ငပိ

in #writing6 years ago

ကြုံကြရ ဘုံဘဝက ငပိဒုက္ခ (ဒေါက်တာခင်မောင်ညို)
(၅ နှစ် ခန့်က)
234 ကြိမ် မှတ်ချက်ပေးထားသည်
15 Views

“ကိုဘသစ် နက်နက်စောစောကြီးဘယ်ကလှည့်လာတာလဲ”

“မော်လမြိုင်ကပြန်လာတာပါ။ ကျုပ်ဘကြီးတစ်ယောက်နေမကောင်းလို့သွားကြည့်တာ၊ဘကြီးကအသက် ၈၁ နှစ်ရှိပြီ”

“အခြေအနေဘယ်လိုရှိလဲ”

“ကောင်းသွားပါပြီ။ ဘကြီးတို့က ခြံထဲမှာနေတော့လေကောင်းလေသန့်ရတယ်။သန်သန်မာမာဆိုပေမဲ့ ဘကြီးစကားနဲ့ဆိုရင် ဇရာထောင်းတော့ ဘယ်ဟာမှမကောင်းဘူး ကွ လို့ပြောရမှာပဲ”

“အင်းဇရာကိုညာလို့မရဘူး”

“ဒါနဲ့ဘာသတင်းထူးသေးလဲ”

“ခင်ဗျားပြောတဲ့ ငပိကိစ္စတော့ထူးတယ်ဗျ၊ MRTV ကသတင်းတွေထုတ်ပြန်တယ်”

“ဟုတ်လား၊လုပ်စမ်းပါဦး”

“သူတို့ဟာ ဧရာဝတီတိုင်းရန်ကုန်တိုင်းစတဲ့ ငပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကိုပို့သတဲ့”

“ဓာတ်ခွဲခန်းပို့လည်း ယူရီးယားတွေ့မှာပဲပေါ့”

“မတွေ့ဘူးတဲ့၊ ငပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယားတွေ့တယ်၊ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယားဓာတ်မြေသြဇာထည့်ထားတာ ဖြစ်ရမယ်ပေါ့။ တကယ်လို့ ငပိဟူသ၍ ယူရီးယားပါတယ်ဆိုရင် ကျန်တဲ့ ငပိ Sampleနှစ်ခုမှာလည်း ဒီလိုယူရီးယားကိုတွေ့ရမယ်လို့ဗအုပ်ခိုင်ကကောက်ချက်ချတယ်”

“ကိုဘအုပ်ခိုင်ကောက်ချက်ချတာကိုကြားတော့ ကျုပ်ဘကြီးပြောတာကိုသတိရတယ်”

“ကျုပ်မော်လမြိုင်သွားတယ်လေ၊ဘကြီးနေမကောင်းလို့သွားကြည့်တာ၊ကျုပ်ပြောပြတယ်မဟုတ်လား”

“ပြောပါတယ်”

“မော်လမြိုင်ရောက်တော့ဘကြီးကနေကောင်းနေပြီ၊ သူ့ကိုကြက်ပေါင်းရည်တို့ ငှက်သိုက်တို့ကို တိုက်တော့မသောက်ဘူး။ဒါနဲ့ ဘကြီးကိုမေးတာပေါ့။

‘ဘကြီး ၊ ဘာလို့ဒါတွေမသောက်လဲ”

“ဒါတွေက ဓာတုဗေဒပစ္စည်းတွေပါမယ်လေ”

“ဟင်ဘကြီးဘယ်လိုလုပ်သိလဲ”

“သိဆို ကြက်ပေါင်းရည်ဆိုတာ ခဏလေးထားရင်တောင် ပုတ်သွားတာပဲလေ။တစ်ညလောက်ကြာရင်သိုးသွားတာပဲ”

“ဒါနဲ့ကျုပ်လည်းဘကြီးကို ဒါတွေမတိုက်ရဲတော့ဘူး။ ကြာကြာခံအောင်လုပ်ထားတဲ့အစာဆိုတာ တစ်စုံတစ်ခုထည့်ရတယ်။ ဥပမာ ငါးဆားနယ်ဆိုကပါတော့ ဆားက မပုတ်အောင်လုပ်ထားတယ်။ ငါးသေတ္တာဆိုဆီက မပုတ်အောင်လုပ်ထားတာပေါ့”

“အင်းဒါကြောင့်မြန်မာဆိုင်က ဟင်းတွေဆီများတာပေါ့”

“ဟုတ်တယ်၊မြန်မာပြည်လိုပူတဲ့ ဒေသတွေမှာ ဟင်းတွေမှာ ဆီတွေအုပ်နေမှမပုပ်သိုးတာပေါ့။ရေခဲသေတ္တာထဲထည့်ပြီး ထားရင် နှစ်ရက်သုံးရက်တော့ခံတယ်။ Freezer ထဲထည့်ထားရင် ဒီထက်ကြာကြခံတယ်”

“ခင်ဗျားဘကြီးကခေါင်းမာတာပဲ”

“သူပြောတာမှန်ပါတယ်။ အမှန်တော့အန္တရာယ.်နည်းတဲ့ Sodium Benzoate လိုမျိုးကို အစားအသောက်တွေမှာ Food Preservative အနေနဲ့ခွင့်ပြုထားတယ်။ဒါပေမဲကအချို့ကျတော့လည်း ယမ်းစိမ်း (Soium Nirate )ကိုထည့်တယ်။ ဝက်အူချောင်းတို့မှာ ထည့်တာရှေးကတည်းကပဲ”

“ဘာမှမဖြစ်ဘူးလား”

“ကင်ဆာဖြစ်တာပေါ့။ဒါကလည်းများမှပါ။ ရှောက်ယိုတွေမှာကော့ပါးဆာလဖိတ်(ဒုတ္ထာ)ထည့်တာ လည်းအန္တရာယ် များတယ်”

“စိမ်းစိမ်းလေးဖြစ်အောင်ထည့်တာပဲမဟုတ်လား”

“မှန်ပါတယ်။ အစားအသောက်တွေမှာ Adulteration ဆိုတာ မျိုးတွေအများကြီးပါ”

“ဒါဆိုရင် ငပိမှာ ယူရီးယားမြေသြဇာထည့်တယ်ဆိုတာ ခင်ဗျားလက်ခံတာပေါ့”

“ဒါကိုကျွန်တော်ဘာမှ ကောက်ချက်မပေးလိုပါဘူး။အရင်အပတ်ကကျွန်တော်ပြောသလိုပါပဲ ငါးတွေရဲ့ကိုယ်ထဲမှာ ယူရီးယားတွေပါနေတယ်။ဒါကြောင့် ကျွန်တော်က ယူရီးယားကိုငပိမှာတွေ့ရင် ဓာတ်မြေသြဇာကြောင့်ဆိုတာမပြောနိုင်ဘူး လို့ပြောခဲ့တာပဲ”

“ဒါပေမဲ့ကိုဘသစ်ရ၊ ကိုဗအုပ်ခိုင်က သူတို့ဟာ ဧရာဝတီတိုင်းရန်ကုန်တိုင်းစတဲ့ ငပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကိုပို့တယ်။ငပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယားတွေ့တယ်၊ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယားဓာတ်မြေသြဇာထည့်ထားတာ ဖြစ်ရမယ်လို့ဗအုပ်ခိုင်ကကောက်ချက်ချထားတယ်”

“ဒါကြောင့်ပြောတာပေါ့၊ စောစောကစကားကိုပြန်ကောက်မယ်။ကျုပ်ဘကြီးကို အားဖြစ်စေတာတွေဘာတိုက်တိုက်မသောက်ဘူး။ဘကြီးက ‘ငါအားရှိပါတယ် မင်းဒီမှာကြည့်’ ဆိုပြီးခြံထောင့်ကိုခေါ်သွားတယ်။ ပြီးတော့ ဧရာမကျောက်တုံးကြီးကိုမပြတယ်”

“သူကျောက်တုံးကြီးကိုမပြတယ်ဟုတ်လား”

“ဟုတ်တယ်။ဒါပေမဲ့ကျောက်တုံးကြီးကိုသူမမနိုင်ဘူး”

“ဒါဆိုသူအားရှိတယ်ဆိုတာမှားနေတာပေါ့”

“ဒါပေမဲ့သူကပြောတယ်။ ‘ ဟေ့ ဒီမှာတွေ့လး။ ဒီကျောက်တုံးကိုငါ ၁၈ နှစ်သားကလည်းမ,မနိုင်ဘူး။ခုလည်းမ, မနိုင်ဘူး။ ငါ ၁၈ နှစ်သားလောက်အားရှိတုန်းပဲ’ တဲ့”

“ဟားဟား၊ သူ့လောဂျစ်ကလဲ တစ်မျိုးကြီးပဲ”

“ဒါကြောင့်ပြောတာပေါ့။ မတွေ့တာမဖြစ်တာ စောစောက ဘကြီး မ,မနိုင်တာတွေကို ကောက်ချက်ချလို့မရဘူး။ သူတို့ တကယ်လို့ ငပိဟူသ၍ ယူရီးယားပါတယ်ဆိုရင် ကျန်တဲ့ ငပိ Sampleနှစ်ခုမှာလည်း ဒီလိုယူရီးယားကိုတွေ့ရမယ် လို့ပြော တယ်။ ဒါဟာဖြစ်နိုင်သလိုမဖြစ်လည်းမဖြစ်နိုင်ဘူး။ယူရီးယားဟာ ကြာလာရင်အမိုးနိးယားနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်သွား တယ်။ နောက်ပြီးယူရီးယားကို ဘက်တီးရီးယားအချို့ကလည်းစားသုံးတယ်”

“ဒါဆိုသူတို့ကောက်ချက်တွေဟာမှားနေတာပေါ့”

“သိပ္ပံစကားနဲ့ပြောရင်တော့ မသေချာတဲ့ကောက်ချက်ပေါ့။တောင်ပေါ်မှာလူသုံးယောက်ကိုတွေ့တယ်။တစ်ယောက်ပဲဘုရားရှိခိုးတယ်ဒါကြောင့်ကျန်တဲ့နှစ်ယောက်ကဗဒ္ဓဘာသာဝင်မဟုတ်ဘူး ဆိုတဲ့ကောက်ချက်လိုမျိုးပါ”

“ဒီလိုကောက်ချက်ချရင်မှားလား”

“မှားနိုင်ပါတယ်။ ခုဟာက မြန်မာတစ်မျိုးသားလုံးစားသောက်နေတဲ့ ငပိကိစ္စကိုပြောတာကြောင့်သတိထားဖို့ပြောတာပါ။ ဓာတ်ခွဲခန်းကတော့ပါမပါအဖြေထုတ်ပေးတာပဲ၊ ဒါပေမဲ့တစ်ခါတစ်ခါ ဘယ်လောက်ပါတာကိပဲစမ်းလို့ ရမယ်ဆိုတာမျိုး လည်းရှိတယ်။အချို့ငပိလုပ်ရင် အူတွေကလီစာတွေကိုမထုတ်ဘူး။ အချို့က အူတွေကလီစာတွေထုတ်တယ်။ မတူဘူး။ အူကလီစာတွေပါရင် ငပိတွေထဲမှာယူရီးယားတွေများနေမှာအသေအချာပဲပေါ့”

“ဒါဆိုရင်ငပိကိုစားသုံးဖို့သင့်တယ်ပေါ့”

“ကျုပ်ကအဲဒါကိုပြောချင်တာမဟုတ်ဘူး။ လွဲမှားနေတဲ့ လောဂျစ်တွေအယူအဆတွေနဲ့ မှားတဲ့ကောက်ချက်တွေမချမိဖို့ပါ။ သိပ္ပံပညာမှာ မှန်ကန်တဲ့ကောက်ချက်တွေချလို့ ခုလိုကမ္ဘာကြီးတိုးတက်လာတာပါ။ ခင်ဗျားကိုဒီအကြောင်းတွေ ပြောပြရဦးမယ်”

“ပြောပါဗျာ၊ ခင်ဗျားဘကြီးလိုပြောချင်တာက ကျုပ်ဟာ သိပ္ပံပညာကိုအရင်ကလည်း နားမလည်ဘူး။ခုလည်းနားမလည်ဘူး၊ ဒါကြောင့် ကျုပ်က ငယ်ငယ်ကလိုပဲခုထိပညာတော်နေတာ”

“ဟားဟားဟား”Screenshot_20181205-212104.jpg

Sort:  

Congratulations @kotinmgthein! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published your First Post
You got a First Vote
You made more than 10 upvotes. Your next target is to reach 50 upvotes.
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!