အညာမြေသဘာဝ

အညာမြေ နွေရောက်တော့ ရေကန်တွေလည်း ခမ်းခါနီးပြီ ရွာသားတွေလည်း ကျန်တဲ့ရေထဲ ငါးဖမ်းကြတာပေါ့။

ဂျပန်ငါးတွေ၊ ငါးရမ့်တွေ၊ ငါးသဲလဲထိုးတွေ၊ ဂဏာန်းတွေ အစုံပဲ ဟင်းစားလောက်တော့ရကြပါတယ်။ အလုပ်ပါးတဲ့အချိန် မနက်ခင်းအလုပ်သွားကြ နေ့လည်နေပူချိန် ငါးဖမ်းကြပေါ့။

မိုးမရွာခင်အထိ အလုပ်တွေပါးကြတယ် ဝင်ငွေတွေပါးကြတယ် ရရာအလုပ်လေးတွေနဲ့ ပျော်ရွှင်စွာ ဘဝကိုဖျက်သန်းနေကြပါတယ်။