ကမ္ဘာတစ်လွှားမှ ခမ်းနားထည်ဝါလှပသော သမ္မတအိမ်တော်များ အပိုင်း-၂

in #president6 years ago

(၆)တာ့ခ်မင်နစ္စတန်နိုင်ငံမှ အော်ဂူးဇ်ခန်သမ္မတစံအိမ်တော်
Oguzkhan-Presidential-Palace-Ashgabat-Turkmenistan-4.jpg
အော်ဂူးဇ်ခန်သမ္မတစံအိမ်တော်သည် တာ့ခ်မင်နစ္စတန်နိုင်ငံမှ အက်ရရှ်ဂါဘတ်မြို့တွင် တည်ရှိသည်...ထိုအဆောက်အအုံကြီးကို ၂၀၁၁ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၂၅၀ ကုန်ကျခဲ့သည်...ထို သမ္မတစံအိမ်တော်ကိုပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် ဘွိုင်းဂတ်စ်ဆောက်လုပ်ရေးကုမ္ပဏီကြီးက တာဝန်ယူတည်ဆောက်ခဲ့သည်...အဆိုပါ စံအိမ်တော်တွင် တာ့ခ်မင်နစ္စတန် သမ္မတနေထိုင်သည်...

(၇)မလေးရှားနိုင်ငံမှ အစ်ဆ်တာနာနက်ဂါရာ စံအိမ်နန်းတော်
download_1509886547125.jpg
အစ်ဆ်တာနာနက်ဂါရာ စံအိမ်နန်းတော်သည်မလေးရှားနိုင်ငံ၏ မြို့တော်ကွာလာလမ်ပူ မြို့မြောက်ပိုင်း ဒူတာလမ်းတွင် တည်ရှိပြီး မလေးရှားနိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင် အကြီးအကဲ တရားဝင်နေထိုင်သည်...အဆိုပါ အစ်ဆ်တာနာနက်ဂါရာ စံအိမ်နန်းတော်အဆောက်အအုံကြီးကို ၂၀၀၇ခုနှစ်တွင် စတည်တည်ဆောက်ခဲ့ပြီး ၂၀၁၁ခုနှစ်တွင်ပြီးစီးခဲ့သည်...ထိုစံအိမ်နန်းတော်ကြီးသည် မလေးရှားနိုင်ငံ၏ အဓိက အချက်ဖြစ်သော စည်းမျဉ်းခံဘုရင်စနစ်ကို ဖော်ပြသော အဆောက်အအုံကြီးဖြစ်သည်...

(၈)အင်ဒိုနီးရှားမှ မာဒေးကားစံအိမ်တော်
images_1509886701859.jpg
မာဒေးကား စံအိမ်တော်သည် အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာမြို့တွင် တည်ရှိပြီး အင်ဒိုနီးရှားနိုင်ငံရှိ သမ္မတစံအိမ်နန်းတော် ခြောက်ခု အနက် တစ်ခုဖြစ်သည်...မာဒေးကား စံအိမ်တော်သည် အင်ဒိုနီးရှား သမ္မတ၏ တရားဝင် စံအိမ်ဖြစ်သည်..ထိုစံအိမ်တော်သည် ဂျာကာတာမြို့ အလယ်ပိုင်းဒေသတွင် တည်ရှိပြီး မာဒေးကားရင်ပြင် နှင့် အမျိုးသား အထိမ်းအမှတ် အဆောက်အအုံကြီးတို့၏ ရှေ့တွင် တည်ရှိသည်...မာဒေကားစံအိမ်တော်သည် ၁၈၇၃ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၈၇၉ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်...

(၈)စင်ကာပူနိုင်ငံမှ အစ်ဆ်တာနာသမ္မတစံအိမ်တော်
download_1509886114307.jpg
စင်ကာပူနိုင်ငံမှ အစ်ဆ်တာနာသမ္မတစံအိမ်တော်သည် စင်ကာပူသမ္မတ၏ တရားဝင်နေထိုင်ကာစံအိမ်နှင့် ရုံးလုပ်ငန်းဆောင်ရွက်ရာရုံးဖြစ်သည်...ထို့ပြင် အဆိုပါ အဆောက်အအုံကြီးသည် စင်ကာပူဝန်ကြီးချုပ်၏ ရုံးလည်း ဖြစ်သည်...ထိုအစ်ဆ်တာနာသမ္မတစံအိမ်တော်ကြီးသည် အလွန်တရာကျယ်ပြောသော ခြံဝင်းကျယ်ကြီးအတွင်း၌ ခံ့ညားထည်ဝါစွာတည်ရှိသည်...အဆိုပါ အဆောက်အအုံကြီးက အိန္ဒိယနိုင်ငံတွင် အမှုထမ်းနေသော ဗြိတိသျှ အင်ဂျင်နီယာများက လွန်ခဲ့သော သုံးရာစုက ဒီဇိုင်းထုတ်လုပ်ပေးခဲ့ပြီး ဗိသုကာလက်ရာမှာ Neopalladian ဖြစ်သောပြောင့် ခံညားထည်ဝါလှသည်...

