တန်​ဖိုးထားတတ်​​စေရန်

in #steembasicincome6 years ago

TMPDOODLE1525352583984.jpg

နည်းပညာ​ရေစီး​ချောင်းအရှိန်​အဟုန်​ကားပြင်းထန်​လှသည်​။တစ်​ခုနှင့်​တစ်​ခုအပြိုင်​အဆိုင်​​တွေလုပ်​ကြရင်းတစ်​နှစ်​အကြာမ​ပြောနှင့်​တစ်​လအတွင်းမှာပင်​​တော်​​တော်​ကွာခြားသွားသည်​။ကျွန်​​တော်​ honor 4x ဖုန်း​လေးနှင်​​တော်​​တော်​ကြာကြာအသုံးပြု​နေရာမှလိုအပ်​ချက်​ကြီးမားလာသည့်​နည်းပညာ​ရေစီး​ချောင်းကိုအမီလိုက်​ရန်​ redmi note5​ပြောင်းကိုင်​လိုက်​သည်​။ဝယ်​ပြီးတစ်​ပတ်​မကြာပါ​နောက်​ထပ်​​မော်​ဒယ်​တစ်​မျိုးတးထပ်​​ပေါ်လာပြီးကျွန်​​တော့်​ဖုန်း​ဈေးမှာနှစ်​​သောင်းခန့်​ကျဆင်းသွားသည်​။သူငယ်​တစ်​​ယောက်​​ပြောသလိုဖုန်းတစ်​လုံးဝယ်​ပြီးရင်​​နောက်​ထပ်​​ပေါ်လာမယ့်​​မော်​ဒယ်​​တွေကိုထပ်​မကြည့်​နဲ့ငါတို့တတ်​နိုင်​တာငိုတာပဲရှိတယ်​တဲ့။ကျွန်​​တော်​တို့လိုသာမန်​လူလတ်​တန်းစားများအဖို့​က​ရောင့်​ရဲမှုရှိနိုင်​မှ​တော်​ကာကျမည်​ဖြစ်​သည်​။
နည်းပညာတိုးတတ်​လာသည်​နှင့်​အမျှ​ကောင်းကျိုးအပြင်​ဆိုးကျိုးများပါလာပြီဖြစ်​သည်​။အဓိက က​တော့ social media အ​ပေါ်လူ​တွေအလွန်​အကျွံအသုံးပြုမှု​တွေဖြစ်​သည်​။social media ကိုဘဝလို့ထင်​လာကြသည်​။ဖြစ်​သမျှအ​ကြောင်းအစုံအလင်​အကုန်​တင်​သည်​။ထမင်းစား​ရေ​သောက်​သည့်​ကိစ္စကအစမလိုအပ်​သည့်​အ​ကြောင်းအရာများပါပါလာသည်​။တစ်​ဖက်​ကအခွင့်​​ကောင်း​စောင့်​​နေ​သောဒုစရိုက်​သမားများက​စောင့်​ကြည့်​​နေသည်​ကိုသတိမထားကြ​ပေ။အပန်း​ဖြေမှုအတွက်​အချိန်​သတ်​မှတ်​ပြီးအသုံးပြုသင့်​သည်​။အပြင်​လူမှူ့ဘဝတွင်​သာအချိန်​​ပေးပြီး​နေသင့်​သည်​။မိမိတို့မိသားစုမိတ်​​ဆွေများနှင့်​​နေသင့်​သည်​။ကျွန်​​တော်​လည်းစသုံးကာစအ​တော်​ကိုစွဲစွဲလမ်းလမ်းဖြစ်​ကာသုံးခဲ့သည်​။အသုံးပြုတာကြာလာသည်​နှင့်​အမျှအချိန်​ကုန်​၊​ငွေကုန်​ဖြစ်​လာပြီးကိုယ်​ကိုကိုယ်​ပြန်းထိန်းရမည့်​အ​ခြေအ​နေ​ရောက်​လာသည်​။နောက်​ပိုင်းအချိန်​သတ်​မှတ်​ပြီးသုံးလာသည်​။အခု​နောက်​ပိုင်း​တော့အကျင့်​ဖြစ်​သွားပြီဖြစ်​သည်​။
TMPDOODLE1525352623314.jpg
facebook ကစွန့်​ခွာပြီး​နောက်​ပိုင်း steemit သာအသုံးများလာသည်​။ steemitကpostများသည်​အထိန်းအကွပ်​ရှိ​သော​ကြောင့်​facebookလိုပရမ်းပတာမဟုတ်​သည့်​အတွက်​သုံးရသည်​မှာစိတ်​ချမ်းသာလှသည်​။နောက်​တစ်​ကကိုယ့်​အတွက်​ကိုယ်​ကြိုးစားလျှင်​ကြိုးစားသ​လောက်​အကျိုးအမြတ်​ရှိသည့်​အတွက်​ဖြစ်​သည်​။facebook မှာလူသိများလျှင်​ cele ဖြစ်​ရုံသာရှိမည်​။steemit တွင်​လူသိများပါက ကိုယ့်​အတွက်​အကျိုးများလှသည်​။
နည်းပညာသည်​လည်းသုံးတတ်​လျှင်​​ဆေးဖြစ်​သလိုမသုံးတတ်​လျှင်​​ဘေးဖြစ်​မည်​ဖြစ်​သည်​။အခုချိန်​တွင်​အင်​တာနက်​​ပေါ်တွင်​နည်းပညာမျိုးစုံကို​ငွေ​ကြေးတစ်​စုံတစ်​ရာ​ပေးစရာမလိုပဲအင်​တယနက်​အသုံးပြုခတာမိမိဖက်​မှကျသင့်​ရုံဖြင့်​သင်​ယူ​နေနိုင်​ပြီဖြစ်​သည်​။မိမိဖက်​မှ International Language ဖြစ်​တဲ့ Englishစာကို​တော့ကျွမ်းကျင်​စွာတတ်​​မြောက်​ထားဖို့လိုအပ်​ပါတယ်​။မိမိတို၏အကျိုးရှိသည့်​အချိန်​​တွေကို အကျိုးမဲ့မကုန်​ဆုံး​စေပဲတန်​ဖိုးရှိ​အောင်​အသုံးချကြပါလို့တိုက်​တွန်းရင်းအဆုံးသတ်​လိုက်​ပါတယ်​။

@naylinn
MSU 009

Sort:  

You got a 7.59% upvote from @nado.bot courtesy of @naylinn!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

You got a 7.79% upvote from @dailyupvotes courtesy of @naylinn!

Please upvote this comment to support the service.

Good bro

အချိန်​​တွေက တန်​ဖိုးရှိတယ်

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu