Sps များနှင့် အတွေးတစ်ချို့

in #proofofbrain3 years ago

တစ်ကယ်ဆိုလျှင် ထူးထူးခြားခြားတော့ ဘာမှ ပြောစရာ ရှိလှတယ်မဟုတ်ပါဘူး မရေးဖြစ်တာလဲကြာပြီဆိုတော့လေ ။ Splinterlands က ပေးတာတွေများနေတယ်လို့ဆိုပေမဲ့ ဒီလိုပေးလိုက်တာက လတ်တလော သူတို့ game အတွက် အရမ်းကို အဆင်ပြေသွားလိမ့်မယ် ထင်ပါတယ် ။ ရေရှည်မှာ ဆော့တဲ့သူရော သူတို့ပါ ပို အဆင်ပြေလျှင်တော့ အများကြီးပိုကောင်းသွားမှာပါ။

Untitled-1.jpg

ယခုမတိုင်ခင် လပိုင်းလောက်ထဲနဲ့ sps အကြောင်းသိခဲ့သော်လည်း ယခုကဲ့သို့ဈေးများ ဖြစ်နေလိမ့်မည်ကို မထင်ထားမိတာကြောင့်ရော လိုအပ်ချက်များ အရပါ ဈေးပေါပေါနဲ့ရောင်းချခဲ့သော dec များနှင့် များစွာသော ကဒ်များကို လွမ်းမိပါသည် ။ ဘယ်တတ်နိုင်မလဲ ။ ယခုအချိန်မှာတော့ summoner တစ်ကောင်ဝယ်ရန်ဆိုသည်မှာ ဈေးနှုန်းများအရ ကျွန်တော့အဖို့ ဖြစ်နိုင်သလောက် ဖြစ်နေတော့သည် ။
ယခုအခါ sps များလဲပေးနေတာကြောင့် game ထဲမှ ရရှိသည်များကို မထုတ်ကြတော့သလို အပြင်ကနေ dec အစရှိသည်တို့ကို ဝယ်ထည့်နေကြလေသည် ။ ကျွန်တော်သည်လည်း အများစုမှာ game ထဲမှာပင် လည်နေပေသည် ။ ယခင်က dec ဈေးကိုထိမ်းရန် splinterlands မှ dec များကို ပြန်လည်ဝယ်ယူခြင်းများ ပြုလုပ်သည်ဟု ကြားခဲ့ဖူးပါသည် ။ ထိုအတိုင်းသာဆို ယခုအချိန် ဈေးမှာ အမြတ်ကြမ်းနေမှာက ။ ဘယ်လိုပင်ဖြစ်ပါစေ 10$ ထည့်ပြီးအမြတ်တော့များစွာရခဲ့ကြဖူးသည်မှာ splinterlands ကိုယခင်ထဲက ဆော့ခဲ့ကြသူများဖြစ်မှာပါ ။ ယခုကိုင်ထားသော ဖုန်းပင် ကဒ်များရောင်းပြီးဝယ်ခဲ့ခြင်းဖြစ်ပြီး ဖုန်းလေးမှာ အသက်နှစ်နှစ်ခန့်ပင်ရှိလေပြီ ။

Untitled-2.jpg

ယခင်က မရောင်းခဲ့လျှင်ဆိုတာမျိုးပြန်တွေးမိလာပြန်တိုင်း လက်ကျန် ကဒ်လေးတွေ ရှိထားခြင်းက ဖြေသိမ့်စရာ ဖြစ်နေတော့သည် ။

@domelay

Sort:  

အဲသလိုပဲပေါ့လေ.... ဘာပဲဖြစ်ဖြစ် game လည်း ဆော့ရ ပိုက်ဆံလည်းရ တော့ ပိုကောင်းတာပေါ့လို့။

ဟုတ်အကို သူ့လိုgame မျိူးလေး နောက်ထပ် လိုချင်မိ 😁😁😁


Posted via proofofbrain.io

Splinterlands က steemit ကနေ hive အထိ အအောင်မြင်ဆုံး game ပါ သူ့ထက် အရင်တွေရော နောက်မှပေါ်တာတွေရော ဘာနာမည်မှတောင်မရှိတော့သလောက်ပဲ ။ တစ်ချို့ဆိုပျောက်တောင်သွားပြီ ဒီတစ်ခု ဘဲ အဆင်ပြေနေတာ နော် ။

ဟုပေါ့နော်။ ဘယ်တက်နိုင်မလဲ ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှလည်း အတက်ကြိုမပြောတော့
အဲ့ခေတ် အဲ့ခြေနေ ဖုန်းတစ်လုံးဝယ်နိုင်ခဲ့တာကိုက တန်လှပါပြီ ဒိုမီရာ။
!PIZZA


@domelay! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza (7/10)