(၉)ဗီယက်နမ်နိုင်ငံမှ သမ္မတစံအိမ်တော်
download_1509886025172.jpg
ဗီယက်နမ်နိုင်ငံမှ သမ္မတစံအိမ်တော်သည် ဟနွိုင်းမြို့တော်တွင် တည်ရှိပြီး ဗီယက်နမ် သမ္မတနေထိုင်ရာ တရားဝင် စံအိမ်ဖြစ်သည်...အဆိုပါ ဗီယက်နမ်စံအိမ်တော်ကို ၁၉၀၀ပြည့်နှစ် နှင့် ၁၉၀၆ခုနှစ်အကြားတွင်တည်ဆောက်ခဲ့သည်...ဥရောပပုံစံဖြစ်၍ ဒီဇိုင်းမှာ ခန့်ညားထည်ဝါလှသည် ပြီး ဥရောပဗိသုကာလက်ရာ နှင့် အီတလီရီနေဆန်းခေတ်ဗိသုကာ လက်ရာ နှင့် ရောနှောပေါင်းစပ်တည်ဆောက်ထားသောကြောင့် ထူးခြားလှပနေသည်...

(၁၀)လာအိုနိုင်ငံမှ သမ္မတစံအိမ်တော်
download_1509885944530.jpg
လာအိုနိုင်ငံမှ သမ္မတစံအိမ်တော်သည်လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းမြို့တွင် တည်ရှိပြီး လာအို သမ္မတ၏ တရားဝင်နေထိုင်ရာစံအိမ်ဖြစ်သည်...အဆိုပါ အဆောက်အအုံကြီးမှာ ခံ့ညားထည်ဝါလှပသော Beaux-Arts ဗိသုကာလက်ရာကြောင့် ထင်ရှားကျော်ကြားသည်...လာအိုနိုင်ငံမှ သမ္မတစံအိမ်တော် အဆောက်အအုံကြီးသည် မြင့်မားသောတိုင်လုံးကြီးများ နှင့် လသာ အဆောင်ကလေးများဖြင့် အလှဆင်မွမ်းမံထားသည်...ထိုစံအိမ်တော်ကြီးကို သာယာလှပသော ဥယျာဉ်ပန်းခြံကြီးက ဝန်းရံထားသဖြင့် ခံညားထည်ဝါလှပသည်

(၁၁)ထိုင်ဝမ်(တရုတ်နိုင်ငံ)မှ သမ္မတစံအိမ်တော်
11-Presidential-office-building.jpg
တရုတ်(ထိုင်ဝမ်)နိုင်ငံ၏မြို့တော်တိုင်ပေတွင် တည်ရှိသည်...သမ္မတစံအိမ်တော်သည် ၁၉၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်...ထိုအဆောက်အအုံကြီး၏ ဒီဇိုင်းပုံစံမှာ ထိုင်ဝမ်ကို ဂျပန်တို့ အုပ်စိုးစဉ်ကာလအတော်အတွင်းက ဂျပန်ဗိသုကာ ပညာရှင် နာဂါနိုက ဒီဇိုင်းပုံစံရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်...နေထွက်ရာ အရှေ့ဘက်ကိုမျက်နှာမူထားသော ထိုင်ဝမ်(တရုတ်နိုင်ငံ) သမ္မတစံအိမ်တော်၏ မျက်နှာစာ အရှည်အလျားမှာ ၁၃၀ မီတာ (၄၂၆ပေ)ရှိသည်...

MSU-006

Translate & Writing-Htetlinnaung
Ref Link-http://www.theestle.net/2015/08/09/top-10-most-beautiful-presidential-palaces-in-the-world/
#msu

Sort:  

Congratulations @htetlinnaung! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

👍👍