စာအုပ်​စာ​ပေ

in #reader7 years ago

အများကြီးတော့ လက်ရှောင်နေပါတယ်၊
ကိုယ့်ဘာသာ ကလေးထိန်းလိုက်၊ စာအုပ်ရောင်းလိုက်နဲ့ပဲ ပျော်အောင်နေတယ်။
နိုင်ငံရေးနဲ့ ပတ်သက်ပြီး အမေစုကို သနားတာက လွဲရင် မျှော်လင့်ချက်တွေလည်း မဲ့လှပြီ။
စိတ်ထဲရှိတဲ့အတိုင်းပြောမိပြန်ရင် အကြည်ညိုပျက်စေမှုနဲ့ ညားဦးမယ်။
image
တစ်ပြားသားမှ မကြည်ညိုပေမယ့် R2Pဆိုပြီး ပျော်နေကြတဲ့ ဟာတွေကိုလည်း နားကလောလို့ ဝင်ပြောလိုက်ဦးမယ်။
Responsibility to Protect (R2P) ပေါ့။
လူမျိုးတုံးသတ်ဖြတ်မှု Genocide တွေ ကျူးလွန်တဲ့အတွက် စစ်ရေးအရ ဒဏ်ခတ်မှုလို့ အလွယ်ဆိုပါစို့။
ဟာ.... ဟိုလူတွေတော့ မြွေခြောက်ကိုက်ပြီ
ပျော်တယ်ဟဆိုပြီး အလွယ်ပျော်နေကြလို့ ပြောပါရစေ။

R2P က တကယ်ဖြစ်လာဖို့ ပြောသလောက် မလွယ်ပါဘူး။
ဖြစ်လာရင်လည်း အထိနာမှာ ဟိုလူတွေထက် အစိုးရနဲ့ ပြည်သူက ပိုအထိနာမယ်လို့ပဲ မြင်မိတယ်။
R2P လာပြီဆိုပါစို့။ မလာခင်တောင်မှ အားနေရင် ကာလုံခေါ်ပါ အော်နေတာ။ ကာလုံခေါ်ရင် အစိုးရရဲ့ အာဏာ တစ်စိတ်တစ်ပိုင်းကို လွှဲအပ်ရမယ်။
အစကတည်းက သိပ်မရှိတဲ့ အာဏာ ထပ်လွှဲရမယ်။
အခြေအနေတွေက ဘယ်လောက်ထပ်ဆိုးမယ် ပြောလို့မရဘူး။ အရင်ကထက် ပိုဆိုးတဲ့ အခြေအနေတွေ ရောက်သွားနိုင်တယ်။

အသေအချာတွေးပါ။ R2Pကို ဘယ်သူတွေက ဖိတ်ခေါ်ပြီး ဘယ်သူတွေက ပျော်နေမလဲဆိုတာ။
အဲ့ဒါကို ရှင်တို့က ဘာလို့ အားအားယားယား ဝင်ပျော်နေကြတာတုန်း။ ပေါတောတောနဲ့။

R2P ကြောင့် ဘယ်နိုင်ငံတွေ ပိုကောင်းသွားဖူးလဲ။
စစ်ဘေးဒုက္ခဆိုတာ ပြည်တွင်းစစ်တောင် ဒီလောက်ဖြစ်နေတာ၊ အခြားစစ်မက်ရေးရာကိစ္စတွေမှာ ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်မလဲ။

အခြားလစ်ဗျဲတွေ ဘယ်တွေမြင်လဲတော့ ကိုယ်မသိဘူး။
၈၈တုန်းက ပြည်သူတွေကို ပက်ပက်စက်စက်သတ်ခဲ့ ဖိနှိပ်ခဲ့တဲ့ စစ်အစိုးရကိုတောင် R2မPခဲ့ဘဲ
ခိုးဝင်ဘင်္ဂလီကိစ္စမှ ထR2Pတာကြီးကို
သူတို့က မြန်မာနိုင်ငံကို သိပ်စေတနာရှိတယ် ဘာလို့ထင်နေကြသလဲ ကိုယ်ကတော့ ဉာဏ်မမှီဘူး။

R2P ဖြစ်အောင် လုပ်တဲ့လူတွေကလုပ်တယ်။
R2Pဖြစ်လာမယ်ကြားတော့ ဖြစ်အောင်လုပ်တဲ့လူတွေကို မုန်းပါတယ်ဆိုသူတွေက ဘုမသိဘမသိ ဝင်ပျော်နေကြတယ်။

ဗရမ်းဗဒါတွေပါဟယ်
အကုန်သေသွားကြလည်း အေးတာပါပဲ
☹️☹️

Sort:  

R2P
ဆိုတာဘာကိုပြောတာလည်းအကို မသိလို့နော်
အကို့အရေးအသားတွေကြိုက်ပါတယ်