လက်​လွတ်​မည်​စိုး​သော​ကြောင့်​ မသွားချင်​​သော်​လည်း သွားခဲ့ရသည်​။

ရန်​ကုန်​မှ တစ်​ညအိပ်​ခန့်​ ​မောင်းနှင်​လာပြီး​နောက်​ ပင်​လယ်​ကူးသ​င်္ဘောကြီးသည်​ ကျယ်​ပြန့်​လှ​သော ပင်​လယ်​​ရေပြင်​ထက်​ဝယ်​ တ​ရွေ့​ရွေ့ ခုတ်​​မောင်း​နေ​တော့သည်​။ မြင်​မြင်​သမျှတွင်​ ပင်လယ်​​​​ရေပြင်​များသာရှိပြီး တစ်​ခါတစ်​ရံ ကျွန်းငယ်​များကဲ့သို့​သော မဲမဲ စုစု က​လေးအား မကြာမကြာ မြင်​ရတတ်​​ပေသည်​။ အချိန်​ကား နံနက်​ ၉နာရီခန့်​ရှိပြီး ပင်​လယ်​ပြင်​ကျယ်​ကြီးသည်​လည်း သာယာ​အေးချမ်းကြည့်​​ကောင်းလှ​ပေသည်​။

FB_IMG_1530069666972.jpg

အထက်​ပါငါးအား Red gurnard ဟု​ခေါ်​ဝေါ်ကြသည်​။ လိပ်ပြာတောင်ပံပါသည့်​ဖြစ်​၍ လိပ်ပြာငါးဟုလည်း ခေါ်ကြ​​သေးသည်။အတောင်ပံပါသော်​လည်း မပျံနိုင်ပါ။ သို့​သော်​ ရေထဲတွင် ​လှပစွာ ကူးခတ်နိုင်ေ​​ပသည် ။၎င်းတို့အား Atlantic သမုဒ္ဒရာအရှေ့ပိုင်း နှင့်​ Mediterranean ပင်လယ်တွင်​ အဓိကတွေ့ရတတ်​သည်​။ အများအားဖြင့် ရေအောက်အနက် ၉၈ ပေ နဲ့ ၈၂၀ပေ ကြားထဲတွင်​ နေထိုင်တတ်ကြသည်​။ အရွယ်အစားအားဖြင့်လည်း ၂၅ စင်တီမီတာခန့်သာရှိသည့်​ ရှားပါးငါးတစ်မျိုးဖြစ်ပါတယ်။ ထို့​ကြောင့်​ အလှ​မွေးငါးအဖြစ်​ ​မွေးမြူရန်​ မျိုးစိတ်​​နောက်​ လိုက်​ရခြင်းဖြစ်​​ပေသည်​။Read more

FB_IMG_1530070260743.jpg

Glaucus atlanticus အပြာရောင်နဂါး အပြာရောင် ကောင်းကင်တမန် စသဖြင့် တင်စားခေါ်ဝေါ်ကြသည့်​ ပုံစံဆန်းပြား ရေသတ္တဝါတစ်မျိုးဖြစ်ပါသည်​။ ပင်လယ်မျှော့ ပင်လယ်ပက်ကျိ မျိုးစိတ်များထဲတွင်​ပါဝင်​ပြီး ပင်လယ်ရေးစီးကြောင်းအတိုင်း လိုက်ပါ အသက်ရှင် နေထိုင်လေ့ ရှိကြသည်​။အိန္ဒိယသမုဒ္ဒရာ နှင့်​ ပစိဖိတ်သမုဒ္ဒရာ တို့တွင်​ အများဆုံး​​တွေ့ရတတ်​​ပေသည်​။ ခေါင်းမှ ကျောထိ နက်ပြာရောင် အစင်းကြောင်း နှင့်အတူ ထူးဆန်းလှပသည့်​ ရေယက်ခြောက်ခု ပါရှိ၏။

ပူးနွေးသော သမပိုင်း ရေးစည်းကြောင်းများ တည်ရှိရာ တောင်အာဖရိက ဥရောပ သြစတေးလျှအရှေ့ပိုင်းနှင့်​ အိန္ဒိယကမ်းလွန် နေရာဒေသများတွင် နေထိုင်ကြက်စားကြသည်​။ တစ်ခါတစ်ရံ ရေလမ်းကြောင်းလွဲ တတ်​ပြီးကမ်းစပ်ထိ ရောက်ရှိလာတတ်ပါသေးသည်​။

၎င်းတို့၏ လက်ချောင်းပမာ ရေယက်ခြောက်ခုတွင်​ပါရှိ​သော ဝတ်မှုံလေးများနှင့်​ ထိမိပါက နာကျင်ကိုက်ခဲစေနိုင်​သော အဆိပ်ရှိသည်​။ အရွယ်အစားအားဖြင့် ​အရှည်ဆုံး သုံးစင်တီမီတာလောက်ထိ တွေ့ရှိရတတ်​ပါသည်​။Read more

မောင်​​ကောင်းသန့်​သည်​ ည​နေစာစားပြီး၍ ကျယ်​ဝမ်းလှ​သော ပင်​လယ်​ မြင်​ကွင်းအား​ငေး​မောကာ အ​တွေး​ပေါင်းများစွာဖြင့်​။ ပင်​လယ်​ပြင်​ကြီးအား ​ငေး​မောစဉ်​ ရင်​ထဲတွင်​ လွမ်းသလိုလိုရှိလာ၍ ဘာမဆိုင်​ တက္ကသိုလ်​ တွင်​ ရှိခဲ့ဖူး​သော ချစ်​သူ​ဟောင်းအား ပြန်​လည်​သတိရလာသည်​။(ဤတွင်​ စာ​ရေးသူ၏ free အားအနည်းငယ်​ ထည့်​​ရေးသွားမည်​ ဖြစ်​၍ သည်းခံ​ပေးကြပါကုန်​😁😁)

"နာမည်​က ဂျူလိုင် တဲ့ကွ ဧရာဝတီတိုင်းဘက်​ကဘဲ၊ သူ့ကိုအိမ်​မှာ​ခေါ်တဲ့နာမည်​က ဂျူနီယာဟန်​နီဆိုလား။ "

"ဆက်​​ပြောပါဦးကွ..."

"​အေး...သူကအိမ်​မှာအငယ်​ဆုံး..၊ အစ်​မတစ်​​ယောက်​...အစ်​ကိုတစ်​​ယောက်​ရှိတယ်​"

မြတ်​သူသည်​ အားကိုးရသည်​။ ထိုကဲ့သို့​နေရာမျိုးတွင်​လည်း အခ​ကြေး​ငွေမယူဘဲ ဝါသနာအရ အစွမ်းကုန်​ကြိုးစားကူညီတတ်​သည်​။ ​ကျောင်းဖွင့်​သည်​မှာ တစ်​ပတ်​ခန့်​ရှိပြီ။ မြင်​​တွေ့​နေရသည်​က ရန်​ကုန်​သူ ​ချော​ချောလှလှ​လေး​တွေ။ သို့​သော်​ ​မောင်​​ကောင်းသန့်​အတွက်​ မည်​သို့မှ သ​ဘောမထား မြင်​လျှင်​မြင်​သည်​ဟုသာရှိသည်​။

မိုးလင်းသည်​နှင့်​ ​မောင်​​ကောင်းသန့်​ တစ်​​ယောက်​ တတ်​ကြွ​နေသည်​။ အရင်​​နေ့ကနှင့်​မတူ ပို၍ ​ကျော့​ကော့စွာ ပြင်​ဆင်​ ​လေ၏။ မှန်​​ရှေ့သို့လည်း အ​ခေါက်​​ပေါင်းမနည်း ဖြတ်​​လျောက်​ကာ ရှိုးထုတ်​​နေသည်​။ ​မြတ်​သူမှာ စိတ်​မရှည်​​တော့။

"​ဟေ့​ကောင်​ မျက်​စိ​နောက်​လာပြီကွာ ငြိမ်​ငြိမ်​ထိုင်းစမ်းပါ...မဟုတ်​ရင်​လည်း ​ကျောင်းကိုမင်းအရင်​သွားနှင့်ငါတို့​နောက်​ကလိုက်​လာခဲ့မယ်​..."

"ဟာ...အဲ့လို့​တော့ဘယ်​ဖြစ်​မလဲကွ...မင်းတို့နဲ့ အတူသွားမှာ​ပေါ့။"

ပြော​ပြောဆိုဆို ​ဘေးခုံတွင်​ ဝင်​ထိုင်​လိုက်​သည်​။နာရီတ​ကြည့်​ကြည့်​ ဖင်​တကြွကြွ ဖြင့်​။

"မင်းလှ​ မြန်​မြန်​လုပ်​​ဟေ့​ကောင်​​ရေ၊ ​ကောင်းသန့်​ကိုကြည့်​ရတာ ငါ မျက်​စိ​နောက်​လာပြီ။.."

(နားပါဦးမည်​...အဟီ....သည်​ရက်​ထဲသိပ်​မအားလို့ပါ..)

Writing by phyozawoo
@phyozawooburmes
MSC~071

Sort:  

ဖတ်ရတာ အရသာရှိပါတယ်ဗျ
စွန့် စားခန်းလေးတွေပါ ထည့်ပေါင်းစပ်ရေးသားပေးပါဦးနော်

လာပါလိမ့်​​မေကွီး...😁

ဝထ္တုရှည်ရေးတတ်တော့ကောင်းတာပေါ့ဗျာ

ဟုတ်​ တစ်​ခါတည်းအများကြီးမ​ရေးနိုင်​တာ​တော့ ခွင့်​လွှတ်​ပါဗျာ။

ဖတ်​လို့​ကောင်းတယ်​....ငါး​တွေလည်းလှတယ်​...ဆက်​အား​ပေးပါ့မယ်

ငါးလှလှ​လေး​တွေ များကြီးပြအူးမာ

တော်​တယ်​ဗျာ ​ရေးထားတာ​ကောင်းတယ်

ကျေးဇူးပါ။

ဒီနေရာမှာ ဝတ္ထုရေးတတ်တဲ့သူက တစ်ပန်းသာတယ်ဗျ

ညီလည်း​မတတ်​ပါဘူး စမ်း​ရေးကြည့်​တာ

စာရေးသူရဲ့ free လား၊ feel လား
မသဲကွဲလို့ 😁😁

မမြင်ဖူးတဲ့ငါးလေးတွေ အခုမှမြင်ဖူးတော့တယ်

တို့ G2မှာ ဝတ္ထုသမား ကလက်‌ချိုးလို့ရတယ်‌။အား‌ပေး‌နေပါတယ်‌ညီ။

ပုံလေးတွေက ကိုယ်တိုင်ရိုက်ထားတာ ဖန်တီးထားတာ မဟုတ်ရင် credit ပေးပေးပါ ခင်ဗျာ

အမင်း ဇာတ်လမ်းကတော့ အစကောင်းသဗျ။

အဏ္ဏဝါဇာတ်လမ်းလေး တစ်ပုဒ်တော့ အရသာရှိရှိ ဖတ်ရပေဦးမည်